ရေဖြူတွင် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
April 27, 2024ရေဖြူမြို့တွင် ဧပြီလ ၂၆ရက် ညနေပိုင်းက ဒုရဲအုပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ်ထမင်းဆိုင်အနီးတွင် ညနေ ၄ နာရီကျော်၌ ကုန်တင်ကားများထံမှ ငွေကြေး တောင်းယူနေစဉ် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ မူးယစ်ဆေးများ ဖမ်းဆီးရာတွင် ပါဝင်လေ့ရှိသည့် ရေဖြူရဲစခန်းမှာ ရဲဖြစ်ပြီး ရာထူးအတိအကျကိုမူ မသိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာသည် KTV လည်းရှိပြီး ဘောလုံးဟုခေါ်သည့် ပြည်ပသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့်သူများထံမှ ငွေကြေး တောင်းယူနေသည့်နေရာလည်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီနေရာက ရဲတွေ (ပိုက်ဆံ) တောင်းတဲ့နေရာပဲ” ဟု […]


