တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
May 4, 2024မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်နေ့အထိ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ် လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ကောင်စီဟာ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အမျိုးသားအလုပ်သမား အလုပ်ခေါ်စာတင်သွင်းမှုကို မေလ ၂ရက်နေ့ကစလို့ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အမျိုးသမီးအလုပ်သမားတွေကိုပဲ လက်ခံတော့တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက ဆိုပါတယ်။ လက်ရှိမှာ အလုပ်ခေါ်စာ ရရှိထားသူတွေကတော့ ပြည်ပထွက် အလုပ်လုပ်ခွင့်ရမှာပါ။ ဒီလိုပိတ်ပင်မှုမှာ အလုပ်အကိုင်အမျိုးအစားနဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားသူ အားလုံး အကျုံးဝင်သွား နိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီတွေက သုံးသပ်ကြပါတယ်။ အခုလို ပိတ်ပင်မှုဟာ ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ခွင့်ရဖို့ အချိန်ပေး ငွေကုန်ကြေးကျ […]


