ရေဖြူ သဲချောင်းရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Dawei Watch
April 29, 2024ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ယင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။ ဧပြီလ ၂၅ ရက်တွင် သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် အသက် ၄ဝ ကျော်အရွယ် ဦးဝင်းကျော်ကို ပျူစောထီး အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက်တစ်ရက်အကြာ ဧပြီ ၂၆ ရက်ညတွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများကြောင့် သတိလစ်သွားသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဦးဝင်းကျော်ကို မိသားစုက မောရဝတီရေတပ်ဆေးရုံသို့ ပို့ဆောင်ရာတွင် လက်မခံသဖြင့် ကံပေါက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဦးဝင်းကျော်သည် စိတ်ကျန်းမာရေး ချို့ယွင်းနေသူဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ပျူစောထီးအဖွဲ့က ဖမ်းဆီးရိုက်နှက်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။ Dawei […]


