ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အီရန်သမ္မတ လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ သမ္မတအခြေအနေ မသိရသေး

Dawei Watch

May 20, 2024

အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးများလိုက်ပါလာသော ရဟတ်ယာဉ် မေလ ၁၉ ရက်နေ့က ပျက်ကျကြောင်း CNN သတင်းတွင် ဖော်ပြသည်။ သမ္မတ ရိုင်စီသည် အီရန်နိုင်ငံအနောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သော အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျမှုတွင် ပါဝင်သော သမ္မတနှင့် ဝန်ကြီး အခြေအနေများ မသိရသေးပေ။ ရာသီဥတုဆိုးဝါးနေပြီး မြူထူထပ်နေစဉ် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာမတွေ့သေးကြောင်း သတင်းတွင် ဖော်ပြသည်။ ရဟတ်ယာဉ် ပျက်ကျမှုကို ရှာဖွေရေးအမြန်လုပ်ဆောင်နေကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ ရာသီဥတု ဆိုးရွားနေသဖြင့် ရှာဖွေရေးနှောင့်နှေးနေဆဲဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျပြီး နာရီများစွာ ကြာသည်အထိ မတွေ့ရှိရသေးပေ။ ထို့ကြောင့် ရဟတ်ယာဉ်၏ တည်နေရာနှင့် သမ္မတတို့၏ အခြေအနေများကို အတည်မပြုနိုင်သေးဘဲ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးကြောင်း […]

တိုင်းနှင့် ပြည်နယ်သုံးခုတွင် ယခုလအတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၁၀ကျော်သေဆုံး

Dawei Watch

May 19, 2024

တိုင်းနှင့် ပြည်နယ်သုံးခုတွင် ယခုမေလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတတ်သည့်စစ်လက်နက်အကြွင်းအကျန်တို့ကြောင့် လူ ၁၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ယခုလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။ သေဆုံးဒဏ်ရာရရှိရာတွင် ကလေးငယ် ၁၀ကျော် ပါဝင်နေပြီး ထိခိုက် ဒဏ်ရာရသူများတွင် ခြေထောက်ဆုံးရှုံးသူ များသည်ကို တွေ့ရသည်။ ရှမ်းမြောက်က မန်တုံ၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီမြို့နယ်များနှင့် ရှမ်းတောင်က ဆီဆိုင်၊ ပင်လောင်းမြို့နယ်တို့တွင် မြေမြှုပ်မိုင်းကြောင့် ခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများနှင့် တိုင်းရင်းသား လက်နက်ကိုအဖွဲ့အချို့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ရခိုင်ပြည်နယ်က ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူ၊ […]

ရန်ကုန်မှ မြိတ်သို့လာလျှင် တည်းခိုမည့်ရပ်ကွက်ကို ခရီးသွားထောက်ခံစာတွင် ဖော်ပြရမည်ဟုဆို

Dawei Watch

May 19, 2024

လေကြောင်းဖြင့် ရန်ကုန်မှ မြိတ်သို့လာမည့် ခရီးသွားများအနေဖြင့် တည်းခိုနေထိုင်မည့်ရပ်ကွက်အမည်ကို ခရီးသွား ထောက်ခံစာတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြ ယူဆောင်လာရမည်ဟု ညွှန်ကြားထားကြောင်း လေယာဉ်လက်မှတ် ရောင်းသည့် အေဂျင့်အချို့ထံမှ သိရသည်။ လေကြောင်းလိုင်းများမှတစ်ဆင့် ပေးပို့လာသည့် ညွှန်ကြားချက်တွင် မေလ ၈ရက်နေ့မှစကာ ခရီးသည်များအနေဖြင့် မိမိနေထိုင်သည့် ရပ်ကွက်ရုံးတွင် ခရီးသွားထောက်ခံစာယူချိန်၌ မြိတ်မြို့တွင်နေထိုင်တည်းခိုမည့် ရပ်ကွက်နှင့် နေရာကိုပါ ဖော်ပြပါရှိရမည်ဟု ညွှန်ကြားထားကြောင်း ၎င်းတို့က ပြောသည်။ သို့သော် တနင်္သာရီတိုင်းမှတ်ပုံတင် (၆/မျဉ်းစောင်း) ကိုင်ဆောင်ထားသူများမူ အကျုံးမပါကြောင်း ၎င်းတို့က ဆိုသည်။ “မြန်မာအမျိုးသားလေကြောင်းလိုင်းက တရားဝင်ကို ညွှန်ကြားထားတာပါ။ ရန်ကုန်ကနေ မြိတ်ကိုလာတဲ့ သူတွေအနေဖြင့် ထောက်ခံစာမှာ တည်းမယ့်နေရာ အချက်အလက်ဖြည့်လာပေးဖို့ပေါ့။ မဖြည့်လာလို့ ကွင်းရောက်တဲ့အခါ စစ်ဆေးရင် လာတဲ့ ဧည့်သည့်တွေမှာပဲ အခက်တွေ့နိုင်တယ်”လို့ အမည်မဖော်လိုသည့်လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက ပြောသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 18, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၁၀ခုမြောက်မြို့နယ်အဖြစ် ဘူးသီးတောင်မြို့ကို AA သိမ်းယူ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့ကို ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နေ့မှာ သိမ်းယူလိုက်ပါတယ်။ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလို့ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို AA က သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် အခုသီတင်းပတ်အတွင်းမှာတော့ ဘူးသီးတောင်မှာ ကျန်ရှိနေသေးတဲ့ ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံ တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် […]

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်၍ အရပ်သား ၂ ဦးသေဆုံး

Dawei Watch

May 18, 2024

အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဖက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အနီးအနားရှိကျေးရွာများကို ပစ်ခတ်ခဲ့သလို MI2 ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရသိရသည်။ စကခ ၈ သည် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၀ ခုနှင့် အမြောက်တပ်များကို စီမံကွပ်ကဲရပြီး ယင်းဌာနချုပ်သည် စစ်ကောင်စီအရာရှိအများစု နေထိုင်သည့်နေရာဖြစ်သည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ဆန်များသည် ထားဝယ်မြို့နယ်အတွင်းရှိ တလိုင်းတောင်ရွာ၊ တောင်ပို့ရွာနှင့် ကသန်းရွာတို့တွင် ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” တောင်ပို့ရွာက အုတ်ဖိုမှာလက်နက်ကြီးကျတယ်။ မိသားစုသုံးယောက်မှာ အဖေနဲ့သမီး ကျည်ထိပြီးဆုံးသွားတယ်။ အမေကတော့ဒဏ်ရာရတယ် “ ဟု တလိုင်းတောင်ရွာသားတစ်ဦးက ပြောသည်။ ယင်းအပြင် တောင်ပို့ကျေးရွာတွင် နောက်ထပ် အမျိုးသမီးနှစ်ဦးလက်နက်ကြီးထိမှန်၍ […]

ဘူးသီးတောင်မြို့ကို သိမ်းယူလိုက်ပြီဟု AA ထုတ်ပြန်

Dawei Watch

May 18, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာဌာနချုပ် အပါအဝင် တပ်စခန်းအားလုံးကို ယနေ့ မေလ ၁၈ ရက် မွန်းတည့်ပိုင်းတွင် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် – စကခ (၁၅) နဲ့ လက်အောက်ခံ တပ်ရင်းလေးခုကို ဧပြီလကုန်နဲ့ မေလဆန်းပိုင်းမှာ AA က သိမ်းယူခဲ့သည်။ ယင်းနောက် ကျန်ရှိသည့် ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို ယနေ့ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မေလ ၁၃ ရက်တွင် နခခ (၃) ၊ မေလ ၁၄ရက်တွင် ခြေမြန်တပ်ရင်း ခမရ […]

KNU တပ်မဟာ ၄ တပ်ရင်း ၁၀ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦးသေဆုံး

Dawei Watch

May 18, 2024

KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) က ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော်နှင့် ရဲဘော်နှစ်ဦး မေလ ၁၇ ရက် နံနက်ပိုင်းက ထားဝယ်အရှေ့တောဒေသတွင် သေဆုံးကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ကျောက်မဲတောင်စခန်းအနီး လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်စစ်ကြောင်း တက်လာမည့် လမ်းကြောင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့် ဒုတပ်ရင်းမှူး သေဆုံးခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “တက်လာမယ့် ရန်သူစစ်ကြောင်းကို ဖြတ်တောက်ရန်အတွက် လက်နက်ကြီးကျည်ကိုထောင်တဲ့အချိန် မတော်တဆ ပေါက်ကွဲတယ်။ ပေါက်ပြီးတော့သူလည်းထိတယ်။ သူလည်းဆုံးတယ်၊ သူ့တပည့်နှစ်ယောက်လည်း ဆုံးတယ်” ဟု ၎င်းက ပြောသည်။ ဗိုလ်မှူးလားထော်နှင့်အတူ သေဆုံးခဲ့သည့် ရဲဘော်နှစ်ဦး၏ ရာထူးနှင့် အမည်အသေးစိတ်ကို မသိရသေးကြောင်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

May 17, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှား ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံး အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲတဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၇ ဦးအထိ သေဆုံးခဲ့ပါတယ်။ ရေကြီးမှုနဲ့အတူ အေးခဲနေတဲ့ ချော်ရည်တွေပါ စီးဆင်းလာခဲ့တာပါ။ ဒါကြောင့် လူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့ညက နာရီပေါင်းများစွာ မိုးတွေအဆက်မပြတ် ရွာသွန်းလို့ Marapi မီးတောင်ကနေ ချော်ရည်အအေးတွေ စီးဆင်းခဲ့တာပြီး ဂျာဗားကျွန်းအနောက်ပိုင်းက ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။ […]