ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းအမြန်လမ်းမပေါ် ပါဂျဲရိုးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၁၁ဦး ဖမ်းဆီးခံရ

Dawei Watch

June 12, 2024

ထိုင်းနိုင်ငံ ဖိကျစ်ခရိုင်ရှိ အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးအိမ်စီးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် မဲဆောက်မြို့မှ အယုဒ္ဓယခရိုင်သို့ အမြန်လမ်းမကြီးအတိုင်း တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ပေး နေကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေခဲ့ကြောင်း ရေးသားထားသည်။ ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်မြှင့်မောင်းနှင်လာနေရာ မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန် အချက်ပြစဉ် ကား မရပ်ဘဲ လမ်းဘေး ရွာထဲသို့ ကွေ့၍ မောင်းပြေးခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသောအခါ ကားသမားသည် လမ်းကြောင်းကျွမ်းကျင်မှု မရှိသဖြင့် အမြန်လမ်းမပေါ်သို့ ပြန်လည်မောင်းနှင်လာခဲ့ရာမှ ပိတ်ဆို့တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကားပေါ်တွင် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား […]

မာလာဝီ ဒုသမ္မတ လိုက်ပါသွားသော လေယာဉ်ပျောက်ဆုံးနေ

Dawei Watch

June 11, 2024

အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတ လိုက်ပါသွားသော လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပျောက်ဆုံးနေကြောင်း မလာဝီနိုင်ငံသမ္မတရုံးက ထုတ်ပြန်ထားသည်။။ လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၇ မိနစ်ခန့်က မြို့တော် လီလွန်ဝီမြို့မှ နိုင်ငံမြောက်ပိုင်း မာဇူဇူလေဆိပ်သို့ ပျံသန်းရန် ထွက်ခွာခဲ့စဉ် ခဏအကြာတွင် ရေဒါနှင့် ဆက်သွယ်မရဘဲ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် အသက် ၅၁ နှစ်အရွယ် ဒုတိယသမ္မတ ဆော်လော့စ် ချီလင်မာနှင့်အတူ သမ္မတဟောင်းတစ်ဦး၏ ဇနီးဖြစ်သူအပါအဝင် ၁၀ ဦးတို့ လိုက်ပါသွားခဲ့သည်။ ဒုသမ္မတနှင့်အဖွဲ့သည် ပြီးခဲ့သောအပတ်က ကွယ်လွန်ခဲ့သော အစိုးရဝန်ကြီးဟောင်းတစ်ဦး၏ နာရေးကို သွားစဉ် လေယာဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အချိန်ထိ လေယာဉ်၏ တည်နေရာနှင့် ဒုသမ္မတ၏ အခြေအနေကို မသိရသေးကြောင်း […]

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာ ၁၂၀ ကို ကော့သောင်းဘက် ပြန်ပို့

Dawei Watch

June 11, 2024

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၂၀ ဦးကို ရနောင်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဇွန်လ ၁ဝ ရက်နေ့က ပြန်ပို့ခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် ကျခံခဲ့ရပြီးနောက် ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများကို ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့ကို ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားသံအရာရှိများ ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၉၈ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်ကြောင်း ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။ ကော့သောင်းဘက် ပြန်ရောက်လာသော မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး နောက်ပိုင်းတွင် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ခရိုင် ပြန်ဆက်က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ၁၂၀၀ ကျော်အောင်ပြီး ၂၀၀ ကျော် ဂုဏ်ထူးရရှိ

Dawei Watch

June 11, 2024

တနင်္သာရီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ဦးရှိသည့်အနက် ၁၂၀၆ ဦး အောင်မြင်ပြီး ဂုဏ်ထူးပါသူ ၂၀၄ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၃၈ ရာခိုင်နှန်းရှိကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။ အောင်မြင်သူများမှာ ထားဝယ်စာစစ်ဌာနတွင် ၁၇၉ ၊ ရေဖြူတွင် ၃၆ ၊ လောင်းလုံးတွင် ၆ ၊ သရက်ချောင်းတွင် ၆ ၊ မြိတ်တွင် ၆၂၁၊ ကျွန်းစုတွင် ၁၄၃ ၊ ပုလောတွင် ၉၁၊ တနင်္သာရီတွင် ၆၊ ကော့သောင်းတွင် ၆၈၊ ဘုတ်ပြင်းတွင် ၅၀ ဦးရှီကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ ယင်းအထဲတွင် ၆ ဘာသာ […]

ဘန်ကောက် ချာတူးချတ်ဈေးမီးလောင်၊ အိမ်မွေးတိရစ္ဆာန် တစ်ထောင်ခန့်သေဆုံး

Dawei Watch

June 11, 2024

ဘန်ကောက်မြို့ရှိ နာမည်ကြီး ချာတူးချတ်ဈေးကြီးတွင် အိမ်မွေးတိရစ္ဆာန်များရောင်းနေသော ဆိုင်ခန်းပေါင်း ၁၀၀ ကျော် မီးလောင်သဖြင့် အိမ်မွေးတိရစ္ဆာန်မျိုးစုံ အကောင် တစ်ထောင်ခန့် မီးလောင်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇွန်လ ၁၁ရက် နံနက် ၄ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးခိုးလုံးများ ထွက်လာသည်နှင့် ဈေးဆိုင်ဝန်ထမ်းများ လုံခြုံရေးအတွက် ဝရုန်းသုံးကား ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြသည်။ မီးသည် အိမ်မွေးတိရစ္ဆာန်နှင့် နာမည်ကြီး အလှမွေးငါးများရောင်းချနေသော ဆိုင်ခန်းနေရာများတွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းလာရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးက မြန်မြန်ဆန်ဆန် ကူးစက်သွားပြီး ဆိုင်ခန်းပေါင်း ၁၁၈ ဆိုင်ခန်းအထိ လောင်ကျွမ်းသွားခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။ မီးလောင်မှုကြောင့် အလှမွေးငါးများ၊ အိမ်မွေးကြောင်နှင့် ခွေးများ၊ ငန်း၊ ငှက်၊ မြွေနှင့် မျောက်များစသော တန်ဖိုးကြီး တိရစ္ဆာန်ပေါင်းစုံသည် […]

ကလိန်အောင် ပတ္တမြားငမောက်သရက် ယခုနှစ်တွင်လည်း အထွက်လျော့၍ အသီးကုန်ပြီဟုဆို

Dawei Watch

June 11, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေသည့် ပတ္တမြားငမောက်သရက်သီးမှာ ယခုနှစ်တွင် အထွက်လျော့၍ အသီးရာသီကုန်သွားပြီဖြစ်ကြောင်း တောင်သူများထံကသိရသည်။ ပတ္တမြားငမောက်သရက် ကို ပုံမှန်အတိုင်း မေလဆန်းမှ ဇွန်လနှောင်းအထိ အသီးရာသီးအဖြစ် ခူးဆွတ်ကာဈေးကွက်ဖြန့်ချိလေ့ရှိသော်လည်း ယခုနှစ် မေလနှောင်းပိုင်းတွင်ပင် အသီးကုန်သွားပြီဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ရာသီဥတုကြောင့်ပဲ ပြောရမယ်။ အခြားသရက်ပင် မချစ်စု ၊ ရင်ကွဲတွေလည်း အခုနှစ်အသီးနည်းတယ်၊ ပတ္တမြားငမောက်လည်း အဲလိုပဲ အခုနှစ်အသီးနည်းတယ် မနှစ်ကထက်ပိုလျော့တယ်။ ဒီနှစ်လုံးဝမသီးတဲ့အပင်မျိုးတောင်ရှိတယ်” ဟု ပတ္တမြားငမောက်စိုက်သည့် ကလိန်အောင် ဒေသခံတောင်သူတစ်ဦးကပြောသည်။ ပြီးခဲ့သည့်နှစ်က အသီးထွက်နှုန်း ၅ ပုံ ၁ပုံခန့်သာရရှိခဲ့ပြီး ယခုနှစ်တွင် ယင်းပမာဏထက် ပိုနည်းသွားကြောင်း၎င်းကဆိုသည်။ ဈေးကွက်ဖြန့်ချိမှုအနေဖြင့် ထားဝယ်ခရိုင်အတွင်းသာဖြန့်ချိခဲ့ပြီး အသီးအထွက်နည်းသဖြင့် ဈေးကောင်းရခဲ့သည်ဟု တောင်သူတို့ထံကသိရသည်။ ယခင်နှစ်က လက်ကားဈေး တစ်လုံးလျှင် ၁၃၀ဝ ကျပ် အများဆုံးရခဲ့ပြီး […]

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

Dawei Watch

June 11, 2024

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတစ်လောင်း မျောပါနေသည်ကို ဇွန်လ ၁၀ ရက် ညနေပိုင်းက တွေ့ရှိရကြောင်း ဒေသခံတို့က ပြောသည်။ လောင်းလုံးမြို့နယ် ကညုံကျွန်းရွာအနီးရှိ ထားဝယ်မြစ်ထဲတွင် တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “အလောင်းက ပုပ်ပွနေပြီ။ ရုပ်ပျက်ဆင်းပျက်လည်းဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သေဆုံးသူမှာ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ကျော် အရွယ်ရှိ ဦးရဲမြင့်ဆိုသူ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးရဲမြင့်သည် ထားဝယ်မြို့ နေအိမ်မှ ပိန်းတောရွာသို့ လှေလိုက်ရန် ထွက်ခွာသွားပြီးနောက် တစ်ရက်အကြာ ဇွန်လ ၄ရက် ညတွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဇွန်လ ၅ ရက်တွင် မိသားစုဝင်တစ်ဦးက Dawei Watch သို့ ဆက်သွယ် ပြောဆိုထားသည်။ ထို့နောက် ဇွန်လ […]

တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

Dawei Watch

June 10, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား၂၉ ဦးကို ထိုင်းတပ်မတော်က ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနယ်ခြားစောင့်တပ်များက မယ်လမတ်ဒေသ နယ်စပ်တစ်လျှောက်တွင် ကင်းလှည့်နေစဉ် မိုးရွာထဲ စောင့်နေသော မသင်္ကာစရာ လူတစ်စုကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး ၎င်းတို့၏ ကျောပိုးအိတ်များကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့အနီးတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြပြီး ပွဲစားများကို ဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ အထိပေးချေခဲ့ရပြီးဖြစ်ကြောင်း ဝန်ခံထားသည်။ မြန်မာနိုင်ငံသားများသည် မြန်မာဘက်ခြမ်းက တရားမဝင် ဝင်ရောက်လာပြီးနောက် မိုးထဲလေထဲ လာကြိုမည့်ကားကို […]