ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာဘီယာ သောက်သည့် ရဲဘော်များကို တအာင်းတပ်က ကြိမ်ဒဏ်ပေး

Dawei Watch

May 2, 2024

စစ်ကောင်စီ ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို မွေးနေ့ပါတီတစ်ခုတွင် ဝယ်ယူသောက်သုံးခဲ့ကြသည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်အပါအဝင် ပြစ်ဒဏ်များချမှတ်ကြောင်း တအာင်းတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။ တားမြစ်ထားသည့်ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့သည့် ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း တစ်လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်းတို့တွင် သန့်ရှင်းရေးလုပ်အားပေးရန် ယနေ့ မေလ ၂ရက်တွင် အမိန့်ချလိုက်ကြောင်း ဖော်ပြသည်။ သို့သော် ရဲဘော်ဦးရေကိုမူ ဖော်ပြထားခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျဆုံးစေရန်အတွက် ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် စစ်ကောင်စီထုတ်ကုန်များအား ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ကြရန် ပိတ်ပင်ထားမြစ်ထားကြောင်း တအာင်းတပ်မတော်ထံမှ သိရသည်။ PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့ခုနစ်မြို့နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးသည်ကို […]

တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို ပကဖ တပ်စုတစ်ခုက တားဆီး

Dawei Watch

May 2, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တစ်ကိုယ်တော်ဆန္ဒပြသည့် သပိတ်အဖွဲ့ဝင်တစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်အောက်ရှိ တပ်စုတစ်ခုက တားဆီးခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုရဲသည် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မေလ ၁ ရက်က စစ်အာဏာရှင် အလိုမရှိကြောင်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ (လုံခြုံရေးအရ ကျေးရွာအမည်ကို မဖော်ပြခြင်း ဖြစ်ပါသည်) ရွာထဲတွင် ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်‌ဖော်နေချိန် ၅ မိနစ်ခန့်အကြာတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အောက်ရှိ ရွှေသောင်ယံတပ်စု (ဇုန်-၁) က တပ်ဖွဲ့ဝင်အချို့ ရောက်လာပြီး သပိတ်မထွက်ရန် တားဆီးခဲ့ကြောင်း ကိုရဲက ‌Dawei Watch ကို ပြောသည်။ “နင်ဒီလိုရွာမှာ ဆန္ဒဆက်ပြနေမယ်ဆိုရင် ဒီရွာကို (စစ်ကောင်စီတပ်က) မီးလာရှို့လိမ့်မယ်ပေါ့။ အဲဒီလိုသဘောမျိုး ပြောပြီးလာတားတာ” ဟု ၎င်းက […]

စမတ်ကတ်ရှိမှသာ ကော့သောင်း-ရနောင်း နယ်စပ်ဖြတ်ခွင့်ပေး

Dawei Watch

May 2, 2024

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရာတွင် စစ်ကောင်စီထုတ်ပေးသည့် စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ သာ နယ်စပ်ဖြတ်သန်းခွင့်ရတော့ကြောင်း ကော့သောင်းမြို့ခံအချို့ထံမှ သိရသည်။ မေလ ၁ ရက်နေ့မှစကာ ယင်းသို့ကန့်သတ်လိုက်ခြင်းဖြစ်ပြီး စမတ်ကတ်ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တွင် အထွက်တုံး ထုပေးခြင်းနှင့် TBP လက်မှတ် ထုတ်ပေးတော့ကြောင်း မြို့ခံများက ပြောသည်။ BP ဆိုသည်မှာ ၂ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၁၄ ရက်နေထိုင်ခွင့်ရှိကာ ကော့သောင်း အိမ်ထောင်စုရှိသူများကို ထုတ်ပေးထားသည်။ TBP ဆိုသည်မှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၇ ရက် နေထိုင်ခွင့်ရှိသည်။ အဆိုပါ TBPလက်မှတ်လုပ်ရာတွင် ယခင်က မှတ်ပုံတင်ရှိရုံဖြင့် ပြုလုပ်နိုင်သော်လည်း မေလ ၁ ရက်နေ့မှစကာ စမတ်ကတ်ရှိမှသာ ထုတ်ပေးတော့ကြောင်း […]

မောင်မယ်ရှောင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

Dawei Watch

May 2, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ် ယနေ့ မေလ ၂ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်ကညာ အခြေစိုက် စစ်ကောင်စီတပ်က စစ်ကောင်စီတပ်သားများသည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ်တွင် လာရောက်တပ်စွဲနေထိုင်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းတပ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက စစ်ဆေးရေးဂိတ်၏ အရှေ့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့ညနေကတည်းက စစ်သားတွေက တစ်ဖက်သတ်ပစ်နေတာ။ ဒီနေ့ မနက်မှ နှစ်ဖက်ပစ်တာ” ဟု ၎င်းက ပြောသည်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဇဟာရွာအခြေစိုက်စစ်ကောင်စီ၏ အမြောက်တပ်ရင်းကလည်း လက်နက်ကြီးများ ဖြင့် ပစ်ခတ်စစ်ကူပေးလာသည့်အတွက်ကြောင့် ဒေသခံအချို့မှာ […]

ထားဝယ်က ဘဏ်များတွင် တစ်ကျော့ပြန် ငွေထုတ်ရခက်ခဲလာ

Dawei Watch

May 2, 2024

ထားဝယ်မြို့ရှိ ပုဂ္ဂလိဘဏ်များတွင် လှည့်ပတ်သုံးစွဲနေသည့် ‌ငွေသားလက်ကျန်နည်းပါးနေသဖြင့် ပိုက်ဆံထုတ်ယူရ ခက်ခဲလာကြောင်း ကိုယ်တိုင် ငွေထုတ်ယူခဲ့သည့် ‌မြို့ခံအချို့က ပြောသည်။ ငွေကျပ်ဆယ်သိန်းဝန်းကျင်မျှကိုသာ ထုတ်ယူရလွယ်ကူပြီး သိန်းငါးဆယ်၊ တစ်ရာဆိုပါက ထုတ်ယူရခက်ခဲလာကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်သိန်းတစ်ရာ ထုတ်ယူလိုပါက တစ်ရက်လျှင် သိန်းသုံးဆယ်ကျော်ဖြင့် သုံးရက်စောင့်ပြီး ထုတ်ယူနေရ‌ကြောင်း ကိုယ်တိုင်ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။ “လုံးဝမထုတ်ပေးတာတော့မဟုတ်ဘူး။ ငွေများရင် အခုလွှဲ အခုထုတ် မရဘူး။ သုံးလေးခါခွဲပြီး ထုတ်ပေးတယ်။ စောင့်ရကြတာပေါ့။ အရေးတကြီးလိုရင် အခုလို အခုမရဘူး” ဟု ဧပြီလ ၃၀ ရက်က ငွေသွားထုတ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အပ်ငွေနည်းပြီး၊ ထုတ်ငွေများနေခြင်း တစ်နည်းအားဖြင့် ငွေသားအဝင်နည်းပြီး ထုတ်ယူငွေသားပမာဏ များပြားနေခြင်းကြောင်း ပုဂ္ဂလိ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “လကုန်ရက်တွေဆိုရင် ပိုဆိုးတယ်။ […]

မွန် မြို့နယ်အချို့တွင် သောက်သုံးရေပြတ်လပ်

Dawei Watch

May 2, 2024

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် အကူအညီပေးနေသည့် ပရဟိတအဖွဲ့တို့ထံမှ သိရသည်။ မော်လမြိုင်၊ ဘီလူးကျွန်း၊ ပေါင်၊ ဘီးလင်း စသည့် မြို့နယ်တို့တွင် သောက်သုံးရေ ရှားပါးနေပြီး အထူးသဖြင့် ပင်လယ်နှင့် နီးသည့် နေရာတို့တွင် သောက်သုံးရေပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေကြရကြောင်း ၎င်းတို့က ပြောသည်။ “အဓိက ပင်လယ်ကမ်းစပ်ကရွာတွေ ရေလိုအပ်ချက်ရှိတယ်။ အဓိက သောက်ရေ ပြီးတော့ ချက်ပြုတ်ဖို့အတွက်ရေ လိုအပ်တယ်။ ပင်လယ်ကမ်းစပ်ဖြစ်တော့ သွားလာရေးကလည်း အခက်အခဲရှိကြတယ်။ ရေလှူတဲ့အဖွဲ့တွေကလည်း မရောက်” ဟု ရေလိုအပ်နေသည့် ရပ်ကွက်၊ ကျေးရွာတို့ကို အခမဲ့ လိုက်လံရေဖြန့်ဝေပေးနေသူတစ်ဦးက ဆိုသည်။ ရာသီဥတု အလွန်ပူပြင်းသည့်အတွက် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းရေကန်များ ခန်းခြောက်လာသလို ရေတွင်းရေကန် တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် […]

ကံပေါက်-နဘုလယ်လမ်း ဖြတ်တောက်ခံရ၍ ကျေးရွာ သုံးရွာထက်မနည်း လူမှုစီးပွားထိခိုက်

Dawei Watch

May 1, 2024

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်တိုက်နယ်တို့ကို ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးဖြတ်တောက်ပိတ်ဆို့လိုက်သဖြင့် ‌ဇာဒီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရှိ ဒေသခံများ၏ လူမှုစီးပွားထိခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ လမ်းပိုင်းဖြတ်တောက်ခံရသည့် ဇာဒီကျေးရွာအုပ်စုနှင့် ပရဒတ်ကျေးရွာအုပ်စုအကြားရှိ ခေါင်ပြန်၊ ဒိုက်တကော်နှင့် ခရင်းချောင်းရွာတို့က ဒေသခံများ အဓိက အခက်အခဲကြုံရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါကျေးရွာ သုံးရွာသည် ဥယျာဉ်ခြံလုပ်ငန်းအပြင် ဇာဒီချောင်းဝကို အမှီပြု၍ တံငါလုပ်ငန်း အဓိကလုပ်ကိုင်ကြပြီး ကံပေါက်ဈေးတွင် ဒေသထွက်ကုန်များ သွားရောက်ရောင်းချကြရကြောင်း ဈေးသည်များထံမှ သိရသည်။ “ကားတွေ သွားမရတော့ ဈေးတက် (ဈေးကို သွားလို့) မရတော့ဘူးလေ။ ပြီးတော့ ဈေးက ကံပေါက်နဲ့က ပိုနီးတယ်။ နဘုလယ်ဘက် ဈေးရောင်းဈေးဝယ်လုပ်ဖို့က ဝေးတယ်။ အရင်က ဆန်၊ ဆီပဲ သယ်ရခက်တာ အခုတော့ သွားလို့ပါ […]

ဘီးလင်း အင်္ဂဘိုအကျဉ်းစခန်း လက်ထောက်ညွှန်မှူး ပစ်သတ်ခံရ၊ ဇနီးဖြစ်သူ ဒဏ်ရာရ

Dawei Watch

May 1, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရွှေဖြူရော်ဘာအကျဉ်းစခန်းက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးစင်းအောင်သည် ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က ယက္ကန်းသည်မရွာထိပ်ရှိ ၎င်းပိုင်ဆိုင်သည့် စားသောက်ဆိုင်နှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တို့ တွဲဖွင့်ထားသည့် အိမ်ဆိုင်ထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့က ပြောသည်။ ဆိုင်ကယ်နှစ်စီးဖြင့် အရပ်ဝတ် အမျိုးသားလေးဦး လာရောက်ကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံ‌ရမှုကြောင့် ဦးစင်းအောင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သွားခဲ့ပြီး ဇနီးဖြစ်သူလည်း သေနတ်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ “အပစ်ခံရတာက သူ့ရဲ့အိမ်ဆိုင်မှာပဲ။ သူကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ သူ့မိန်းမလည်း ဒဏ်ရာရသွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို […]