ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလို

Dawei Watch

April 30, 2024

တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ရက်ရှည် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အကူအညီလိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေး အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်မှ ယနေ့ ၃၀ ရက်အထိ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သိန္ဓောကျေးရွာအုပ်စုနေ ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ မိုင်းသတ္တု၊ သူဌေးအရှေ့၊ ဘန်းပြည့်၊ ရွှေဒူး၊ ကျားခေါင်း စသည့်ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။ စစ်ဘေးရှောင် ၈၀၀ ကျော်ရှိသည့်အနက် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေခြင်းကြောင့် ၄၀၀ ကျော်ကိုသာ ကူညီပေးနိုင်သည့် အနေအထားရှိကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲကြားမှာ […]

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်လာပြီး ကံပေါက်-နဘုလယ်လမ်းကို ဘတ်ဟိုးဖြင့် ဖျက်ဆီးဖြတ်တောက်

Dawei Watch

April 30, 2024

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်ဒေသတို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် စစ်ကောင်စီက ဘတ်ဟိုးဖြင့် မြေတူးပြီး လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက ကားခြောက်စီး၊ ဘတ်ဟိုးတစ်စီးတို့ဖြင့် ရောက်ရှိ လာကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် လမ်းပိုင်းနေရာ နှစ်ခုတွင် လမ်းကို မြောင်းသဖွယ် ဖြတ်တောက်တူးသည့်အပြင် လမ်းဘေးနှစ်ဖက်က မြေကြီးများကိုပါ တူးပြီး လမ်းပေါ်တွင် ပုံကာ ပိတ်ဆို့ထားကြောင်း ၎င်းတို့က ဆိုသည်။ “မြေကြီးတွေတူးပြီး လမ်းမအလယ်မှာ စုပုံထားတယ်။ လောလောဆယ်က ကားတွေသွားမရဘူး ။ ဆိုင်ကယ်တွေ၊‌ ဘေးတွဲတွေကတော့ ခြံပတ်လမ်းတွေကနေ သွားနေရတယ်” ဟု ဇာဒီရွာက ဥယျာဉ်ခြံအလုပ်သမားတစ်ဦးကပြောသည်။ လမ်းဖြတ်တောက် ပိတ်ဆို့သည့်နေရာမှာ […]

ထားဝယ်တွင် လျှပ်စစ်မီးအပျက်များလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့်ပစ္စည်းများ ဝယ်သူမြင့်တက်

Dawei Watch

April 30, 2024

ရာသီဥတု ပူပြင်းချိန် ထားဝယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်လေ့ရှိလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ လဆန်းပိုင်းမှစတင်ကာ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု မကြာခဏ ရှိလာသည်။ ထို့ကြောင့် အင်ဗာတာ၊ ပါဝါဘန့်တို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်သုံး ပန်ကာများ၊ လျှပ်စစ်မီးသီးများ၊ ပါဝါဘဏ်၊ အင်ဗာတာ၊ ဘတ္ထရီ၊ ဆိုလာ စသည့်တို့ ရောင်းမလောက်ဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “အဲဒီပစ္စည်း (အင်ဗာတာ၊ ဘတ္ထရီအပါအဝင် ၎င်းတို့ဖြင့် တွဲသုံးရသော DC လျှပ်စစ်ပစ္စည်းများ) တွေက ရောက်တာနဲ့ ကုန်ဖြစ်နေတာ” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့တွင် လူသုံး မများသေးသည့် Power […]

တနင်္သာရီ၊ သကျက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလေးဆယ်ကျော်ကြဲချ

Dawei Watch

April 29, 2024

တနင်္သာရီမြို့နယ် သကျက်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၉) ညနေ ၃ နာရီကျော်တွင်လေကြောင်းဖြင့် ဗုံး ၄၃ လုံးကြဲချခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ သကျက်ရွာနှင့် ၂၅ မိုင်ခန့်အကွာက သန္ဒောရွာတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်သဖြင့် လေကြောင်းသုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ Mi -2 ရဟတ်ယာဉ်နှစ်စီးဖြင့် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ ဥယျာဉ်ခြံထဲသို့ ကြဲချသွားခြင်းဖြစ်ကြောင်း‌ ၎င်းတို့ကဆိုသည်။ “လယ်တွေနဲ့ ဥယျာဉ်တွေထဲကိုကျတာ။ ရွာထဲကိုတော့မကျဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။ ‌မွန်းလွဲ ၂ နာရီခန့်မှစပြီး သကျက်ကျေးရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားနေပြီး ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ ရဟတ်ယာဉ်ဖြင့် ဗုံလာကြဲသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ […]

တနင်္သာရီမြို့နယ် သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က ၇ ရက်ဆက် လေကြောင်းမှတိုက်ခိုက်

Dawei Watch

April 29, 2024

စစ်ကောင်စီတပ်စခန်းရှိသည့် တနင်္သာရီမြို့နယ်၊ သိန္ဒောရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း မြိတ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ သိန္ဒောရွာအခြေစိုက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ရန်ပြင်ဆင်နေချိန်တွင် စစ်ကောင်စီတပ်က သတင်းရပြီး ယင်းနေရာတစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယနေ့ ဧပြီလ ၂၉ ရက်တွင်လည်း စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်ကုန်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။ “သူတို့မြေပြင်စစ်ကူမရောက်တဲ့ အနေအထားမျိုးမှာ လေယာဉ်နဲ့ဗုံးကြဲတာဖြစ်မှာပေါ့၊ နှစ်ဖက်စလုံးမှာ တင်းမာမှုတွေရှိတယ်၊ ဆုံးရှုံးမှုတွေရှိတယ်၊ ကျဆုံးမှုတွေရှိတယ်” ဟု မြိတ်ခရိုင် အမှတ်-၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ […]

ကော့သောင်းမြို့တွင် ရေရှား၊ ရေပေးဝေရေးစီမံကိန်း အလုပ်မဖြစ်သေး

Dawei Watch

April 29, 2024

ကော့သောင်းမြို့တွင် သောက်သုံးရေ ရှားပါးနေပြီး ရေဈေးနှုန်းလည်း မြင့်တက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရေကားထံမှ ဝယ်ယူအသုံးပြုနေရသူတို့မှာ ရေလုံလောက်အောင် ဝယ်မရသဖြင့် အခက်အခဲဖြစ်နေကြောင်း မြို့ခံအချို့က ဆိုသည်။ “ရေကားက ကိုယ်လိုတဲ့အချိန်ဆို မရဘူး။ ရေကားအိမ်ရှေ့က ဖြတ်လာတာကို သီးသန့်ထိုင်စောင့်နေရတာ။ အခု (ရေ) မနည်းကို ချွေတာပြီး သုံးနေရတယ်” ဟု ၎င်းက မြို့ခံတစ်ဦးက ပြောသည်။ ရာသီဥတု အလွန်ပူပြင်းလာသည့် ဧပြီလဆန်းပိုင်းမှစပြီး ရေတွင်းများ ခန်းခြောက်လာသဖြင့် မှာယူသည့် ပမာဏအတိုင်း ရေ မပို့ပေးနိုင်တော့ကြောင်း ရေရောင်းချသူတစ်ဦးက ဆိုသည်။ “အရင်ကဆို တွင်းတွေက အလျှံအပယ်ထွက်တာ။ ကြိုက်သလောက်စုပ် မခန်းသွားဘူး။ ခဏနေ ပြန်ပြည့်တယ်။ အခုက တစ်ခါ စုပ်ပြီးရင် ပြန်ပြည့်ဖို့ကို မနည်းစောင့်နေရတယ်” ဟု ၎င်းက ပြောသည်။ […]

ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

April 29, 2024

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုတို့ကို ဧပြီလ ၂၈ ရက် ညနေပိုင်းက ဒရုန်းဖြင့် ‌ဗုံး သုံးလုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်တပ်မတော် (ပုလော) ၊ မြိတ်ခရိုင် တပ်ရင်း (၁) ထံက သိရသည်။ “မနေ့က ဒရုန်းစစ်ဆင်းရေးမှာ ပလစခန်းကို ၂ လုံး၊ တိုတောင်ကို ၁ လုံးကြဲခဲ့တယ်” ဟု မြိတ်ခရိုင်တပ်ရင်း (၁) ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။ တိုက်ခိုက်ခံရပြီးနောက် ပလရဲစခန်းတွင် လူနာတင်ယာဉ် အဝင်အထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ထိခိုက်မှုစာရင်းကိုမူ စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၁ ၊ T2 Drone team တပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ […]

မလွှဲတောင်ကို တစ်နေ့နှစ်ကြိမ် အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်ခွင့်ပြု

Dawei Watch

April 29, 2024

မွန်ပြည်နယ်ဘက်မှ တနင်္သာရီတိုင်းထဲသို့အဝင် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သင်္ကြန်ကာလနောက်ပိုင်း ကစ၍ တစ်နေ့နှစ်ကြိမ် အချိန်အကန့်သတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ကားသမားများနှင့် ခရီးသွားများထံက သိရသည်။ နံနက် ၈ နာရီခွဲဝန်းကျင်မှ ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။ “ကားကိုတော့ ဂိတ်ဖြတ်ခိုင်းတဲ့အချိန်ရောက်အောင် မောင်းရတာပေါ့။ သင်္ကြန်ကာလနောက်ပိုင်း လုံးဝ ဂိတ်ပိတ်ချတာ မျိုးတော့ မကြုံရသေးဘူး။ အချိန်နဲ့ပဲ ကန့်သတ်လိုက်တယ်” ဟု ထားဝယ်မြို့ခံ ခရီးသည်ယာဉ်မောင်းတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မလွှဲတောင်ဂိတ်ဖြတ်သန်းချိန်ကို တစ်ရက် ၈ နာရီသာ ခွင့်ပြုခဲ့ပြီး ယခုတစ်ဖန် အချိန်အကန့်သတ်ဖြင့် အကြိမ်ရေခွဲကာ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း ယာဉ်မောင်းများ ထံက […]