ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာလုပ်သားများ လစာ ၂၅ရာခိုင်နှုန်း ပြန်မလွှဲပါက အေဂျင်စီကို ဆိုင်းငံ့မည်ဟုအကျပ်ကိုင်

Dawei Watch

August 12, 2024

ပြည်ပရောက် မြန်မာအလုပ်သမားများသည် လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ ဘဏ်စနစ်ဖြင့် ငွေပြန်မလွှဲပါက စေလွှတ်ထားသော ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်း ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစ၍ ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ အခြေခံလစာ ၂၅ ရာခိုင်နှုန်း ကို ပြည်တွင်းရှိ မိသားစုဝင်များထံသို့ ဘဏ်က လွှဲပေးရမည်ဟု သက်ဆိုင်ရာအေဂျင်စီနှင့် အလုပ်သမားကြား စာချုပ်ချုပ်ဆိုထားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ယင်းလတွင် စေလွှတ်ထားသော မြန်မာအလုပ်သမားများမှ မိသားစုလွှဲပို့ငွေများ ပေးပို့လာခြင်း ရှိမရှိကို စေလွှတ် ထားသော အေဂျင်စီများက ယနေ့ ဩဂုတ်လ ၁၂ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာနသို့ အထောက်အထားများနှင့်တကွ […]

လောင်းလုံး လဝကရုံးစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးဟုဆို

Dawei Watch

August 12, 2024

လောင်းလုံးမြို့ လဝကရုံးရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ ထံမှ သိရသည်။ ဩဂုတ်လ ၁၀ရက် မွန်းတည့် ၁၂နာရီခန့်တွင် လဝကရုံး စစ်ရေးဂိတ်အား အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းပေါ် ထွက်စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းယုန်က ပြောသည်။ “သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) က လေးယောက် ဘန်ကာအပြင်မှာ ရှိနေကြတယ်။ အဲဒီထဲက နှစ်ယောက်က ကားကို ထွက်ပြီးစစ်တယ်။ ကားထွက်သွားတာနဲ့ လမ်းပေါ်မှာရှိနေတဲ့ နှစ်ယောက်ကို အဓိကထားပြီးပစ်တာ။ အဲဒီနှစ်ယောက် ကတော့ သေတယ်ဆိုတာ မျက်မြင်အတည်ပြုချက်ရတယ်။ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာရသလားဆိုတာ စုံစမ်းနေတယ်” ဟု ရဲဘော်လင်းယုန်က ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့်အတူ ကျောင်းသားတော်လှန်ရေးတပ်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း […]

ထားဝယ်အရှေ့တောဒေသတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

August 12, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်းတွင် ရွှေချောင်းရွာအနီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း KNLA တပ်နှင့် ဒေသခံအချို့က ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၈ရက်က အရှေ့တောဒေသကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျောက်မဲတောင်စခန်း ကို ရောက်ရှိလာပြီးနောက် မေတ္တာဗျူဟာစခန်းဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။ ဩဂုတ်လ ၁၁ ရက်တွင် ကျောက်မဲတောင်ရွာမှ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှု အချိန်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းနောက် မေတ္တာဗျူဟာစခန်းကို ဆက်လက်စစ်ကြောင်းထိုးလာရာ ယနေ့ ဩဂုတ်လ ၁၂ရက် နံနက်ပိုင်းက ရွှေချောင်းရွာ အရောက်တွင် KNLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်စစ်ကြောင်းတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ကြောင်း ဒေသခံတို့က […]

တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြား မြိတ်-ကော့သောင်းလမ်းပိုင်း ဖြတ်သန်းခွင့်ပိတ်ထား

Dawei Watch

August 12, 2024

တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြားရှိ မြိတ်-ကော့သောင်းလမ်းပိုင်းကို စစ်ရေးအခြေအနေအရ ယနေ့ ဩဂုတ်လ ၁၂ရက် နံနက် ၉နာရီခန့်ကစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။ တနင်္သာရီမြို့မှ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အစပ် 1020 တောင်အထိ ခရီးသွားလာခြင်းကို ပိတ်ထားကြောင်း ၎င်းက ဆိုသည်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခလရ ၅၆၁ တပ်ရင်းကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လမ်းမကြီးပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ သဖြင့် ယင်းလမ်းပိုင်းအသုံးပြုခြင်းအား တားမြစ်ခြင်းဖြစ်ကြောင်း တိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောဆိုသည်။ “ဒီမနက် ကန့်သတ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အသွားအလာ မလုပ်ဖို့ပါပဲ။ ခွင့်မပြုပေးမချင်း မဖြတ်သန်းရ၊ စကစတပ်တွေဘက်က ကန့်သတ်လမ်းပိုင်းထဲ လက်နက်ကြီးနဲ့ ပစ်နေလို့ […]

ထိုင်းတောင်ပိုင်းမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ကရင်ရိုးရာလက်ချည်ပွဲ

Dawei Watch

August 11, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမှာ ကရင်ရိုးရာလက်ချည်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီမြို့ရှိ ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းမှာ ဒီနေ့ ဩဂုတ်လ ၁၁ရက် မနက်က ကျင်းပခဲ့တာပါ။ ထိုင်းတောင်ပိုင်းရောက် ကရင်တိုင်းရင်းသားတွေက ဦးဆောင်ကျင်းပခဲ့တာပါ။ ရိုးရာလက်ချည်ပွဲမှာ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ စူရတ်ဌာနီခရိုင်မှာ ကရင်တိုင်းရင်းသားတွေအပြင် မွန်နဲ့ ထားဝယ်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားအများအပြားက ရွှေ့ပြောင်းလုပ်သားတွေအဖြစ် နေထိုင်နေကြတာပါ။ မြန်မာနိုင်ငံသား အများအပြားရှိတဲ့အတွက် တိုင်းရင်းသားလူမျိုးအလိုက် ရိုးရာပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 11, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၄ ရက်မှ ဩဂုတ်လ ၁၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၅၈၀၀နီးပါးရှိလာ အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါး ရှိလာပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင် ၂နှစ်ခွဲကျော်ကာလမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ နှစ်ထောင်ကျော်ရှိပြီး ၁၀၂၇ အလွန်မှာတော့ နှစ်ဆကျော် ထပ်တိုးလာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးမှာ ၂၆ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ ဒုတိယအများဆုံးကတော့ ကရင်နီ (ကယား) […]

ပုလော ဆင်ထိုးကြီးရွာအုပ်စုတွင် စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ရ

Dawei Watch

August 10, 2024

ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများကို KNLA တပ်က နယ်မြေရှင်းလင်းချိန် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်းအချို့ရရှိကြောင်း KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၂၊ KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ ၏ တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ ဩဂုတ်လ ၈ ရက်က နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် ၆၀ မမ၊ ၈၁ မမ အပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဓာတ်ပုံမှတ်တမ်းအရ သိရသည်။ “ရန်သူပြန်ဆုတ်တဲ့အချိန်မှာ သူတို့ (KNLAတပ်ဖွဲ့ဝင်တွေ) သွားတက်ရှင်းတာမှာ ပစ္စည်းတွေနည်းနည်းပါးပါးကျန်တယ်” ဟု ဗိုလ်မှူး စောမှူးဂေက ပြောဆိုသည်။ ဆင်ထိုးကြီးရွာစု၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် KNLA တပ်ဘက်က […]

ရန်ကုန်တွင် ဆေးလာကုသည့် ထားဝယ်သားတစ်ဦး ပျောက်နေ

Dawei Watch

August 10, 2024

ရန်ကုန်တွင် ဆေးကုရန်လာသည့် ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကင်းတောင်ရွာမှ အမျိုးသားတစ်ဦး ဩဂုတ်လ ၆ ရက် ညက ပျောက်ဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံကသိရသည်။ ပျောက်ဆုံးသူမှာ အသက် ၄၉ နှစ်အရွယ် ဦးစိုးဝင်းဆိုသူဖြစ်ပြီး ၎င်းတည်းခိုနေသည့် ဘုန်းကြီးကျောင်းမှ ရုတ်တရက်ပျောက်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး ကဆိုသည်။ ဦးစိုးဝင်းသည် ဗဟန်းမြို့နယ် ၊ ရေတာရှည်လမ်းသစ် ၊ ရွှေကျင်ကျောင်းတိုက်တွင် မပျောက်ဆုံးမီအထိ ၎င်း၏ဇနီးနှင့်အတူ တည်းခိုနေထိုင်ခဲ့သည်။ “အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပျောက်သွားတာ၊ ဖိနပ်တောင်ပါမသွားဘူး။ မိုးပြာရောင်အင်္ကျီလက်တို နဲ့ လုံချည်ဝတ်ထားတယ် ။ သူက ကျန်းမာရေးလည်း မကောင်းဘူး ။ အရက်သောက်များတဲ့ဒဏ်ကြောင့် တခါတလေ ကြောင်သလိုဖြစ်တယ် ။ အဲဒါကြောင့် စိတ်ပူနေရတယ်” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ ယနေ့ဩဂုတ်လ ၁ဝ ရက်နေ့အထိ […]