ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာအလုပ်သမားများ လုပ်အားခ ဘတ် ၁၅ သိန်းကျော် မရ၍ ထိုင်းအလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

August 8, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွန်းဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ထဲတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၁၅ သိန်းကျော် မရခဲ့သဖြင့် အလုပ်ရှင်ကို ဩဂုတ်လ ၆ ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် ကူညီဖြေရှင်းပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၂၅ ဦးသည် လန်စွန်းဒေသရှိ CJA Construction ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေစဉ် ပြီးခဲ့သောနှစ် စက်တင်ဘာလမှစ၍ လုပ်အားခများ အပြည့်အဝ မရရှိတော့ကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်တင်ဘာလမှစ၍ ကြားလများတွင်လည်း လုပ်အားခများကို ရက်ပိုင်းမျှသာ ရှင်းပေးနေခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအရောက်တွင် လုပ်အားခများ လုံးဝ ရှင်းပေးခဲ့ခြင်း မရှိတော့ကြောင်း အလုပ်သမားများက ပြောသည်။ ထို့ကြောင့် လုပ်အားခမရှင်းပေးသော ရက်များကို အလုပ်သမားများက တွက်မှတ်ထားရာ ငါးလအတွင်း […]

မောင်မယ်ရှောင်ရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၀အထိရှိလာ၊ စစ်ကြောင်းရွာထဲရှိနေဆဲ

Dawei Watch

August 8, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာတွင် မီးရှို့ခံရသည့် နေအိမ် ၂၀အထိရှိလာကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇူလိုင်လ နောက်ဆုံးအပတ်က နေအိမ် လေးဆောင်နှင့် ဩဂုတ်လ ၅ ရက်က နေအိမ် ၁၆ ဆောင်တို့ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ မောင်မယ်ရှောင်ကျေးရွာရှိ လူနေအိမ်များတွင် ဝင်ရောက်နေထိုင်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က ဩဂုတ်လ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းတပ်နှင့်နီးစပ်သူတစ်ဦးက Dawei Watch သို့ ပြောသည်။ “ပစ္စည်းယူနေတုန်း ဝင်တိုက်တယ်ပြောတယ်။ စစ်သားသေတာများတယ်လို့လည်း ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ထိုသို့တိုက်ခိုက်ခံရပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာသို့ အင်းအားထပ်ဖြည့်ဝင်ရောက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ခိုက်ခံရနေရာအနီးဝန်းကျင်ရှိ […]

ထားဝယ်မြစ်ထဲ မိန်းကလေးတစ်ဦးရေနစ်ပျောက်ဆုံး၊ ကယ်ဆယ်ရေးအဖွဲ့ပူးပေါင်းရှာနေ

Dawei Watch

August 8, 2024

ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့ဆိပ်အနီးရှိ ထားဝယ်မြစ်ထဲတွင် ယနေ့ နံနက်ပိုင်းက ဆယ်ကျော်သက် မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးအဖွဲ့ များ ပူးပေါင်းရှာဖွေနေကြောင်း မြို့ခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၈ရက် နံနက် ၁၁နာရီခန့်တွင် အသက် ၁၄နှစ်အရွယ် ညီအစ်မဝမ်းကွဲတော်စပ်သည့် မိန်းကလေးနှစ်ဦး ရေဆော့ကစားနေစဉ် တစ်ဦးမှာ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “(ညီမတော်စပ်သူ) တစ်ယောက်က ရေနက်ထဲဆင်းဆော့နေလို့ မဆော့ဖို့တားရင်း အစ်မ (တော်စပ်သူ) ရေနစ် သွားလို့ ညီမလုပ်သူက ဆင်းကယ်တာ နှစ်ယောက်စလုံးနစ်ပြီး ညီမလုပ်သူက ကမ်းကိုကူးလာနိုင်ခဲ့တယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ရေနစ်ပျောက်ဆုံးနေသည့် မိန်းကလေးကို ဩဂုတ်လ ၈ ရက် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ မတွေ့သေးကြောင်း မြို့ခံတို့ထံမှ သိရသည်။ […]

ပုလော မီးလောင်ချောင်းရွာ စစ်ကောင်စီနှင့်ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များစီးနင်း

Dawei Watch

August 8, 2024

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာ ရှိ စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းနေရာယူထားသည့် စခန်းကို ယနေ့ နံနက်ပိုင်း တွင် တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်း မဟာမိတ်တွင်ပါဝင်သည့် မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၆နာရီတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် KNDO တပ်ရင်း ၇ မဟာမိတ် တော်လှန်ရေးအင်အားစုများက စတင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်နာရီနီးပါးအပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဖော်ပြသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီနှင့် ပျူစောထီးများ စခန်းစွန့်ခွာသွားသဖြင့် ကျေးရွာစာသင်ကျောင်းအတွင်း ဆောက်ထားသည့် ဘန်ကာနှင့် ရပ်ရွာအတွင်းရှိ ကတုတ်ကျင်း နေရာများအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း တော်လှန်အင်အားစုများထံမှ သိရသည်။ မီးလောင်ချောင်းရွာနှင့် ဘုတ်ခြံရွာ အခြေစိုက် ခလရ ၁၇ ကြားတွင် စစ်ကောင်စီကာကင်းတစ်ခုရှိပြီး ယင်းနေရာသို့ ဆုတ်သွားပြီး […]

Move Forward ပါတီဝင်များ အသစ်ထောင်မည့်ပါတီကို မနက်ဖြန်ကြေညာမည်

Dawei Watch

August 8, 2024

ယမန်နေ့က ဖျက်သိမ်းခံလိုက်ရသော ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဝင်အမတ် ၁၄၀ ကျော်သည် အသစ်တည်ထောင်မည့်ပါတီသို့ အားလုံးပြောင်းရွှေ့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ အသစ်တည်ထောင်မည့် ပါတီကို မနက်ဖြန် ဩဂုတ်လ ၉ရက် နေ့လယ်ပိုင်းတွင် ကြေညာသွားမည်ဖြစ်ပြီး ပါတီအသစ်၏ ခေါင်းဆောင်ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဖျက်သိမ်းခံရသော Move Forward ပါတီ၏ လွှတ်တော်အမတ်များသည် တည်ဆဲပါတီတစ်ခုသို့ ရက် ၆၀ အတွင်း ပြောင်းရွှေ့မှသာ လွှတ်တော်အမတ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သောနှစ် မေလရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချလိုက်ပြီးနောက် ပါတီလက်မဲ့ဖြစ်သွားသည့် ပါတီဝင်အားလုံး ပါတီအသစ်ထောင်ရန် ဖြစ်လာခဲ့ကြသည်။ Move Forward ပါတီခေါင်းဆောင်ပိုင်းများဖြစ်သော ပီထာအပါအဝင် ပါတီဦးဆောင်သူ ၁၁ […]

စစ်ကောင်စီတပ် ရိက္ခာကားများကို တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်မိုင်းဆွဲတိုက်ခိုက်

Dawei Watch

August 8, 2024

တနင်္သာရီမြို့နယ်၊ ဇဝဲရွာနှင့် မော်တုံးရွာရှိ စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာလာပို့သည့်စစ်ကောင်စီတပ် ရိက္ခာကားများကို နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။ ဩဂုတ်လ ၆ရက် နေ့လယ် ၁၂နာရီခွဲခန့်တွင် တုံးဗျောကျေးရွာဘက်မှ ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီတပ် ရိက္ခာကားကို ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မိုင်းဆွဲပြီးချိန်တွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဩဂုတ်လ ၇ရက် ညနေ ၄ နာရီခန့်ကလည်း မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၆) တပ်ရင်းမှ ခလရ ၅၅၆ တပ်ရင်းရှိသည့် ဇဝဲကျေးရွာဘက်သို့ လာသည့် ရိက္ခာကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၁၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ […]

လောင်းလုံးမြို့နယ်တွင် ကျင်းပသည့် ၈၈၈၈ နေ့အခမ်းအနား

Dawei Watch

August 8, 2024

ယနေ့ကျရောက်သည့် ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနားကို ထားဝယ်ခရိုင်သပိတ်ကော်မတီမှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို ဖိတ်ကြားထားသည့် တော်လှန်ရေးအဖွဲ့များတက်ရောက်ပြီး အမှတ်တရစကားပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။ ထိုနောက် ထားဝယ်-လောင်းလုံး- ရှင်မော်သွားကားလမ်းအတိုင်း ချီတက်ပြီး စစ်အာရှင်ဆန့်ကျင်ရေးကြွေကြော်သံတို့ဖြင့် ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။

ရေဖြူ ဇာဒီရွာက လူငယ်တစ်ဦးဖမ်းဆီးခံရပြီး လေးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

August 8, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဩဂုတ်လ ၄ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးသွားပြီး လေးရက်ကြာအထိပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူသည် ဇာဒီရွာ၊ ရွာမရပ်ကွက်က အသက် ၂ဝကျော်အရွယ် ကိုသန်းထိုက်ဆိုသူဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ ဇာဒီနှင့် ခေါင်ပြန်ရွာ လမ်းပိုင်းရှိ တံတားအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆိုသည်။ “ဖားချောင်းအင်းရွာဘက်မှာ လူနှစ်ယောက်ကို သွားကြိုဖို့ သွားတဲ့အချိန် အဖမ်းခံရတယ်။ သူ့ကို မဖမ်းခင် သေနတ် မိုးပေါ်ထောင်ပစ်လိုက်သေးတယ်။ အချက်ရေတော်တော်များတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ အဖမ်းခံရပြီးနောက် ၎င်း၏လက်ကိုင်ဖုန်းအား စစ်ကောင်စီတပ်သားများက စစ်ဆေးပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အဆက်အစပ်ရှိသည်ဟု စွပ်စွဲ၍ မောရဝတီရေတပ်သို့ ခေါ်ဆောင်သွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက မိသားစုကို ဖုန်းဆက်ပြောဆိုခဲ့ကြောင်း […]