ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် လုပ်ငန်းခွင်ထဲ ဝင်ရောက်စစ်ဆေးဖမ်းဆီး၊ တစ်ပတ်အတွင်း မြန်မာလုပ်သား ၁၉၀ ဦး ဖမ်းဆီးခံရ

Dawei Watch

June 14, 2024

ထိုင်းနိုင်ငံ လုပ်ငန်းခွင်များတွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး တစ်ပတ်အတွင်း တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၉၀ ဦးကို ဖမ်းမိကြောင်း ထိုင်းအလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်သည်။ ထိုင်းအာဏာပိုင်များက နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်မှု မရှိစေရေးအတွက် ဇွန်လ ၅ ရက်မှ ဇွန်လ ၁၂ ရက်အထိ ဘန်ကောက်၊ ပထုံဌာနီ၊ ရနောင်းနှင့် အခြား ခရိုင်များရှိ လုပ်ငန်းခွင်ပေါင်း ၁၇၇၄ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ဆောက်လုပ်ရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဈေး၊ စျေးဝယ်စင်တာများတွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းခွင်များရှိ နိုင်ငံခြားသား အလုပ်သမားပေါင်း ၂၆,၁၈၉ ကို စစ်ဆေးခဲ့ပြီး စစ်ဆေးခံရသူများတွင် မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်အထိ အများဆုံးပါဝင်ခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသား ၃၉၇၁ ဦး၊ […]

CI စခန်းများပိတ်ရန် မြန်မာဘက်က ညွှန်ကြားချက် ထွက်မလာသေး၍ ဆက်ဖွင့်နေမည်ဟုဆို

Dawei Watch

June 13, 2024

ထိုင်းနိုင်ငံရှိ CI စာအုပ်( မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ထုတ်ပေးရေးစခန်းများကို ပိတ်ရန်အတွက် မြန်မာအစိုးရဘက်က တရားဝင်ညွှန်ကြားစာ ထွက်မလာသေးသဖြင့် ပုံမှန်အတိုင်း ဆက်ဖွင့်သွားရန် စီစဉ်ထားကြောင်း CI ထုတ်ပေးရေးစခန်းများထံမှ စုံစမ်းသိရှိရသည်။ CI စခန်းများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ပြီးခဲ့သော ဖေဖော်ဝါရီလကတည်းက ထုတ်ပြန်ထားခြင်းဖြစ်သည်။ သို့သော်လည်း လာမည့် ဇွန်လ ၁၆ ရက်နေ့မှ စ၍ CI စာအုပ်ထုတ်ပေးရေးစခန်း ၈ ခုကို ပိတ်သိမ်းပြီး ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆက်လက်ထုတ်ယူရမည်ဟု ထိုင်းဘက်က ညွှန်ကြားစာတစ်ခု ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံ့လာခဲ့သည်ကို တွေ့ရသည်။ ယင်းသတင်းအပေါ် CI ထုတ်ပေးရေးစခန်းများကို မေးမြန်းရာ မြန်မာဘက်က တရားဝင် ညွှန်ကြားစာ […]

မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် တစ်သန်းခန့်ရှိကြောင်း ကုလပြော

Dawei Watch

June 13, 2024

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရသိရသည်။ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲတွေကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံအတွင်း လူသုံးသန်းကျော် နေရပ်စွန့်ခွာနေကြရပြီး နောက်ထပ် ၁ဒသမ၃သန်းခန့်မှာလည်း နယ်စပ်ဖြတ်ကျော်ကာ နေရပ်စွန့်ခွာနေကြရကြောင်း […]

ထားဝယ်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ် ထပ်မံပစ်ခတ်ခံရ

Dawei Watch

June 13, 2024

ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် ဇွန်လ ၁၂ ရက် ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ရပ်ကွက်နေဒေသခံများထံမှ သိရသည်။ စစ်ဆေးရေးဂိတ်မြောက်ဘက် တစ်မိုင်ခန့်အကွာမှ ညနေ ၅ နာရီခန့်တွင် PDF အဖွဲ့တစ်ခုက စတင်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ဆယ်မိနစ်ဝန်းကျင်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြပြီးနောက် ပြန်လည်ငြိမ်သက်သွားကြောင်း ၎င်းတို့က ဆိုသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့် နေရာတို့ကြားတွင် လယ်ယာလုပ်ငန်းခွင် ဝင်နေသူတို့ ရှိသည့်အတွက် ပစ်ခတ်မှုများဖြစ်သည့်အပေါ် စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အခုက လယ်ထဲဆင်းချိန် ညနေငါးနာရီလောက်ဆို လယ်ထဲမှာ လူတွေရှိတယ်။ ဖားရှာ၊ ငါးရှာသူတွေလည်းရှိတယ်။ မတော်တဆထိခိုက်ကြမှာ စိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်သည် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်။ ပြီးခဲ့သည့် မေလ ၁၃ ရက်က […]

ထားဝယ်အကျဉ်းထောင်ဆေးခန်းမှ တစ်ဦးတည်းသော ဆရာဝန်ရုတ်တရက်ကွယ်လွန်

Dawei Watch

June 13, 2024

ထားဝယ်အကျဉ်းထောင် ဆေးခန်းတွင် တာဝန်ကျနေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါက်တာအောင်မင်းခန့်သည် ယနေ့ ဇွန် ၁၃ ရက်မနက်ပိုင်းတွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း နီးစပ်သူများထံကသိရသည်။ ဇွန်လ ၁၂ ရက်ညနေပိုင်းက နေမကောင်းသဖြင့် ထားဝယ်မြို့ အမှတ် ၁၂ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ “သူကတော့ ပုံမှန်ကြည့်ရင်တော့ နေကောင်းနေတာပဲ။ သွားသွားလာလာဆိုပေမယ့် အရက်သောက်လို့ ကျန်းမာရေး အရမ်းကောင်းတဲ့အထဲတော့မပါဘူး ။ အခုကတော့ရုတ်တရက်ဖြစ်သွားတယ်” ဟု ၎င်းဆရာဝန်နှင့်နီးစပ်သည့် အကျဉ်သားတစ်ဦး ၏ မိခင်ကပြောသည်။ ဒေါက်တာအောင်မင်းခန့်၏ ရုပ်အလောင်းကို စစ်တပ်ဆေးရုံမှ နေအိမ်လိုင်းခန်းသို့ ယနေ့နေ့လယ်ပိုင်းတွင်ပင် ပြန်သယ်ယူလာခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။ ထားဝယ်အကျဉ်း‌ထောင် ဆေးခန်းတွင် ဒေါက်တာအောင်မင်းခန့်နှင့်အတူ ဆေးမှူးနှစ်ဦးရှိသည့်အနက် ဆေးမှူးဦးဇော်ဝင်းကို ၂၀၂၃ ဩဂုတ်လတွင် စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် […]

တနင်္သာရီ တကူကျေးရွာတိုက်နယ်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

June 13, 2024

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့(ဇွန် ၁၃)​ ညနေ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်က Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်အတွက် တကူကျေးရွာအုပ်စုရှိ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာမီးသတ်အနီး၊ ပြည်အေးရွာနှင့် ခြောက်အိမ်စုရွာများအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်အေးရွာက အမျိုးသားတစ်ဦး ဒဏ်ရာရသွားပြီး ယင်းရွာရှိနေအိမ်တစ်လုံးနှင့် သံတိုက်ရွာ မီးသတ်ရုံဘေးရှိ အဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးသွားကြောင်း တကူရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြည်အေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုချမ်းစိုး၏ ခါးတစ်ဝိုက်ကို ဗုံးစထိမှန်ကာ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာကတော့ သိပ်မပြင်းထန်ဘူးပေါ့။ ဗုံးကြဲတာကိုရှောင်ရင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်” ဟု […]

ထားဝယ်၌ စစ်မှုထမ်းတတိယသုတ် ဆင့်ခေါ်ခံရသူများတွင် တက္ကသိုလ်တက်ဆဲကျောင်းသားများပါဝင်

Dawei Watch

June 12, 2024

ထားဝယ်ခရိုင်၌ စစ်မှုထမ်း တတိယအပတ်စဉ်အတွက် ဆင့်ခေါ်စာပို့ခံရသူများတွင် တက္ကသိုလ်တက်နေဆဲ ကျောင်းသားများ ပါဝင်နေကြောင်း ဆင့်ခေါ်စာပို့ခံရသူ ကာယကံရှင်ကျောင်းသားအချို့ထံမှ သိရသည်။ မေလ ၂၄ ရက် ရက်စွဲဖြင့် ထားဝယ်မြို့ စုပေါင်းရုံးသို့ အစည်းအဝေးတက်ရောက်ရန် ဖိတ်စာနှင့်အတူ အမည်၊ အဘအမည် ၊ မှတ်ပုံတင်နံပါတ်များ အတိအကျပါဝင်သည့် ဆင့်ခေါ်စာကို မေလ နောက်ဆုံးအပတ်လက်ခံရရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအစည်းအဝေးတွင် ကာယကံရှင်များ လာရောက်ခြင်းမရှိဘဲ အုပ်ထိန်းသူတစ်ရာနီးပါး တက်ရောက်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အသက် ၅၀ ကျော်အရွယ် ထားဝယ်မြို့ခံတစ်ဦးက ပြောဆိုသည်။ “အစည်းအဝေးမှာက စစ်မှုထမ်းဥပဒေအကြောင်းပဲပြောတယ်။ အစည်းအဝေးလာတဲ့ မိဘတွေကတော့အကြောင်းပြချက်မျိုးစုံ နဲ့ အကြောင်းပြချက်တွေပေးတယ်။ သူတို့ဘက်ကတော့ မရရင်ရတဲ့နည်းနဲ့ ခေါ်မှာပဲလို့ ကြုံးဝါးတယ်” ဟု ၎င်းက ပြောသည်။ အစည်းအဝေးခေါ်ခံရသည့် ရပ်ကွက်များမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်အများစုဖြစ်ပြီး […]

အာဏာသိမ်းပြီးနောက် မြိတ်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော်ဈေးတက်

Dawei Watch

June 12, 2024

စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း မြိတ်မြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားသည်။ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ်သာ ကောက်ခံနေရာမှ ယခုနှစ်မေလတွင် တစ်ယူနစ်လျှင် ၁၂၄၅ ကျပ်အထိ မြင့်တက်သွားသည်။ မြိတ်လျှပ်စစ်ယူနစ်ဈေးမှာ လတိုင်းနီးပါး တရိပ်ရိပ်တက်လာခြင်းဖြစ်ပြီး အာဏာသိမ်းပြီး ရက်ပေါင်း ၁၂၀၀ ကျော်လာချိန်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၀၁၀ ကျပ် ကွာဟသွားသည်။ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို Petro & Trans ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး ဒီဇယ်သုံးမီးစက်များဖြင့် ထုတ်လုပ်နေသည်။ အဆိုပါကုမ္ပဏီသည် မြိတ်မြို့နယ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် အာဏာမသိမ်းမီက တင်ဒါအောင်ထားခြင်းဖြစ်သည်။ မြိတ်မြို့နယ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ၁၂၄၅ ကျပ် ကျသင့်နေချိန်တွင် ရန်ကုန်မြို့အပါအဝင် မဟာဓာတ်အားလိုင်းရှိသည့် ဒေသများတွင် […]