မောင်တောမြို့ကို တိုက်ခိုက်တော့မည်ဖြစ်ပြီး ပြည်သူများအမြန်ဆုံးထွက်ခွာကြရန် AA ပြော
Dawei Watch
June 16, 2024ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့က ပြည်သူများ ယနေ့ ဇွန်လ ၁၆ ရက် ည ၉နာရီမှစတင်ကာ အမြန်ဆုံးချက်ချင်း ထွက်ခွာကြရန် ရက္ခိုင့်တပ်တော် (AA) က အသိပေးချက် ထုတ်ပြန်သည်။ မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်ပြီး မောင်တော မြို့နှင့် မြို့ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းအားလုံးကိုလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီသည် မောင်တောမြို့တွင် မြို့ပြစစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလ အတန်ကြာနေပြီဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ ခုခံစစ်ပြင်ထားသော လမ်းမ၊ အိမ်များ၊ တိုက်တာ အဆောက်အအုံများပေါ်ရှိ စနိုက်ပါ ပစ်ရန် ပြုလုပ်ထားသောနေရာများ၊ စစ်ကောင်စီ […]


