ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်လောင်းအဖြစ် သက်ဆင်သမီးကို အမည်တင်သွင်းဖွယ်ရှိ

Dawei Watch

August 15, 2024

ထိုင်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကို မနက်ဖြန် သောကြာနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်၌ မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြေညာလိုက်သည်။ ယမန်နေ့ညက တရားရေးဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဟောင်းဖြစ်သော အသက် ၇၅ နှစ်အရွယ် Chaikasem Nitisiri ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းရန် သဘောတူနေခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် သက်ဆင်သမီးကို တင်သွင်းရန် ရည်ရွယ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မနက်ဖြန်တင်သွင်းမည့် ညွန့်ပေါင်းအဖွဲ့က တင်သွင်းမည့် ဝန်ကြီးချုပ်လောင်းမှာ မည်သူဖြစ်မည်ဆိုသည်ကို ပါတီဦးဆောင်သူများနှင့် […]

မောရဝတီရေတပ်က ဖမ်းထားသည့် ဖောင်းတောရွာသားနှစ်ဦး မိသားစုနှင့်အဆက်အသွယ်မရ

Dawei Watch

August 15, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဩဂုတ်လဆန်းပိုင်းနှင့် ၁၃ ရက်တို့က အဖမ်းခံထားရသည့် ရွာသားနှစ်ဦး မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ အသက် ၂၅ နှစ်ဝန်းကျင် ကိုဇေယျာဦးနှင့် အသက် ၅ဝ ကျော်အရွယ် ဦးသိန်းမြင့်လွင် (ခ) ကိုစုကမ်း တို့နှစ်ဦးကို မောရဝတီ ရေတပ်မှ စစ်ကောင်စီတပ်သားများက ၎င်းတို့၏နေအိမ်များတွင်ပင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများ ပြောသည်။ ကိုဇေယျာဦးသည် ရေဖြူမြို့နယ်၊ ကောင်းမှုရွာသားဖြစ်ပြီး ဖောင်းတောရွာသူနှင့် အိမ်ထောင်ကျပြီးနောက် အုန်းပင်ကွင်း ရွာရှိ ဥယျာဉ်ခြံသို့ ပြောင်းရွှေ့နေထိုင်နေသူဖြစ်ကြောင်း ကိုဇေယျာဦး နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ ကိုဇေယျာဦးသည် ဖောင်းတောရွာနေအိမ်သို့လည်း ရံဖန်ရံခါပြန်လာလေ့ရှိကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။ “ဖောင်းတောအိမ်က သူတို့တွေ သိပ်မနေဘူး။ တစ်ခါတလေမှ ပြန်လာကြတယ်။ အုန်းပင်ကွင်းမှာ ခြံသွားစိုက်နေကြတာ။ ၁၃ ရက်နေ့ […]

ပုလော ဆင်ထိုးကြီးရွာတွင် တိုက်ပွဲထပ်ဖြစ်

Dawei Watch

August 15, 2024

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် ဩဂုတ်လ ၁၄ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တို့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံအချို့ထံက သိရသည်။ ဆင်ထိုးကြီးကျေးရွာကို စစ်ကြောင်းပြန်ထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားနေစဉ် ပလောက်မြို့အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက တိုက်ပွဲဖြစ်သည့် နေရာအနီးတဝိုက်ကို လက်နက်ကြီး ဖြင့် ပစ်ကူပေးခဲ့ကြောင်းဆင်ထိုးကြီးကျေးရွာအုပ်စုက KNLA နှင့် နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ဒေသခံများထွက်ပြေးနေရသဖြင့် နေအိမ်ထိခိုက်မှု အခြေအနေနှင့် ဒေသခံများ ဖမ်းဆီးခံရမှု ရှိမရှိတို့ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက်တွင် […]

ပြည်တွင်းတည်ငြိမ်ရေး ကူညီပေးရန် တရုတ်ကို ဦးသန်းရွှေအကူအညီတောင်း

Dawei Watch

August 15, 2024

ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ရေးနှင့် ပြည်တွင်းတည်ငြိမ်ရေးတို့အတွက် တရုတ်နိုင်ငံက ကူညီပေးရန် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေက တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသို့ ဩဂုတ်လ ၁၄ ရက်က လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေတို့ နေပြည်တော်တွင်တွေ့ဆုံစဉ် ယင်းသို့တောင်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သည်။ မစ္စတာဝမ်ယိသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ သည်။ ယင်းသို့တွေ့ဆုံရာတွင် အထွေထွေရွေးကောက်ပွဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြီး ဒီမိုကရေစီ အသွင်းကူးပြောင်းရေးဖြစ်စဉ်ကို ပြန်လည်စတင်ရန်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက ပြောဆိုသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ တစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ကာကွယ် ထိန်းသိမ်းခြင်းကို အစဉ်အမြဲထောက်ခံကြောင်း ၎င်းက […]

ထားဝယ်တွင် စစ်ကောင်စီ နယ်လုံဝန်ကြီးယာဉ်တန်း ပစ်ခတ်ခံရ

Dawei Watch

August 15, 2024

ထားဝယ်မြို့ တွင် တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လိုက်ပါလာသည့်ယာဉ်တန်း ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့ခံအချို့၊ စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့် ယာဉ်တန်းသည် ဩဂုတ်လ ၁၅ ရက် ယနေ့ နံနက် ၈ နာရီခန့်က ဆင်ဆိပ်ရပ်ကွက် ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် ပစ်ခတ်ခံရကြောင်း တိုင်းစစ်ကောင်စီရုံးနှင့် နီးစပ်သူနှစ်ဦးက ပြောသည်။ “ယာဉ်တန်းနဲ့ သွားနေတုန်း အပစ်ခံရတာလို့ ကြားတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု တနင်္သာရီတိုင်း စစ်ကောင်စီရုံးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ် အကြီးတန်းအရာရှိတစ်ဦး ထားဝယ်မြို့ကို ရောက်နေသည့်အတွက် နယ်လုံဝန်ကြီးက ယာဉ်တန်းဖြင့် သွားလာချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်းကြောင်း တိုင်းစစ်ကောင်စီနှင့် နီးစပ်သူ အခြားတစ်ဦးက […]

ထားဝယ်တွင် စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်

Dawei Watch

August 14, 2024

ထားဝယ်မြို့တွင် စက်သုံးဆီ ပြတ်လပ်သွားသဖြင့် ဆိုင်ကြီးများအားလုံး အရောင်းရပ်ဆိုင်းသွားကြောင်း မြို့ခံအချို့က ပြောသည်။ တစ်နိုင်တပိုင် အရောင်းဆိုင်များတွင်မူ ဝယ်ယူရရှိနေဆဲဖြစ်သော်လည်း ယခင်ကထက် ထက်ဝက်ကျော် ဈေးထိုးတက် သွားကြောင်း မြို့ခံတို့ကဆိုသည်။ ယခင်က ထားဝယ်မြို့တွင် စက်သုံးဆီတစ်လီတာကို ၃၂၀၀ ကျပ်သာရှိရာမှ လက်ရှိတွင် တစ်လီတာ ၅၀၀၀ ကျပ်ဖြင့် ဝယ်ယူနေကြရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “အခု မြို့ထဲက ပြန်လာတာ ဆိုင်ကြီးတွေမှာ ဘယ်ဆိုင်မှာမှ ထည့်မရဘူး။ လမ်းဘေးဆိုင်က ထည့်လာတာ တစ်လီတာက ၅၀၀၀ (ကျပ်) ပေးရတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ ညနေ ၄ နာရီတွင်‌ ပြောသည်။ နယ်ကျေးရွာတို့တွင်လည်း ယနေ့တွင် နေ့ချင်းညချင်း ဈေးမြင့်တက်သွားပြီး ကျေးရွာအချို့တွင် တစ်လီတာ ကျပ် ၆၀၀၀ ဖြင့်ပင် […]

မောင်မယ်ရှောင်ရွာတွင် အမျိုးသမီးငယ်တစ်ဦး မိုင်း‌နင်းမိပြီး ခြေထောက်ဒဏ်ရာရ

Dawei Watch

August 14, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် အသက် ၁၉ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းနင်းမိပြီး ခြေထောက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က မောင်မယ်ရှောင်ဒေသခံများအား ဩဂုတ်လ ၁၃ရက်မှစပြီး သုံးရက်အတွင်း အဝတ်အစား အသုံးအဆောင်များကို ယူဆောင်ခွင့်ပြုထားသည့်အတွက် သွားယူရာမှ အပြန်တွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ယူပြီး ပြန်ထွက်လာမှ နင်းမိတယ်။ အခုဖြစ်တာက သူတို့အိမ်နားတစ်ဝိုက်ပဲ” ဟု ဒေသခံအမျိုးးသမီးတစ်ဦးက ပြောသည်။ မိုင်းနင်းမိသည့် အမျိုးသမီးငယ်ကို အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဘက်သို့ ဆေးကုသရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “ခြေထောက်က ဖြတ်ရဖို့ရှိတယ်လို့ ကြားရတယ်” ဟု အဆိုပါအမျိုးသမီးငယ်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မိုင်းနင်းမိသည့် အမျိုးသမီးငယ်နှင့် မိသားစုတို့မှာ […]

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

August 14, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူအချို့ထံက သိရသည်။ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့က နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသီး သုံးလုံးကြဲချတိုက်ခိုက်ခဲ့ပြီး ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ပြောသည်။ “ဒီမနက်ပိုင်းက ၅၆၁ တပ်ရင်းဖက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒါကြောင့်(စစ်တပ်က)လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိခိုက်မှုတော့မရှိဘူး” ဟု တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ဆိုသည်။ သကျက်ရွာ၊ ၆ မိုင်ရွာ၊ ကျွဲထိန်းကုန်း၊ မုတ်ဆိတ်ကွင်း၊ ကျောက်မိကျောင်းရွာများကို စစ်တပ်က K8W ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးသီးအလုံးရေ ၁၀ ကျော်ကြဲချတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်းစစ်ကြောင်း(၂)၏ ပြန်ကြားရေး […]