ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ ရန်ပုံငွေ ဘောလုံးပွဲကျင်းပ

Dawei Watch

June 20, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ ဇွန် ၁၉ ည ၈ နာရီခန့်တွင် ကျင်းပသည်။ ဘောလုံးပွဲ မကျင်းပမီ မြန်မာနိုင်ငံသားများက မွေးနေ့အမှတ်တရအနေဖြင့် ‘ခွန်အားဖြင့် မိငယ်’ ၊ ‘သွေးသစ္စာ’ သီချင်းများကို သီဆိုခဲ့ကြပြီး မွေးနေ့ဆုတောင်းပေးခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရန်၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း မွေးနေ့ဆုမွန်ကောင်း တောင်း၍ မွေးနေ့သီချင်းကို သီဆိုခဲ့ကြသည်။ ထို့နောက် ဘောလုံးပွဲများကို ည ၉ နာရီအချိန်မှ စတင်၍ ဗိုလ်လုပွဲအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မွေးနေ့အမှတ်တရ ရန်ပုံငွေ ဘောလုံးပွဲသို့ လာရောက်အားပေးသူ အနည်းဆုံး ၅၀၀ ကျော်ရှိပြီး လာရောက်သူများကိုလည်း မုန့်များ၊ သရေစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သေးသည်။ ထိုင်းတောင်ပိုင်းရှိ […]

ကလိန်အောင် ရာဖူးကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်တိုက်ခိုက်

Dawei Watch

June 19, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးကျေးရွာ၏ အနောက်ဘက် ကလယ်ရွာပတ်ဝန်းကျင်တွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ကလိန်အောင်ဒေသခံများက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ်တစ်စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း ရာဖူးရွာဘက်သို့ ဦးတည် ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ နှစ်ချက်ကြားရကြောင်း ဒေသခံများက ဆိုသည်။ “မနက်ကစပြီး လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေတယ်။ တစ်ချက်ပျောက်သွားလိုက် ကြားလိုက်ပဲ။ အသံအကျယ်ဆုံးနှစ်ချက်က (မွန်းလွဲ) ၁နာရီနဲ့ ၂နာရီအကြားမှာ ကြားလိုက်တယ်။ လေယာဉ်ပျံနှစ်စီးကတော့ မြို့ထဲဘက်က လူတွေ မမြင်ရဘူး ။ ကျောက်ရှပ်၊ ဇင်းဘာဘက်တွေက မြင်လိုက်ကြတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးမဟာမိတ်အင်အားစုတွင် ပါဝင်သည့် မွန်ပြည်‌တော်လှန်ရေးတပ်ထံ ဆက်သွယ်မေးမြန်းရာ လေကြောင်းတိုက်ခိုက်မှုရှိခဲ့သည်ဟုသာ […]

တနင်္သာရီတိုင်းတွင် ကျောင်းဖွင့်လှစ်နိုင်မှု လျော့ကျ၊ ယမန်နှစ်ထက် ကျောင်းတစ်ရာကျော်နည်း

Dawei Watch

June 19, 2024

စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသည့် တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းဖွင့်လှစ်နိုင်မှု လျော့ကျလာပြီး ယမန်နှစ်ထက် ကျောင်းတစ်ရာကျော် လျော့နည်းသွားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းအတွင်း အခြေခံပညာကျောင်း ၁၃၀၀ ကျော်ရှိသည့်အနက် ယမန်နှစ်က ၁၀၁၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ကိုးရာခန့်သာ ဖွင့်လှစ်နိုင်သေးကြောင်း အဆိုပါရုံးထံမှ သိရသည်။ နယ်ဘက်ဒေသက ကျောင်းသားမိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများ မြို့ပေါ်ကို ပြောင်းရွှေ့ပညာသင်သူများလာသဖြင့် နယ်ဒေသတွင် ကျောင်းဖွင့်လှစ်နိုင်သည့် အရေအတွက် လျော့နည်းသွားခြင်း ဖြစ်နိုင်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) က ပြောသည်။ “ဖွင့်လှစ်နိုင်တဲ့ ကျောင်းအရေအတွက် နည်းသွားပေမယ့် ပညာသင်ယူတဲ့ ကျောင်းသားအရေအတွက်တော့ လျော့မသွားဘူး။ တိုးတောင်တိုးလာသေးတယ်။ အဓိကတော့ အေးအေးချမ်းချမ်းနဲ့ လုံခြုံစွာပညာသင်ကြားနိုင်မယ့် မြို့ပေါ်ကို ရွေးချယ်လာကြ တာပေါ့” ဟု ၎င်းက ဆိုသည်။ […]

ရေဖြူ မူးဒူးရွာကို စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများထွက်ပြေး

Dawei Watch

June 19, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအနီးရှိ မူးဒူးရွာကို ယနေ့ ဇွန်လ ၁၉ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။ ယနေ့ နံနက်ပိုင်းကစပြီး မူးဒူးရွာအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ မူးဒူးရွာသို့ ဝင်ရောက်လာကြောင်း ဒေသခံတို့က ဆိုသည်။ “ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ အခု (စစ်ကောင်စီတပ်ဖွဲ့) သူတို့ရွာထဲမှာ သွားနေကြတယ်လို့တော့ သိရတယ်” ဟု မူးဒူးရွာသားတစ်ဦးကပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၈ ရက်ကစပြီး ရေဖြူမြို့မှ ကုန်းကြောင်းအတိုင်း ပုဂေါဇွန်းရွာနှင့် သစ်တိုထောင့်ရွာတို့ကို စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ […]

ထိုင်းတွင် မြန်မာ CI စခန်းနှစ်ခုကို ပိတ်ပြီး ကျန်ခြောက်ခုကို ပုံမှန်အတိုင်း ပြန်ဖွင့်မည်

Dawei Watch

June 19, 2024

ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေး မြန်မာစခန်းနှစ်ခုကို ပိတ်သိမ်းပြီး ကျန်ခြောက်ခုကို ယနေ့ ဇွန်လ ၁၉ ရက်မှစ၍ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း CI စာအုပ် ထုတ်ပေးရေးစခန်း များထံမှ သိရသည်။ ဆုန်ခလာနှင့် နခွန်စဝမ်ခရိုင်တို့ရှိ CI စခန်းနှစ်ခုကို ပိတ်သိမ်းကာ မဟာချိုင်၊ ချွန်ဘူရီ၊ စူရတ်ဌာနီ၊ စမွတ်ပရကန်၊ ပထုံဌာနီနှင့် ချင်းမိုင်ရှိ Mobile စခန်းများကို ပုံမှန်ဖွင့်လှစ်ပေးထားကြောင်း နခွန်စဝမ် CI စခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ CI စာအုပ်များကို ခရိုင် ၈ ခုရှိ စခန်းများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်မှစ၍ ပုံမှန်အတိုင်း ထုတ်ပေးနေရာမှ ထိုင်းအစိုးရဘက်က ဇွန်လ ၁၆ ရက်မှစ၍ ပိတ်သိမ်းရန် […]

ထိုင်းတောင်ပိုင်းတွင်လည်း ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့

Dawei Watch

June 19, 2024

စစ်ကောင်စီက အာဏာလုကာ ဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မြန်မာနိုင်ငံအနှံ့တွင်သာမက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်လည်း ကျင်းပခဲ့ကြသည်။ ယနေ့ (ဇွန် ၁၉)နံနက်က ကျင်းပခဲ့သည့် ယင်းအခမ်းအနားကို ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူအချို့က အရပ်ဝတ်ဖြင့် လာရောက်‌စောင့်ကြည့်ခဲ့သော်လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

June 19, 2024

မတရားဖမ်းဆီး အကျဉ်းချခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ကျရောက်သော ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်တွင် ယနေ့ (ဇွန် ၁၉) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်တစ်ခုဖြစ်သော “စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ယင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီက တရားမဲ့ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး စသောကြွေကြော်သံများဖြင့် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းလူထုလှုပ်ရှား‌မှုကို ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ပြီး ဒေသခံငါးရာကျော်က အဖြူရောင်အင်္ကျီများဝတ်ဆင်ပြီး နှင်းဆီးပန်းကိုင်ဆောင်ကာ ပူးပေါင်းပါဝင်ခဲ့ကြသည်။

သရက်ချောင်းတွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

Dawei Watch

June 19, 2024

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်၏ ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏အဆိုအမိန့်တစ်ခုဖြစ်သော “စစ်မှန်တဲ့ လွတ်လပ်မှုဆိုတာ အကြောက်တရားမှ လွတ်မြောက်ရေးဖြစ်တယ်” ခေါင်းစဥ်ဖြင့် လူထုသပိတ် လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယနေ့(ဇွန် ၁၉)တွင်ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၏ အဖွဲ့ဝင်ဖြစ်သည့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။