ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖာပွန် ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို KNLA နှင့် တော်လှန်ရေးအဖွဲ့များထိန်းချုပ်

Dawei Watch

April 26, 2024

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။ ခမရ ၄၃၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၂၅ ရက် တစ်ရက်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲယူ-မူတြော်က ထုတ်ပြန်သည်။ ဖာပွန်စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ Force for Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက မတ်လ ၁၉ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း MOD […]

ထိုင်းတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေ၊ ပတူနမ်ဈေးမှ မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

Dawei Watch

April 26, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယခုရက်ပိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး မြန်မာလုပ်သားအများအပြားလည်း ဖမ်းဆီးခံနေရသည်။ ရတ်ချ်ထေဝီနယ်မြေရှိ နာမည်ကြီး ပတူနမ်ဈေးတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် အလုပ်လုပ်ကိုင်နေကြကြောင်း သတင်းရရှိသဖြင့် လဝကရဲများက သွားရောက်စစ်ဆေးခဲ့သည်။ ဈေးထဲတွင် အိတ်ဆိုင်၊ ဖိနပ်ဆိုင်နှင့် အင်္ကျီဆိုင်များရှေ့တွင် နိုင်ငံခြားသားအလုပ်သမားများ ဈေးရောင်းနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ရဲတပ်ဖွဲ့များက အလုပ်လုပ်ခွင့်လက်မှတ်များ စစ်ဆေးခဲ့သည်။ ၎င်းတို့အနက် မြန်မာအလုပ်သမား ၁၂ ဦးနှင့် လာအိုအလုပ်သမား ၁ ဦး တရားမဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့ကို […]

ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီးသေဆုံးဟု မွန်နှင့်တနင်္သာရီတော်လှန်ရေးအင်အားစု များဆို

Dawei Watch

April 26, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူနှင့် ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူတို့သည် ဖမ်းဆီးခံထားရစဉ် လက်နက်လုထွက်ပြေးပြီး အပြန်အလှန်ပစ်ခတ်ရာမှ ၎င်းတို့ နှစ်ဦး သေဆုံးကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။ ကျုံညှဲရွာက ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး အဖွဲ့ဝင် ငါးဦးကို ဧပြီလ ၂၃ရက်က စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အထက်ပါအင်အားစုများက ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ အဖမ်းခံရသူများအနက် သုံးဦးမှာ သာမန်အဖွဲ့ဝင်များဖြစ်သဖြင့် ဖမ်းဆီးသည့်ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ပြည်သူ့စစ် ခေါင်းဆောင်နှစ်ဦးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တရားစီရင်ရေးဌာနသို့ အပ်နှံရန် ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။ ယင်းသို့ထိန်းသိမ်းထားစဉ် ဧပြီလ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးသည် လက်နက်လုယူထွက်ပြေး သောကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ၎င်းတို့နှစ်ဦး […]

ကော့ဘိန်းရွာဘက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 25, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းက ကော့ဘိန်းကျေးရွာထဲကို သေနတ် ပစ်ခတ်ပြီး ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရပြီး ရွာထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်သွားခဲ့သည့်အပြင် ဖမ်းဆီးရိုက်နှက်မှုများလည်းရှိကြောင်း ဒေသခံတို့က ပြောသည်။ “ရွာထဲကို စစ်တပ်တွေ ဝင်လာတော့ ရွာမှာ ကျန်ရှိနေတဲ့လူတွေ အကုန်ထွက်ပြေးရတယ်။ ရွာထဲကို ရမ်းသမ်းပစ်ခတ်ပြီး ဝင်လာတာ။ တွေ့တဲ့လူဆိုရင်လည်း ဖမ်းတယ်။ ရိုက်တယ်။ အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်” […]

MNDAA သေဒဏ်စီရင်မှု ဥရောပသမဂ္ဂက အပြင်းအထန်ရှုတ်ချ

Dawei Watch

April 25, 2024

ကိုးကန့်တပ် MNDAA က ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား သေဒဏ်စီရင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ MNDAA က လူ ၁၀ ဦးကို သေဒဏ်ချခဲ့ပြီး ယင်းအနက် သုံးဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရ‌ဖွယ်ရှိသည် ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဒဏ်စီရင်မှုကို မည်သည့်အခြေအနေမျိုးတွင်မဆို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း EU က ဆိုသည်။ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာအား အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်း ဖော်ြပသည်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသော နိုင်ငံတကာ စံနှုန်းများနှင့်အညီ […]

ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ

Dawei Watch

April 25, 2024

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။ အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆ ဦးမှာ ဒလန်ဖြစ်သည်ဟုဆိုကာ ရေးသားဖော်ပြထားသည့် စာရွက်ကို လာရောက်ချိတ်ဆွဲ ထားခြင်းဖြစ်သည်။ စာရင်းတွင်ဖော်ပြခံရသူများမှာ စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးနှင့် ဆက်စပ်သူများ၊ အရန်မီးသတ်၊ နဝတခေတ် အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူ တို့ပါဝင်ကြောင်း အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ စာကပ်ခံရသူများထဲမှ တစ်ဦးဖြစ်သည့် အုန်းပင်ကွင်းရွာ နာရေးကူညီမှု အသင်း တာဝန်ရှိသူ ဦးဇော်လတ်က ယင်းသို့မတရားစွပ်စွဲခံရမှုကြောင့် များစွာနစ်နာရကြောင်း အသင်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြေရှင်းခဲ့သည်။ ’ခိုင်လုံသည့်အထောက်အထား တစ်စုံတရာမျှမရှိဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ မုန်းတီးမှုကြောင့်သော်လည်ကောင်း၊ လူမှုရေး မကျေနပ်မှုကြောင့် […]

နှစ် ၃၀နီးပါးကြာ စစ်ကောင်စီတပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

Dawei Watch

April 25, 2024

ထားဝယ်မြို့နယ် ထီးခီးအနီး ထိုင်းနယ်စပ်တွင်ရှိပြီး နှစ်၃၀နီးပါးကြာ စစ်ကောင်စီတပ် တပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များ က ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ပြန်သည်။ KNU တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ မြိတ်-ထားဝယ်ခရိုင်တွင်ရှိသည့် မောထစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ စခန်းတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ပြသည်။ ၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ်၏ ခလရ (၁၉) တပ်ရင်းအခြေချခဲ့သည့် မောထစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) တပ်ရင်း-၁၂ ၊ တပ်မဟာ (၆) တပ်ရင်း-၂၇ နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက […]

MoU သက်တမ်းကုန် မြန်မာလုပ်သားများကို ထိုင်းအစိုးရက မြန်မာသို့ပြန်ပြီး သက်တမ်းတိုးခိုင်း

Dawei Watch

April 25, 2024

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအလုပ်သမား များ ယခုဧပြီလကုန် နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းနေသဖြင့် လူငယ်များ နိုင်ငံထဲက ထွက်ခွာတိမ်းရှောင်နေကြချိန် MoU အလုပ်သမားများကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်ခိုင်းနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်လုပ်ကိုင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်မည့် MoU အလုပ်သမားများကို ထိုင်းအစိုးရက ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီသက်တမ်းတိုး လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ယခုလကုန်တွင် ယာယီအလုပ်လုပ်ခွင့်ပြုထားသော သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နေရပ်ပြန်သက်တမ်းတိုးကြရန် ထိုင်းအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသို့ […]