မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ကံပေါက်အဝင်လမ်းပိတ်ထား
Dawei Watch
May 11, 2024ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်က မေလ ၉ ရက်နှင့် ၁ဝ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ယနေ့ (မေ ၁၁)တွင် ကံပေါက်တိုက်နယ် အဝင်လမ်းကို ပိတ်ထားသည်ဟု ဒေသခံများထံကသိရသည်။ “မနက်ပိုင်း ကားစထွက်ချိန်ကစပြီး ဂန့်ဂေါ်တောင်သစ်တောရုံးဂိတ်က ပေးမဖြတ်တော့လို့ ပြန်လှည့်လာရတယ်။ ထားဝယ်ကားတွေလည်း မဆင်းလာကြဖို့ အကြောင်းကြားလိုက်ရတယ်” ဟု ကံပေါက်ရွာက ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။ လမ်းပြန်ဖွင့်မည်အချိန်နှင့်နေရက်ကို ပြန်လည်ပြောကြားခြင်းမရှိသေးသဖြင့် မနက်ဖြန်တွင်လည်း လမ်းဖွင့်ရန်မသေချာသေးကြောင်း၊ ယခုနှစ်ဆန်းပိုင်းတွင်ပင် စစ်ကောင်စီက ယင်းဂိတ်တွင် ၄ ကြိမ်ထက်မနည်းလမ်းပိတ်ခဲ့ပြီး အများဆုံး ၂ ရက်ကြာအထိပိတ်ခဲ့ဖူးသည်ဟု ၎င်းကဆက်ပြောသည်။ ရေး – ထားဝယ် ကားလမ်းပိုင်းတွင်မူ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ယာဉ်မောင်းများထံကသိရသည်။ ကံပေါက်လမ်းပိုင်း မပိတ်မီ မေလ ၉ ရက်နှင့် […]


