ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာမှ နေအိမ်များကို မီးရှို့

Dawei Watch

August 5, 2024

မောင်မယ်ရှောင်ရွာသို့ မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၅) ညနေပိုင်းတွင် ကျေးရွာအတွင်းမှ နေအိမ်များကိုမီးရှို့နေသည်ဟု ဒေသခံများကပြောသည်။ မောင်မယ်ရှောင်ရွာ ဘက်မှ မီးခိုးလုံးများ တက်နေသည်ကို ယနေ့ ညနေ ၃ နာရီ ကျော်ကမြင်တွေ့ရကြောင်း ခရီးသွား ‌ဒေသခံတစ်ဦးက Dawei Watch သို့ပြောသည်။ “မီးခိုးမဲတွေ တက်နေတယ် အလုံးလိုက်ပဲ မောင်မယ်ရှောင်ဖက်က ” ဟု ၎င်းကဆိုသည်။ မီးခိုးများ အလုံးလိုက်တက်နေသည့် နေရာမှာ မောင်မယ်ရှောင်ရွာ အရှေ့ပိုင်း ရပ်ကွက်ဖြစ်သည့် အုန်းတောရပ်ကွက်မှဖြစ်ကြောင်း မောင်မယ်ရှောင် ဒေသခံတစ်ဦးက ပြောသည်။ “ကြည့်ရတာတော့ ကျွန်မတို့နေတဲ့အပိုင်းပဲ ဘယ်နှစ်ဆောင်ဆိုတာ မသိတော့ဘူး ကြည့်ရင်းနဲ့ စိတ်ညစ်နေရတယ်”ဟု ဘေးလွတ်ရာ တိမ်းရှောင်နေသည့် မောင်မယ်ရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ […]

ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပြီး နိုင်ငံကထွက်ပြေး

Dawei Watch

August 5, 2024

နိုင်ငံတဝန်း ဆန္ဒပြပွဲများ ဆက်တိုက်ပြင်းထန်လာပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ရာထူးက နုတ်ထွက်လိုက်ပြီး နိုင်ငံက ထွက်ပြေးသွားပြီဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ရဲတပ်ဖွဲ့နှင့် လူပေါင်း ၁၀၀ ခန့်အထိ သေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးအထိ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ပြီး မြို့တော် ဒါကာရှိ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်ပြီး ရဟတ်ယာဉ်ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း အတည်ပြုထားသည်။ ၎င်းမှာအိန္ဒိယနိုင်ငံသို့ ထွက်ပြေးနိုင်ကြောင်း ယူဆထားကြသော်လည်း တိတိကျကျ မသိရသေးပေ။ ဝန်ကြီးချုပ် ထွက်ပြေးသွားပြီးနောက် […]

ထားဝယ်က ကိုလိုနီခေတ်အဆောက်အဦများကို ပန်းချီဖြင့် မှတ်တမ်းတင်ထားသည့်စာအုပ် ထွက်မည်

Dawei Watch

August 5, 2024

ထားဝယ်မြို့ နှင့် ထားဝယ်ခရိုင်အတွင်းရှိ ကိုလိုနီခေတ်ဟန် ရှေ့ဟောင်းအဆောက်အဦများကို ပန်းချီဖြင့် မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ် ယခုဩဂုတ်လအတွင်း၌ ထားဝယ်ခရိုင်ပန်းချီ၊ပန်းပု အစည်းအရုံး က ထုတ်ဝေမည်ဟု ယင်းအစည်းအရုံးထံကသိရသည်။ စာအုပ်အမည်ကို ” ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေ့ဟောင်းအဆောက်အဦများ ” အမည်ဖြင့် ထုတ်ဝေမည်ဖြစ်သည်။ ယင်းစာအုပ်တွင် ထားဝယ်ဒေသ၌ ကိုလိုနီခေတ်ကဆောက်ခဲ့သည့် ဘာသာရေးအဆောက်အဦများ၊ အများနှင့်သက်ဆိုင်သည့်အဆောက်အဦများ ၊ အစိုးရရုံးများ ၊ ဝန်ကြီးချုပ်ဟောင်း ဦးလွန်းဘော် စသည့် ထင်ရှားသူတို့နေခဲ့သည့် အိမ်များ နှင့် သာမန်အရပ်သားနေအိမ်များကို ပန်းချီဖြင့်ရေးဆွဲ မှတ်တမ်းတင်ထားသည်။ ပန်းချီ၊ပန်းပုအစည်းအရုံးဝင် ပန်းချီဆရာ အောင်ကျော်မျိုး ရေးဆွဲထားသည့် ကိုလိုနီခေတ်ဟန် အဆောက်အဦ တစ်ရာကျော်၏ ပန်းချီကားများကို အဆောက်အဦများ၏ တည်နေရာ နှင့် နောက်ခံအကြောင်း အကျဉ်းများ ဖြင့် ‌ယှဉ်တွဲကာပုံနှိပ်ဖော်ပြထားသည်ဟု စာအုပ်စီစဉ်သူကဆိုသည်။ […]

ထားဝယ်တွင် မီးဖိုချောင်သုံးဂက်စ်ပြတ်လပ်

Dawei Watch

August 5, 2024

အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန်ဈေးမြင့်တက်လာနေသည့် မီးဖိုချောင်သုံးဂက်စ်မှာ ထားဝယ်တွင် ယနေ့မှ စတင်ပြီး ပြတ်လပ်နေကြောင်းထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်ဈေးကွက်တွင် ဝယ်ယူ၍ မရတော့သဖြင့် ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဂက်စ်ဆိုင်အချို့ထံမှ သိရသည်။ “အရင်လတွေက (ကီလိုငါးသောင်းနီးပါးပါ ဂက်စ်‌ဘောင်ဆာကား) တစ်စီးရလိုက်၊ နှစ်စီးရလိုက်နဲ့ ဖာထေးပြီးသွားနေတာ။ အခုကတော့ တစ်စီးမှကို မရတော့ဘူး။ ဒီနေ့ကစပြီး အကုန်ပြတ်ပြီ” ဟု ထားဝယ်မြို့ရှိ မီးဖိုချောင်သုံးဂက်စ်ရောင်းချသူ တစ်ဦးက ပြောသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့သို့ ရန်ကုန်အပြင် ထားဝယ်-ထီးခီးလမ်းအတိုင်း ထိုင်းနိုင်ငံမှ ဂက်စ်များ တင်သွင်း ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစပြီး ထီးခီးလမ်းမှ တင်သွင်း၍ မရတော့ကြောင်း ဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ ၂၀၂၂ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံမှ ထားဝယ်မြို့သို့ ထီးခီးလမ်းအတိုင်းမောင်းလာသည့် ဂက်စ်ဘောင်ဆာကားနှစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးမီးရှို့ပြီးနောက်ပိုင်း […]

မဟာချိုင်တွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သားလေးရာခန့် ဘတ် ၁၈သန်းကျော် နစ်နာကြေးရ

Dawei Watch

August 5, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့တွင် စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား လေးရာခန့် အလုပ်ထုတ်နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ ယင်းပမာဏသည် ပြီးခဲ့သော ၂နှစ်တာကာလအတွင်း အလုပ်သမားများ အလုပ်ထုတ်ခံရမှုတွင် နစ်နာကြေးရရှိမှု အများဆုံး ပမာဏဖြစ်ပြီး ဩဂုတ်လ ၄ ရက်က ရရှိခဲ့ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဇူလိုင်လ ဒုတိယအပတ်က အလုပ်ရှင်က ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းပြီဟု စကားပြန်မှ တစ်ဆင့်ပြောကြားခိုင်းပြီးနောက် မြန်မာအလုပ်သမား ၃၈၀ ဦးမှာ ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားသဖြင့် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်သမားများကို ခေါ်ယူပြီး […]

ရဟန်းအသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို တော်လှန်ရေးတပ် ဖမ်းဆီး

Dawei Watch

August 5, 2024

ရဟန်းအသွင်ယူပြီး ခရီးသည်တင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီးထားကြောင်း တောကြီးမြွေဟောက်တော်လှန်ရေးတပ်ဖွဲ့ က ဩဂုတ်လ ၅ ရက် (ယနေ့) ထုတ်ပြန်သည်။ ထိုကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီတပ်သားကို မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်တွင် ဇူလိုင်လ ၂၀ ရက် နံနက်က ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ မြိတ်ခရိုင်အတွင်း မြိတ်-ပုလောလမ်းပိုင်းတွင် တောကြီးမြွေဟောက်တပ်ဖွဲ့က စစ်ဆေးနေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သားသည် မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၀၁) တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားမှာ အသက် ၄၀အရွယ် မောင်ထွေးဆိုသူဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၃နှစ် ရှိပြီဖြစ်ကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ တောကြီးမြွေဟောက်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ကောင်စီတပ်သား၏ ကိုယ်ပိုင်အမှတ်မှာ […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက် ပြန်ကျ

Dawei Watch

August 5, 2024

တနင်္သာရီမြစ်ရေသည် ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေ အောက် ၁ ပေ ၂ လက်မ ပြန်လျော့ဆင်းသွားပြီဖြစ်ပြီး ရေကြီးရေလျှံနေသည့် ရပ်ကွက်၊ကျေးရွာများလည်း ရေကျသွားပြီဖြစ်ကြောင်း တနင်္သာရီဒေသခံများထံကသိရသည်။ တနင်္သာရီမြို့တွင်းရှိ ရပ်ကွက်နှင့်လမ်းများတွင် ရေကျသွားပြီဖြစ်ပြီး မြေနိမ့်သည့် မွန်စုရပ်ကွက်ဘက်တွင်သာ ရေအနည်းငယ် ကျန်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ” မြို့ထဲမှာ ရေမရှိတော့ဘူး ၊ အိမ်တွေပြန်ပြီး သန့်ရှင်းရေးလာလုပ်နေကြပြီ ၊ မွန်စုဘက်နဲ့ အခြား နည်းနည်းနိမ့်တဲ့ဘက်တွေမှာတော့ ရေခြေသလုံးလောက်ကျန်သေးတယ်။ မြုပ်နေတာတော့ မကျန်တော့ဘူး ” ဟု ၎င်းက ပြောသည်။ တကူတိုက်နယ်ဘက်တွင်လည်း ရေကျသွားပြီဖြစ်ပြီး နေအိမ်ပြိုကျပျက်စီးမှုများလည်း တွေ့ရှိရသည့်ဟု ‌ဒေသခံများကပြောသည်။ ” အင်းရှည်ကုန်းရပ်ကွက်မှာ ၉ ဆောင် ၊ ပြည်အေးရွာမှာ […]

လောင်းလုံးတွင် ငါးရက်ကြာ ပျောက်နေသည့်အဘွား ကျန်းကျန်းမာမာပြန်တွေ့

Dawei Watch

August 5, 2024

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင်နေထိုင်သည့် အသက် ၈၀ ကျော်အရွယ်အဘွား ဒေါ်နှင်းညွန့် ပျောက်ဆုံးပြီး ၅ ရက်မြောက်နေ့ ၌ ပြန်လည်ရှာဖွေတွေရှိခဲ့ကြောင်း မိသားစုဝင်များကပြောသည်။ ပန်းဒလဲရွာမှ သုံးမိုင်ကျော်ခန့်ဝေးသည့် ညင်းဝရွာအနီး တောထဲတွင် ယနေ့ မနက် ၉ နာရီဝန်းကျင်ခန့်တွင် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။ အိမ်သားများ၏နာမည်ကို အော်ခေါ်နေသည့် အဘွားအသံကို ဥယျာဉ်ခြံထဲ ရောက်နေသည့် ဒေသခံအမျိုးသမီးက စတင် ကြားရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဘွားဒေါ်နှင်းညွန့်ကို အိမ်ကထွက်သွားသည့် အဝတ်အစားအတိုင်း ပြန်လည်တွေ့ရှိသလို အဝတ်များ ရေစိုခြင်းမရှိကြောင်း၊ ကျန်းမာရေးလည်းကောင်းကြောင်း မိသားစုဝင်များကပြောသည်။ “အဘွားလက်ထဲမှာ ရေသဖန်းရွက် သုံးရွက်နဲ့ တောင်ဝှေးတစ်ချောင်းပါလာတယ်။ ထမိန်က ဇောက်ထိုးဖြစ်နေတယ်။ ကျန်တာအိမ်က ထွက်သွားတဲ့တိုင်း ပြန်တွေ့ရတာ မိသားစုကို တွေ့တွေ့ချင်း ရေဆာတယ် ရေဆာတယ်လို့ ပြောတယ်”ဟု မိသားစုဝင်ကပြောသည်။ ဩဂုတ်လ ၁ […]