ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖောင်းတောရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်ဖမ်းဆီးပြီး ငါးရက်ကြာအထိ ပြန်မလွှတ်သေး

Dawei Watch

June 23, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဇွန်လ ၁၉ ရက်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့ ဇွန် ၂၃ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများထံမှ သိရသည်။ အဖမ်းခံရသူများသည် ဖောင်းတောရွာ စာသင်ကျောင်းအနီး နေထိုင်သည့် ဒေါ်ဝေဝေ၊ ဒေါ်မီးမီးနှင့် ရွာအနောက်ဘက်တွင် နေထိုင်သည့် ဒေါ်ဌေးဌေးအောင်၊ ဦးကတ်သား ဆိုသူတို့ဖြစ်ကြောင်း ရွာသားများက ပြောသည်။ ၎င်းတို့ လေးဦး အဖမ်းမခံရမီ ဇွန် ၁၈ ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖောင်းတော အထက စာသင်ကျောင်းသို့ လာရောက်၍ ကျောင်းအုပ်ဆရာမကြီအား သတိပေးခဲ့ကြောင်း ရွာသားများက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ “စာသင်ကျောင်းမှာ PDF တွေ လာတယ်ဆိုပြီး […]

ခမောက်ကြီးက စစ်ကောင်စီရဲစခန်းကုန်းကို တော်လှန်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက်

Dawei Watch

June 23, 2024

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် မရမ်းကျေးရွာရှိ စစ်ကောင်စီတပ်ရဲစခန်းကုန်းကို ဇွန်လ ၂၂ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါရဲစခန်းကုန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၃၀ခန့်ရှိပြီး မိနစ် ၄၀ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး၏ ဦးခေါင်းကိုကျည်ထိမှန်ခဲ့ပြီး ယင်းဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ “အဲ့ရဲဘော်က ရဲစခန်းဂိတ်ဝတံခါးကို အတင်းဝင်ရောက်ဆွဲဖွင့်နေစဉ်မှာ ဦးခေါင်းကို ကျည်ထိပြီးကျဆုံးသွားတာပေါ့။ ကော်သူးလေအာမီကနေ ကော့သောင်း ပကဖကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ပါ ”ဟု ဘုတ်ပြင်းမြို့နယ် ပကဖရဲဘော်တစ်ဦးက ပြောသည်။ ကျဆုံးခဲ့သည့် ရဲဘော်မှာ အသက် ၄၃ နှစ်အရွယ်ရှိပြီး တိုက်ပွဲအခြေအနေကြောင့် ရုပ်အလောင်းကို ပြန်မယူခဲ့ရကြောင်း ၎င်းက […]

ရေဖြူတွင် စစ်ဘေးရှောင်ထွက်ပြေးလာသည့် ရွာသားများကို စစ်ကောင်စီစစ်ကြောင်းက ရွာသို့ပြန်ခိုင်း

Dawei Watch

June 22, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်နှင့် မလွှဲတောင်ကြားရှိ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော (မရော့ချိုင်) ရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်အရပ်သားတို့ကို စစ်ကောင်စီစစ်ကြောင်းက လမ်းပိုင်းတွင်တား၍ ရွာသို့ပြန်လှည့်ခိုင်းကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။ “မျောက်ချောရွာဘက်ကနေ အလယ်စခန်းရွာဘက် ထွက်လာတဲ့ရွာသားတွေကို စစ်ကောင်စီစစ်ကြောင်းက ပေးမသွားဘူး။ စစ်ဆေးစရာရှိသေးတယ်ပြောပြီး ရွာပြန်ခိုင်းတယ်။ တချို့ရွာသားတွေကလည်း အဆင်ပြေသလို ခက်ခက်ခဲခဲ ဘေးလွတ်ရာ ရောက်သွားတာရှိတယ်။ မနေ့က (ဇွန် ၂၁) ဆို မိုးကလည်း တအားကြီးတယ်။ ချောင်းရေကလည်း တက်လာတယ်။ အခက်အခဲတွေက မျိုးစုံဖြစ်နေတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။ ပြန်လှည့်ခိုင်း၍ ရွာဘက်သို့ပြန်သွားသည့် ရွာသားအချို့နှင့်လည်း အဆက်အသွယ် မရဖြစ်နေ၍ ကျေးရွာအတွင်း အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁‌၉ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 22, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ကမ္ဘာ့ မငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင် ကမ္ဘာ့နိုင်ငံ ၁၆၀ကျော်ရဲ့ ငြိမ်းချမ်းမှုအညွှန်းကိန်း Global Peace Index 2024 ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၄၈ နဲ့ မငြိမ်းချမ်းဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။ မငြိမ်းချမ်းဆုံး ကမ္ဘာ့နိုင်ငံတွေ စာရင်းမှာတော့ မြန်မာရဲ့ အောက်မှာ ၁၅ နိုင်ငံပဲ ကျန်ရှိပါတော့တယ်။ အရှေ့တောင်အာရှမှာ ဆိုရင်လည်း မြန်မာဟာ မငြိမ်းဆုံးနိုင်ငံအဖြစ် ရှိနေပါတယ်။ စင်ကာပူက ကမ္ဘာ့အငြိမ်းချမ်းဆုံး အဆင့် ၅မှာရှိနေပြီး မလေးရှားကအဆင့် ၁၀မှာ ရှိနေကြပါတယ်။ ဗီယက်နမ်က အဆင့် ၄၀၊ […]

ကလိန်အောင်တွင် နေအိမ်များကို ညဘက် ဝင်ရောက်စစ်ဆေးနေ

Dawei Watch

June 22, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် မောရဝတီရေတပ်မှ တပ်လာစွဲပြီးနောက်ပိုင်း နေအိမ်များကို ညပိုင်းတွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများရှိလာသည်ဟု မြို့ခံများကပြောသည် ။ ” ဧည့်စာရင်းစစ်သလို ဧည့်သည်ရှိလား မေးတာမျိုးစစ်တယ် ၊ ညသန်းခေါင်ကျော်ကင်းလှည့်ရင်း စစ်တယ်။ အခုသူတို့(မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ) ရောက်ပြီး‌နောက်ပိုင်း အမှတ် ၁ ရပ်ကွက်မှာ အစစ်ခံရတာ သုံးလေးအိမ်ရှိပြီ ” ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။ ယင်းသို့စစ်ဆေးခံရစဉ်အဖမ်းခံရသူမရှိသေးကြောင်း မြို့ခံများကပြောသည်။ ကလိန်အောင်မြို့ ၊ အမှတ် ၁ ရပ်ကွက်သည် ကလိန်အောင်တံတားနှင့် ကပ်လျက်ရှိပြီး စားသောက်ဆိုင်နှင့် တည်းခိုခန်းများတည်ရှိသည်။ ဇွန်လ ၁၉ ရက်နေ့ကလည်း ညသန်းခေါင်အချိန်တွင် ကလိန်အောင်မြို့ အမှတ် ၁ ရပ်ကွက်တွင် ငွေလွှဲလုပ်သည့် […]

ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသည့်ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

Dawei Watch

June 22, 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့်ကားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံသည်။ အဆိုပါကား ပစ်ခတ်ခံရပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက် ပျံလွန်တော်မူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့ ဇွန်လ ၂၁ ရက် ညပိုင်းတွင် ရုပ်သံမှတ်တမ်းဖြင့် ရှင်းလင်းချက်ထုတ်ရာ၌ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတက်ရောက်ရန် သွားရောက်နေသည့် ဝင်းနိမ္မိတာရုံဆရာတော်နှင့် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာသည့်ကားမှာ မန္တလေးတိုင်း မြို့သာမြို့နှင့် ကမ္မရွာကြားတွင် ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ပစ်ခတ်ခံခဲ့ရသည်။ ထို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်မှာ ဦးခေါင်းနောက်စေ့ကျည်ထိမှန်ကာ ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော်မှာ ဦးခေါင်း မှန်စထိမှန်ဒဏ်ရာရကာ ကားမောင်းသူမှာ လက်သုံးချောင်း ပြတ်တောက်သည့် ဒဏ်ရာရခဲ့သည်။ အဆိုပါဖြစ်စဉ်မတိုင်မီ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 21, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ အစ္စရေးကိုတုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဟစ်ဘိုလာခေါင်းဆောင် သတိပေး အစ္စရေးနဲ့ စစ်ပွဲဖြစ်လာပါက အစ္စရေးနိုင်ငံတွင်းက အရေးကြီးပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်နဲ့ ထောက်လှမ်းရေးလက်နက်တွေ အသင့်ရှိနေပြီလို့ ဟစ်ဘိုလာအဖွဲ့က သတိပေးလိုက်ပါတယ်။ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်က ဇွန်လ ၁၉ ရက်နေ့မှာ သတိပေးလိုက်တာပါ။ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ဟစ်ဘိုလာ ထိပ်တန်းတပ်မှူးအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ လက်နက်သစ်တွေ ရှိနေပြီ၊ ဒါပေမဲ့ ဘာလက်နက်ဆိုတာဆိုတော့ ထုတ်မပြောဘူးလို့ သူက ဆိုပါတယ်။ ဟစ်ဘိုလာနဲ့ အစ္စရေးတို့ကြား နယ်စပ်တလျှောက်မှာ ပဋိပက္ခတွေ လနဲ့ချီ ဖြစ်နေကြပါတယ်။ ဒါနဲ့ပက်သက်လို့ […]

ထားဝယ်မြို့အဝင်တွင် ဗုံးသီးနှစ်လုံးတွေ့၍ စစ်ကောင်စီတပ်ရှင်းလင်း

Dawei Watch

June 21, 2024

ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်တွင် ယနေ့(ဇွန် ၂၁) နေ့လယ်ပိုင်းက ဗုံးသီးနှစ်လုံး တွေ့ရှိသဖြင့် စစ်ကောင်စီ၏ BE တပ်ကလာရောက် ရှင်းလင်းခဲ့ကြောင်း ခရီးသွားပြည်သူများနှင့် မြို့ခံများထံမှသိရသည်။ အသစ်ဆောက်လုပ်လျက်ရှိသည့် မြို့အဝင်ဘန်ကာသစ်အနီး လမ်းဘေးတစ်နေရာတွင် တွေ့ရှိ ရခြင်းဖြစ်ကြောင်းမြို့ခံတို့ကပြောသည်။ “နှစ်လုံးစလုံးကိုဖောက်ခွဲလိုက်တယ်။ တစ်လုံးက ပေါက်ကွဲသံ နည်းနည်းကြမ်းတယ်” ဟု ၎င်းကပြောသည်။ ဗုံးသီးရှင်းလင်းနေသည့် နေ့လယ် ၁၂ နာရီ ခန့်မှ ၁ နာရီအထိ မြို့အဝင်အထွက် အိမ်ရှေ့ပြင်ဂိတ်ကို ပိတ်ထားကြောင်းသိရသည်။ တွေ့ရှိရသည့်ဗုံးသီးအမျိုးအစားမှာ ၄၀ မမ ဗုံးသီးအမျိုးအစားဖြစ်ပြီး အဆိုပါဗုံးသီးအမျိုးအစားကို စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များပါ အသုံးပြုလေ့ရှိကြောင်း သိရသည်။ ဗုံးသီးတွေ့သည့်နေရာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သစ်ကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေ့ပိုင်း က ပြည်သူကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ […]