ချင်းမိုင်တွင် တရားမဝင် နေထိုင်နေသော မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ
Dawei Watch
May 14, 2024ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၂၇ ဦးကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ ချင်းမိုင်မြို့ထဲရှိ ချန်ကလန်နှင့် မြို့ထဲနေရာအချို့ကို ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် နေထိုင်ခွင့် အထောက်အထားမရှိဘဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များက ရာဇဝတ်မှုစုံစမ်းနှိမ်နင်းရေးနှင့် တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို စုံစမ်းစစ်ဆေးရေး စီမံချက်ဖြင့် မြန်မာနိုင်ငံသားများ နေထိုင်နေသော တိုက်ခန်းများထဲအထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ မေလ ၁၃ ရက်က ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်သော နေရာ ၆ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၇ ဦးအထိ ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံရသူများကို ချင်းမိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ […]


