ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောင်မယ်ရှောင်ရွာထဲသို့ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခံရ

Dawei Watch

May 10, 2024

သမိုင်းဝင် ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားရှိသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်းသို့ မေလ ၉ ရက်ညက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခံရကြောင်း ဒေသခံများက ပြောသည်။ ဇာဟာရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်းက ည ၉ နာရီခန့်ကစပြီး လက်နက်ကြီးဖြင့် ခြောက်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီး ကျည်များမှာ မောင်မယ်ရှောင်ရွာ၏ အရှေ့ပိုင်း၊ အနောက်ပိုင်း နေရာအနှံ့သို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ နေအိမ်တစ်လုံး ကျည်ထိမှန်ပျက်ထိပျက်စီးကာ နွားတစ်ကောင်လည်း သေဆုံးကြောင်း ၎င်းတို့က ပြောဆိုသည်။ “မနဲကုန်း (အရပ်) မှာ အိမ်ပေါ်ကျတယ်။ လူက ပထမ တစ်လုံး (ပစ်) ကတည်းက အိမ်အောက်ဆင်းနေလို့ လွတ်သွားတာ။ နွားတစ်ကောင်လည်း သေတယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် […]

တနင်္သာရီ၊ သရက်ချောင်း၊ လောင်းလုံး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ကိုးဦးသေဆုံး

Dawei Watch

May 10, 2024

တနင်္သာရီမြို့နယ် သိန္ဒောစစ်ကောင်စီစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်း၊ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သည့် တိုက်ပွဲတို့တွင် တော်လှန်ရေးတပ်များဘက်က ကိုးဦးသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီမြို့နယ် သိန္ဒောရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်အထိ ၁၆ ရက်အကြာ တိုက်ခိုက်သည့် တိုက်ပွဲအတွင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) က တပ်ဖွဲ့ဝင် လေးဦး သေဆုံးကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူလည်း ခုနစ်ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီဘက်ကလည်း အယောက် ၂၀ ကျော် သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိကြောင်းလည်း ဖော်ပြသည်။ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်းနှင့် ကျောက်ဆည်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင်မူ တော်လှန်ရေး တပ်ဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦး မစိုးရိမ်ရ […]

ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် ကျောက်မဲတောင်စခန်း၌ ဖမ်းထားသော ဒေသခံလေးဦးကိုပြန်လွှတ်၊ အလံဖြူထောင်ပြီးထွက်ခိုင်း

Dawei Watch

May 9, 2024

ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီစခန်းတွင် ဖမ်းဆီးခံထားရသည့် ဒေသခံလေးဦးကို မေလ ၇ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီး အလံဖြူထောင်ကာ စခန်းထဲက ထွက်ခိုင်းကြောင်း လွတ်မြောက်လာသူတို့၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသခံအချို့က ပြောသည်။ ကျောက်မဲတောင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားဆဲဖြစ်ပြီး စခန်းထဲက ထွက်လာသည့် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခံရသဖြင့် သေဆုံးမှုများရှိကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ စစ်ကောင်စီဘက်က ပြန်လွှတ်ပေးသော်လည်း စခန်းမှာ ပိတ်ဆို့ခံထားရသဖြင့် ဒေသခံတို့မှာ မထွက်ရဲဖြစ်ခဲ့ကြပြီး ယင်းနောက် အလံဖြူထောင်ကာ ထွက်လာကြခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့ ပြန်ထွက်လာမရဲဘူးဆိုလို့ စစ်တပ်ထဲက ဗိုလ်က အလံဖြူထောင်ပြီးထွက်ခိုင်းလို့ အလံဖြူထောင်ပြီး ထွက်လာတယ်လို့ ပြောတယ်” ဟု လွတ်မြောက်လာသူတို့ ပြောဆိုချက်ကို […]

ပုလော၊ ထမင်းမစားရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

Dawei Watch

May 9, 2024

ပုလောမြို့နယ်၊ ထမင်းမစားရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ မေလ ၉ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ တာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။ ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မေလ ၂ ရက်က စတင် တိုက်ခိုက်နေပြီး ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီဘက်က K8W ဂျက်ဖိုက်တာတစ်စင်းနှင့် Mi-2 ရဟတ်ယာဉ် တစ်စင်းတို့ဖြင့်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် ပြန်ကြားရေးတာဝန်ရှိသူတို့က ဆိုသည်။ လေကြောင်းဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများထွက်ပြေးကြရကြောင်း ထမင်းမစားကျေးရွာအုပ်စု၊ နန်းပရုပ်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “လေယာဉ်လာတာ နှစ်စီး၊ (ဗုံး)ကြဲတာကတော့ များများကြီးပဲ။ ညီမတို့လည်း ထွက်ပြေးနေရတယ်။ ကြဲတာကတော့ ထမင်းမစားရွာပတ်ချာလည်ကို ကြဲတာပဲ။ ဒေသခံတွေ ထိခိုက်မှုတော့ မကြားရဘူး” […]

အပူချိန်ကြောင့် မွန်တွင် လူငယ်ပိုင်းနှင့် သက်လတ်ပိုင်း သုံးဦးသေဆုံး

Dawei Watch

May 9, 2024

ပြင်းထန်သည့် အပူချိန်ကြောင့် မွန်ပြည်နယ်အတွင်း လူသေဆုံးမှုရှိလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဧပြီနှင့် မေလအတွင်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် ဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီးနောက် လူ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း အထက်ပါအဖွဲ့တို့ထံမှ သိရသည်။ အပူဒဏ်ကြောင့် မေလ ၇ ရက်က မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး အပြင်ထွက်စဉ် သတိလစ်လဲကျ သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အပူချိန် တအားပြင်းတော့ လူတွေက မူးလဲတာတွ၊ သတိလစ်တဲ့အထိ ဖြစ်တာတွေလည်း များတယ်။ အခုဆို အသက် သေဆုံးတဲ့အထိဖြစ်လာတယ်။ အပူကြောင့် ဆေးရုံ၊ ဆေးခန်းရောက်နေတာတွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေ အန္တရာယ်များပါတယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မေလ ၄ […]

ကံပေါက်တွင် အများပိုင်ရေလိုင်း‌ ရေမလုံလောက်မှုနှင့် ရေမသန့်ရှင်းမှုတို့ကြောင့် သုံးရေအခက်ခဲဖြစ်

Dawei Watch

May 9, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ရပ်ကွက် ၁၁ ခုသို့ ရေဖြန့်ဝေနေသည့် အများပိုင်ရေလိုင်းက ရေ အလုံအလောက် မပေးနိုင်မှုနှင့် ရေမသန့်ရှင်းမှုတို့ကြောင့် သုံးရေအခက်အခဲကြုံတွေ့နေရကြောင်း ရေလိုင်းသုံးစွဲနေသည့် ဒေသခံတို့က ပြောသည်။ ဧပြီလကတည်းက ရေအလုံအလောက် မရရှိတော့ကြောင်း ၎င်းတို့က ဆိုသည်။ “အရင်လက အလှည့်နဲ့ တစ်ရပ်ကွက်ကို ၃ ရက် ရေလာနေသေးတယ်။ အခုလဆန်းကတည်းက မလာတော့တာ၊ ဒီနေ့အထိပဲ” ဟု ဗိုလ်ချုပ်ရပ်ကွက် နေထိုင်သူတစ်ဦး မေလ ၇ ရက်တွင် ပြောသည်။ အလားတူ ရေစုဆောင်းသိုလှောင်ထားသည့် ရေလှောင်ကန်နှင့်ဝေးသည် ရပ်ကွက်များတွင်လည်း ရေလုံးဝမရရှိဘဲ ဖြစ်နေကြောင်း ယင်းရပ်ကွက်နေပြည်သူများက‌ ဆိုသည်။ ရေ မလုံလောက်မှုအပြင် ရေ မသန့်ရှင်းမှုဖြင့်ပါ ကြုံ‌နေရကြောင်းလည်း ရေသုံးစွဲသူတို့ထံမှ သိရသည်။ “ရေက ဝါတယ်။ အရင်က အဲဒီလို […]

ကလိန်အောင်မြို့တွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အဘွားတစ်ဦးဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 9, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲပြီး အဘွားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း မြို့ခံများထံမှ သိရသည်။ ကလိန်အောင်မြို့အနီး စစ်ကောင်စီတပ်ရင်းတို့က မေလ ၈ ရက်ညတွင် ပစ်ခတ်သည့် လက်နက်ကြီးကျည် အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတို့က ပြောသည်။ ယင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် အဆိုပါနေအိမ်ရှိ အသက် ၇၀ အရွယ် အဘွားဒေါ်တင်ကြည်အား ကျည်စထိမှန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ထားဝယ်ဆေးရုံကြီး အရေးပေါ်တင်သွားပြီး ခွဲစိတ်ခန်းဝင်နေပြီ။ ဒဏ်ရာက အသည်းအနားမှာ နှစ်လက်မလောက် အစစင်ထားတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။ မေလ ၈ ရက်ညက ကလိန်အောင်မြို့တွင်း၌ လက်နက်ကြီးအသံ ဆယ်ချက်ခန့်ကြားရပြီး ဒေါ်တင်ကြည် နေအိမ်အပြင် အခြားလူ မနေသည့် […]

သဘောင်းတောင်ရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျွန်းစုပကဖ ပြော

Dawei Watch

May 9, 2024

ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အသက် ၄၀ အရွယ် ဦးကျော်မြင့်ကို မေလ ၇ရက် နံနက် ၈နာရီခွဲခန့်က သွားရောက်ဖမ်းဆီးရာ ခုခံပစ်ခတ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ကျွန်းစုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ကို တိုင်ထားတာတွေလည်း ရှိတယ်။ ပြီးတော့ သူကိုယ်တိုင်က ပျူစောထီးခေါင်းဆောင်ဆိုတော့ စစ်ရေး ပစ်မှတ်လို့လည်း သတ်မှတ်လို့ရတယ်။ သွားရောက်ဖမ်းဆီးတော့ အဖမ်းမခံဘဲ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်လိုက်ရတာပါ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် စစ်ကောင်စီတပ်တွင် စစ်မှုထမ်းမည့်သူများကို ငွေကြေးထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် သဘောင်းတောင် ကျေးရွာနေ ပြည်သူများထံမှ အဓမ္မငွေကြေးတောင်းခံနေခြင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက […]