ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ပလုံကောက်သွားရင်း ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်းပြန်တွေ့

Dawei Watch

August 10, 2024

ပလုံကောက်သွားရင် ရေနစ်ပျောက်ဆုံးသွားသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး၏အလောင်းကို ယနေ့ (ဩဂုတ် ၁၀) နံနက် ၉ နာရီ ခန့်တွင် ထားဝယ်မြစ်ထဲ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့ခံများကပြောသည်။ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီး(ထားဝယ်မြစ် အတွင်း) ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေများအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ သေဆုံးသူမှာ အသက် ၁၄ နှစ်အရွယ်ရှိ မြို့သစ် ၇ လမ်းတွင် နေထိုင်သည့် မကေသီသွယ်ဖြစ်‌ကြောင်းသိရသည်။ သေဆုံးသူသည် ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီ အချိန်တွင် ညီအစ်မ တော်စပ်သူတစ်ဦးနှင့်အတူ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ကမ်းစပ်တွင် ပလုံကောက် နေရာမှ ရေထဲဆင်းစဥ် ရေနစ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မြိုခံများထံမှသိရသည်။ ရေနစ်ပျောက်ဆုံးနေသူကို ထားဝယ်မြို့အခြေစိုက် ရေကြောင်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့ခံလူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်အောင်ပွဲက ဒုတိယအကြိမ် လွတ်လပ်ရေးရခဲ့တာလို့ဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကြောင့် ဒုတိယအကြိမ် လွတ်လပ်ရေးရရှိခဲ့ပြီလို့ ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ နိုင်ငံကို ပြန်ရောက်လာတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမတ်စ် ယွန်နတ်စ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံကို ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားအောင် သူ့အစိုးရအနေနဲ့ ကြိုးပမ်းသွားမယ်လို့ ဩဂုတ်လ ၈ ရက်နေ့ ကျန်းသစ္စာဆိုပွဲမှာ ပြောကြားလိုက်တာပါ။ ဒီလိုဖြစ်အောင် ကြိုးပမ်းခဲ့ကြတဲ့ လူငယ်တွေကို ကျေးဇူးတင်တယ်လို့ သူက ဆိုပါတယ်။ လူငယ်၊ ကျောင်းသားတွေဟာ နိုင်ငံကိုကာကွယ်ပြီး တိုးတက်တဲ့နိုင်ငံသစ်ဆီ အရှိန်နဲ့သွားနိုင်ဖို့ နိုင်ငံကို အသစ်တဖန်မွေးဖွားပေးခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ ကျောင်းသားတွေ အချိန်အပတ်များစွာ ဆန္ဒပြခဲ့ကြတဲ့နောက် […]

ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ ရွာသား ၁၀ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းဖမ်းခေါ်

Dawei Watch

August 9, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် NMSP-AD တို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆၊ ခမရ ၅၈၈ တပ်ရင်းက အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာဘက်သို့ ဝင်ရောက်လာချိန် NMSP-AD ၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် ဩဂုတ်လ ၈ ရက် ညနေ ၃ နာရီတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်းNMSP-AD ထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲသည် ည ၉ နာရီခွဲထိ ဖြစ်ပွားခဲ့ပြီး ယနေ့ ဩဂုတ်လ ၉ ရက် နံနက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီက ကျေးရွာလေးရွာကို တိုက်လေယာဉ်နှစ်စင်းဖြင့်ဗုံးကြဲ

Dawei Watch

August 9, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာလေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။ ဩဂုတ်လ ၈ ရက် နေ့လယ်၁၂ နာရီဝန်းကျင်က ကျောက်မိကျောင်း၊ သကျက်ချောင်းဝ၊ မုတ်ဆိတ်ကွင်းနှင့် ကွင်းသစ် ကျေးရွာတို့ကို K 8W ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် မိနစ်ပိုင်းခြားပြီး ဗုံးကြဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ဗုံးကြဲတိုက်ခိုက်သည့်အပြင် ပွိုင့်ဖိုက်(ပွိုင့်5) စက်သေနတ်ဖြင့်ပစ်ခတ်ပြီး ရော့ကတ်ဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “အခုကြဲသွားတာက အရင်ကတစ်ခါမှ မကြဲခဲ့ဖူးတဲ့နေရာတွေလို့ ပြောလို့ရတယ်။ အဓိကက သူတို့ (စကစ) က ညောင်ပင်ကွင်း (၅၆၁) တပ်ရင်းဘက် သွားတဲ့လမ်းတစ်လျှောက်က ရွာတွေကို တော်လှန်ရေးရဲဘော်တွေ ရှိတယ်ဆိုပြီး ရမ်းသမ်းကြဲတာမျိုးပါ” ဟု ၎င်းက ပြောဆိုသည်။ […]

ကျပ်တစ်သိန်း ဘတ် ၆၀၀ အောက်ရောက်ရှိ၊ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျ

Dawei Watch

August 9, 2024

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကျပ်တစ်သိန်းလျှင် ထိုင်းငွေ ဘတ်ခြောက်ရာအောက်သို့ စံချိန်တင်ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ (ဩဂုတ် ၉) နံနက်ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၅၉၀ ဘတ်သာရှိတော့သောကြောင့် ထိုင်းငွေတစ်ဘတ်လျှင် ၁၆၉ ကျပ်ဈေး ဖြစ်သွားသည်။ ဩဂုတ်လ ၈ ရက်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၅၀ ပေါက်ဈေးရှိခဲ့ပြီး ယနေ့တွင် ကျပ်ငွေတန်ဖိုးဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။ ယနေ့ပေါက်ဈေးဖြစ်သည့် ကျပ်တစ်သိန်းလျှင် ၅၉၀ ဘတ်မှာ ကျပ်ငွေမှ ဘတ်ငွေလဲလှယ်ရာတွင်ရသည့်နှုန်းထား ဖြစ်ပြီး ဘတ်ငွေမှ ကျပ်ငွေလဲလှယ်ပါက ၆၂၀ ဘတ်လျှင် ကျပ်တစ်သိန်းပေါက်ဈေးရှိသည်။ ငွေလွှဲရာတွင် ဝန်ဆောင်ခအနေဖြင့် ကျပ်တစ်သိန်းလျှင် ၁၅ ဘတ်မှ ဘတ် ၃၀ အထိ ဈေးခွာထားလေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီက ငွေကြေးလိုအပ်ချက်များပြားလာသည့်အတွက် ငွေစက္ကူအသစ်ရိုက်ထုတ်ခြင်း၊ ဘဏ်များအပေါ် […]

Move Forward ပါတီဝင်များ People’s Party အမည်ဖြင့် ပါတီသစ်ထောင်

Dawei Watch

August 9, 2024

ဖျက်သိမ်းခံလိုက်ရသော Move Forward ကို People’s Party အမည်ဖြင့် ပါတီသစ်ထောင်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၉ ရက်တွင် ကြေညာသည်။ Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းတည်ထောင်မည့် People’s Party (ပြည်သူ့ပါတီ) ၏ နိုင်ငံရေးသဘောထားမှာ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် သဟာယစိတ်ဓာတ် ဟူသော ဆောင်ပုဒ်ဖြစ်သည်။ ပါတီခေါင်းဆောင်အဖြစ် ချူလာလောင်ကွန်းတက္ကသိုလ်က ကွန်ပျူတာအင်ဂျင်နီယာမေဂျာဖြင့် ဘွဲ့ရထားသော အသက် ၃၇ အရွယ်ရှိ Mr. Nattapong Ruangpanyawut ကို ခန့်အပ်လိုက်သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် နှစ်ကြိမ်အနိုင်ရရှိထားသော လူငယ်အမတ်တစ်ဦးဖြစ်သည်။ ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ် ၁၄၃ ဦးစလုံးသည် ပါတီအသစ်ထံသို့ ပါတီဝင်များအဖြစ် လျှောက်ထားပြီးဖြစ်ကြောင်း […]

ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်သဖြင့် စစ်ရဟတ်ယာဉ်ထိခိုက်ပျက်စီးမှုရုပ်သံ NUG ထုတ်ပြန်

Dawei Watch

August 9, 2024

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်ကို ဗုံးချတိုက်ခိုက်ခဲ့သည့် ရုပ်သံ မှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၉ရက်တွင် ထုတ်ပြန်သည်။ အဆိုပါရဟတ်ယာဥ်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၆ရက် ညနေပိုင်းက မြေပြင်၌ ပစ္စည်းချပြီး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီ တပ်သားများကို တင်ဆောင်နေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။ ရဟတ်ယာဉ် အမြီးပိုင်းနှင့် လူတင်နေသော အနောက်တံခါးပေါက်အနီးသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ထိခိုက်ပျက်စီးသည့်အပြင် စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းက အရာရှိအပါအဝင် ခုနစ်ဦး နေရာတွင်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ရဟတ်ယာဥ်မှူးတစ်ဦး အပါအဝင် ၁၇ ဦး […]

ညောင်ပင်ကွင်းတံတား စစ်ကောင်စီတပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ် တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

August 9, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒေသတွင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၈ရက် နံနက် ၁၁ နာရီခန့်မှ မွန်းလွဲ ၁နာရီခွဲအထိ တိုက်ခိုက်သံများကြားရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအပါအဝင် တိုက်ပွဲအခြေအနေအသေးစိတ်ကို အတည်ပြုနေဆဲ ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ စကစ က တနင်္သာရီမြို့ပေါ်ကနေရော ညောင်ပင်ကွင်း ၅၆၁ တပ်ရင်းကပါ လက်နက်ကြီးတွေနဲ့ တစ်နေ့လုံး နားနားပြီးပစ်နေတယ်။ ရမ်းသမ်းပစ်တာမျိုးပေါ့”ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များက ဆင်ခေါင်း၊ ငါးမိုင်ရွာ စသည့် […]