ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို ရာထူးက ရပ်နား

Dawei Watch

August 14, 2024

ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်ကို လက်ရှိရာထူးက ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။ ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်တာဝန် ရယူခဲ့သော စေထာ ထဝီဆင်သည် ၁၁ လသာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်​ခဲ့ရသည်။ လက်ရှိဝန်ကြီးချုပ်နေရာက ရပ်နားခံလိုက်ရပြီးနောက် ၎င်း၏ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လွှတ်တော်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ ဝန်ကြီးချုပ်အသစ်အပါအဝင် အစိုးရအသစ်အဖွဲ့ဝင်များ နောက်ထပ် သစ္စာမဆိုခင်ကာလတွင် ယာယီအစိုးရအဖွဲ့က အစားထိုးတာဝန်ယူထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီခေါင်းဆောင် သက်ဆင်သမီး Paetongtarn Shinawatra နှင့် Chaikasem Nitisiri နှင့် ဆေးခြောက်ပါတီဟု နာမည်ကြီးသော […]

ရေဖြူ ကျောက်ကညာရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်များ ကျည်ထိမှန်

Dawei Watch

August 14, 2024

ရေဖြူမြို့နယ် ကျောက်ကညာရွာတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်ကညာရွာ တောင်ပိုင်းရှိ လူနေအိမ်များတွင် နေထိုင်နေသည့် စစ်ကောင်စီတပ်အား PDF အဖွဲ့ တစ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူတို့(စစ်သား) တွေ ရွာတောင်ပိုင်းက အိမ်တွေမှာလာနေတာ နှစ်ရက်သုံးရက်ရှိပြီ။ (PDF) သူတို့ကို လာပစ်တာက ဆယ့်ငါးမိနစ်လောက်၊ ခဏပဲ။သူတို့ပြန်သွားပြီး (စစ်ကောင်စီ) အမြောက်တပ်က ထုတာက ၂ နာရီလောက်ရှိတယ်။ တစ်ရွာလုံးအကုန် ဝပ်နေရတယ်” ဟု ၎င်းက ပြောသည်။ ပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း လူနေအိမ်အချို့ သေနတ် ကျည်ဆံထိမှန်ခဲ့ကြကြောင်း […]

မွန်တွင် စက်သုံးဆီပြတ်လပ်၊ ဆီရရန် ကား ဆိုင်ကယ် ရာနှင့်ချီတန်းစီစောင့်ရ

Dawei Watch

August 14, 2024

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်နေပြီး ဆီရရှိရန် ကား၊ ဆိုင်ကယ်ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း ဆီတန်းစီစောင့်ဆိုင်းနေသူတို့က ပြောသည်။ ဩဂုတ်လ ၁၃ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက ပိတ်ထားပြီး ယနေ့ ဩဂုတ်လ ၁၄ ရက်တွင်လည်း အရောင်းဆိုင်အချို့သာ ဆီရောင်းချပေးနေသည့်အတွက် ကားတန်း၊ ဆိုင်ကယ်တန်း ရာနှင့်ချီ တန်းစီနေကြရကြောင်း ၎င်းတို့က ဆိုသည်။ “ရောင်းပေးနေတဲ့ဆိုင်တွေမှာဆိုရင် ကားတွေတန်းစီနေတာ မျက်စိတဆုံးပါပဲ။ တချို့ဆို မိုးမလင်းခင်ကတည်းက ဆီဆိုင်ရှေ့မှာ တန်းစီနေကြတယ်။ မနက် ၆ နာရီလောက် တန်းစီတဲ့လူတွေက ၉ နာရီ ၁၀ နာရီထိုးလည်း မရသေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့” ဟု သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ပြောသည်။ မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြသည်။ ယခုကာလတွင် စက်သုံးဆီ မဝင်တော့သဖြင့် ဆီပြတ်လပ်ခြင်းဖြစ်ပြီး ဆီလက်ကျန်ရှိသည့် […]

သရက်ချောင်း ပန်းပြင်ရွာ မြိတ်-ထားဝယ်ကားလမ်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

Dawei Watch

August 14, 2024

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ပန်းပြင်ရွာစာသင်ကျောင်းအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၈နာရီခန့်တွင် သရက်ချောင်းမြို့မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်လိုက်သေးတယ်။ စကစဘက်က ထိခိုက်မှုကိုတော့မသိဘူး။ သရက်ချောင်းဘက်က ကားတစ်စီး တက်လာပြီးတော့ တချို့ကို လာကြိုသွားတာရှိတယ်။ နောက်ပြီး သရက်ချောင်းဘက်ကို ပြန်ထွက်သွားတယ်။ ခြေလျင်စစ်ကြောင်းကတော့ သရက်နှစ်ခွဘက်ကို ဆက်ထွက်သွားတယ်လို့ကြားတယ်” ဟု ပန်းပြင်ရွာနှင့် ကပ်လျက် ရှိသည့် ပိန်းတောရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းဆွဲခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် နှစ်ဖက်ပစ်ခတ်မှု […]

ဘီးလင်းမြို့ဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်းငါးဦးဒဏ်ရာရ

Dawei Watch

August 13, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့ မြို့အဝင်ဘီးခွန်ကောက်ခံရေးဂိတ် ပစ်ခတ်ခံရပြီး အမျိုးသမီးနှစ်ဦးအပါအဝင် ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးပေါ်ရှိ သေနတ်သမားတို့က ဘီးခွန်ကောက်ခံရေးဂိတ်ကို ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘီးခွန်ကောက်ခံရေးဂိတ်ရှိ ဝန်ထမ်း အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားသုံးဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ပစ်ခတ်ခံရတဲ့ဂိတ်ကတော့ မြို့ဝင်ကြေးကောက်ခံတဲ့ဂိတ်၊ စစ်သားတွေ ဘာတွေတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီဂိတ်အနားမှာ တော့ စစ်တပ်ဂိတ်ရှိတယ်။ မှားပစ်သွားတာလားတော့ မသိဘူး။ အဲဒီမှာက ငွေကောက်တဲ့ဂိတ်က ဝန်ထမ်းတွေပဲရှိတော့ သူတို့ပဲ ထိသွားတယ်လေ” ဟု ၎င်းက ပြောသည်။ ဘီးလင်းမြို့ဝင်ကြေးကောက်ခံရေးကို မန္တလာမိသားစုကုမ္ပဏီက […]

ရေးဘီလူးအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦးထွက်ပြေး

Dawei Watch

August 13, 2024

ရေးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ က တပ်ဖွဲ့ဝင်နှစ်ဦး ဩဂုတ်လ ၁၁ ရက်က ထွက်ပြေးသွားကြောင်း ယင်းတပ်ဖွဲ့ထံကသိရသည်။ ထွက်ပြေးသွားသူနှစ်ဦးသည် စစ်ကိုင်းတိုင်း၊ ကော့လင်းမြို့နယ်က ကိုအောင်မင်းပိုင်နှင့် မကွေးမြို့က ကိုစိုးတို့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြုပေးသည်။ “ကင်းစောင့်နေရင်း ရှေ့တန်းမှာ ထွက်ပြေးသွားကြတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါထွက်ပြေးသူနှစ်ဦးသည် ရေးဘီလူးအဖွဲ့တွင် အသွင်ယူနေသည့် စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီး စာရေးတို့ ဖြစ်ကြပြီး မိခင်တပ်ရင်းများကို ပြန်ရောက်နေပြီဟု စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “စစ်ကောင်စီတပ်ဖွဲ့ဝင်လား၊ ဒလန်လာလုပ်တာလား အတိအကျတော့မသိရဘူးပေါ့ဗျာ။ ဒါပေမဲ့ သူဟာသူ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တပ်ဖွဲ့ရဲ့သင်တန်းကိုတက်ပြီး ရှေ့တန်းကို ထွက်ရတယ်။ အခုလို ရှေ့တန်းရောက်ပြီးမှ ထွက်ပြေးတာက သစ္စာဖောက်တာပါပဲ။ တယ်လီဂရမ်တွေမှာ ဝေဖန်နေ၊ […]

လောင်းလုံး သဘော့ဆိပ်ရွာအနီး လက်နက်ကြီးကျည်များကျ၊ ရွာအနီးပင်လယ်ပြင်တွင် စစ်သင်္ဘောနှစ်စီးနေရာယူ

Dawei Watch

August 13, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ အရှေ့ဘက်တွင် ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ ညနေ ၆ နာရီဝန်းကျင်တွင် သဘော့ဆိပ်ရွာ အရှေ့ဘက် တောတန်းတစ်လျှောက်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးက ပြောသည်။ “လက်နက်ကြီး သုံးလုံးကျတယ်။ တော်တော်ကြမ်းတယ်။ ရွာထဲကိုတော့ မကျဘူး” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါ လက်နက်ကြီးကျည်များမှာ မည်သည့်နေရာက ပစ်ခဲ့သည်ဆိုသည်ကိုမူ အသေးစိတ် မသိရသေးပေ။ ဒေသခံအချို့ကမူ လောင်းလုံးမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ ဘက်က ပစ်ခတ်ခြင်းကြောင်း ဆိုသည်။ “ညနေက ၁၀၄ ထဲ (စစ်ကောင်စီတပ်သားတွေ) မြေတင်ကားတွေနဲ့ ဝင်သွားသလို အပြင်မှာလည်း ထွက်စစ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက […]

မြိတ်မြို့၊ ကန်တော်မင်္ဂလာတွင် တည်ဆောက်မည့် ရေပေါ်ဆိုလာ လျှပ်စစ်စီမံကိန်းကို မလုပ်ရန် ပကဖသတိပေး

Dawei Watch

August 12, 2024

မြိတ်မြို့ ကျက်သရေဆောင်တစ်ခုဖြစ်သည့် ကန်တော်မင်္ဂလာ(ရေကန်ဘောင်) တွင် စစ်ကောင်စီက ရေပေါ်ဆိုလာလျှပ်စစ်စီမံကိန်းကို အကောင်အထည် မဖော်ရန် မြိတ်ပကဖအဖွဲ့က သတိပေးတားမြစ်ချက် ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်လိုက်သည်။ ထိုမင်္ဂလာကန်တော်မှာ မြိတ်မြို ကန်ကြီးနယ်မြေ ကန်ကြီးရပ်ကွက်တွင်တည်ရှိပြီး ၂၁ ဧက ကျော်ကျယ်ဝန်းသည်။ စစ်ကောင်စီသည် အဆိုပါရေကန်ပေါ်တွင် ‌ဆိုလာအချပ်ရေ ၇၄၈၈ ချပ်တပ်ဆင်ပြီး ၄ ဒသမ ၀၈ မဂ္ဂါဝပ်ထုတ်လုပ်မည့် လျှပ်စစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနက ဩဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရေကန်အကျယ်အဝန်း၏ သုံးပုံတစ်ပုံပမာဏနှင့်ညီမျှသော‌ ၇ ဧကကျော်ကို စီမံကိန်းအတွက် အသုံးပြုမည်ဟုလည်း ဆိုထားသည်။ ကန်တော်မင်္ဂလာသည် ရှေ့ဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လာပြီး သမိုင်းဝင်ကန်ဖြစ်ကြောင်း၊ မြို့နေပြည်သူများ၏ အပန်းဖြေနေရာအဖြစ် သတ်မှတ်ထားသည့် နေရာလည်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် […]