ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ဆယ်ကျော်သက်မြန်မာမိန်းကလေးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

August 19, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် ကားပေါ်တွင် လိုက်ပါလာသော အသက် ၁၅နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး ဩဂုတ်လ ၁၈ ရက် မနက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အခင်းဖြစ်သော နံနက် ၁ နာရီခွဲခန့်က တိုယိုတာပစ်ကပ်ကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာပြီး မြန်မာ မိန်းကလေးသည် ကားအရှေ့ခန်းတွင် လိုက်ပါလာသော နောက်ထပ်ထိုင်းနိုင်ငံသားတစ်ဦး၏ ပေါင်ပေါ်တွင် ထိုင်၍ လိုက်လာခဲ့ကြောင်း ဆိုသည်။ ၎င်းတို့အုပ်စုသည် ပါတွန်မှတစ်ဆင့် ဖူးခက်မြို့အတွင်းသို့ သွားနေစဉ် လမ်းပိုင်းအရောက်တွင် လူနှစ်ယောက်ပါလာသော ဆိုင်ကယ်တစ်စီးက နောက်ကလိုက်လာပြီး ကားအရှေ့ခန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားသည် မီးပွိုင့်တွင် ရပ်နေစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် တစ်ဦးက ဆင်းလာ၍ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးရှိ […]

ဒီပဲယင်းမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

Dawei Watch

August 18, 2024

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို သိမ်းယူလိုက်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ကို ဩဂုတ်လ ၁၆ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့ ဩဂုတ်လ ၁၈ ရက် နံနက်တွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း အဆိုပါအင်အားစုများထံမှ သိရသည်။ “အဖွဲ့အားလုံးရဲ့ စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံး သိမ်းနိုင်ခဲ့တဲ့မြို့ပါ” ဟု ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သည့် 96-Soldier PDF ခေါင်းဆောင် ကိုဇေယျာလွင်၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ ဒီပဲယင်းမြို့ကို 96-Soldier PDF၊ အဖြူရောင် ဒီပဲယင်း PDF အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် အကြိမ်ရေ ၂၀ ကျော်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဒီပဲယင်းမြို့မှာ အညာဒေသတွင် တော်လှန်ရေးအင်အားစုများ […]

မောရဝတီရေတပ်က ခွင့်ပြုမှသာ ကံပေါက်တိုက်နယ်ကို ဆေးဝါးသယ်ယူခွင့်ပေး

Dawei Watch

August 18, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်သို့ အိမ်သုံး၊ဆေးရုံသုံး ဆေးဝါးသယ်ယူခွင့်ကို မောရဝတီရေတပ်က ယခုလဆန်းပိုင်းကစ၍ ကန့်သတ်လာသည်ဟု ဒေသခံ ဆေးဝါးရောင်းချသူများ အသိုင်းအဝိုင်းထံကသိရသည်။ ဆေးဝါးသယ်ယူခွင့်ကို လုံးဝကန့်သတ်လိုက်ခြင်းမဟုတ်ဘဲ ဆေးဝါးသယ်ယူပါက အထောက်အထားအပြည့်အစုံဖြင့် မောရဝတီရေတပ်သို့တင်ပြပြီးမှ သယ်ယူခွင့်ပြုသည်ဟု ၎င်းတို့ကဆိုသည်။ ” ဆရာဝန်တစ်ယောက်ယောက်ရဲ့ ထောက်ခံချက်၊ ပြီးတော့ ဘယ်ဆေးဝါး၊ ဆေးအမျိုးအစားနဲ့ အရေအတွက်ကို အကုန်တင်ပြခိုင်းတယ်။ အဲလိုမတင်ပြထားဘဲ သယ်လာလို့ရှိရင် ဆေးပစ္စည်းသိမ်းသွားတယ်။ မောရဝတီမှာ လိုက်ထုတ်ရတာမျိုး အထိရှိတယ်” ဟု အမည်မဖော်လိုသည့် ကံပေါက်ဒေသခံ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ဆေးဝါးစာရင်းမတင်ပြဘဲ သယ်လာမိသဖြင့် သိမ်းဆည်းခံရသည့် ဆေးပစ္စည်းအချို့တွင် ကံပေါက်တိုက်နယ်ဆေးရုံက ဆေးဝါးများပင်ပါဝင်သည်ဟု ဆေးရုံနှင့်နီးစပ်သည်သူများထံက သိရသည်။ ယင်းသို့ ဆေးပစ္စည်းများအား ကံပေါက်ရွာထိပ်ရှိ သစ်တောရုံး စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကြပ်သဖြင့် ကားသမားအချို့က ဆေးပစ္စည်းများကို မတင်ပေးတော့ကြောင်း ကားသမားများထံကသိရသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 17, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ မြန်မာ့အရေး စိတ်ပူရတဲ့အခြေအနေလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ စိတ်ပူပန်ရတဲ့ အခြေအနေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဩဂုတ်လ ၁၆ ရက်က တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးမှာ ကျော်လွန်လို့မရတဲ့ စည်းသုံးခုရှိတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ မြန်မာပြည်တွင်း မတည်မငြိမ် ဖြစ်တာ၊ ပြည်တွင်းစစ်ဖြစ်ပွားတာ လုပ်လို့ မရဘူး၊ မြန်မာဟာ အာဆီယံမိသားစု လမ်းကြောင်းကနေ ကင်းကွာလို့ မရဘူး၊ ပြည်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် […]

ဆင်ထိုးကြီးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ်အချို့ မီးလောင်

Dawei Watch

August 17, 2024

ပုလောမြို့နယ်၊ ပလောက်မြို့အနီး မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ဆင်ထိုးကြီးကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ် ၇ လုံးခန့် မီးလောင်သွားကြောင်း နှစ်ဖက်အဖွဲ့ထံမှသိရသည်။ ဩဂုတ်လ ၁၂ ရက်မှစကာ ပလောက်မြို့မှ ဆင်ထိုးကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ သြဂုတ်လ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည်။ ဆင်ထိုးကြီးရွာမှ စစ်ကောင်စီတပ်များ ယနေ့နံနက်တွင် ပြန်လည်ထွက်ခွာ သွားပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသတင်းပေးတို့၏ နေအိမ်များကို KNLA တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဆင်ထိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ၎င်းနှင့် ယောက်ဖတော်စပ်သူ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်စိုး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစုကမ်းအပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်သူများ၏ နေအိမ် ၇ လုံးကို KNLA တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရကြောင်း စစ်ကောင်စီခန့် […]

ထားဝယ်မြို့ပေါ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ဆူညံ

Dawei Watch

August 17, 2024

ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်နှင့် မြို့အနောက်ဘက် ကျေးရွာအချို့တွင် ယနေ့ညနေမှ၍ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံလျက်ရှိသည်။ ဩဂုတ်လ ၁၇ ရက်နေ့ ညနေမှစကာ ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲအထိ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ခံတို့ထံမှ သိရသည်။ လက်ရှိအချိန်ထိ လက်နက်ကြီးကျရောက်ပေါက်ကွဲသံ ၈ ချက်ထက်မနည်းကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ထားဝယ်မြို့သစ်နေသူတစ်ဦးက ပြောသည်။ “လက်နက်ငယ်နဲ့ပစ်တာနဲ့ လက်နက်ကြီးပစ်တာနဲ့ တစ်ဝုန်းဝုန်းပဲ။ အခုတောင် ပစ်သံကြားရပြန်ပြီ” ဟု ၎င်းက ညနေ ၆ နာရီခွဲခန့်က ပြောသည်။ စစ်ကောင်စီတပ်နှင့် PDF တပ်များအကြား အပြန်အလှန်ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်နေခြင်း ဆိုသည်ကိုမူ မသိရကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ ထားဝယ်မြို့ တစ်ဖက်ကမ်း ရွာအချို့ဘက်တွင်လည်း ပစ်ခတ်သံ […]

မောင်းမကန်အနီး ပစ်ခတ်မှုဖြစ်နေ

Dawei Watch

August 17, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရွာအနီးတစ်ဝိုက်တွင် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ကျော်မှစပြီး ပစ်ခတ်မှုများ‌ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန်ရဲစခန်းနှင့် အနီးအနားဘက်က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ထက်မနည်းကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “(တော်လှန်ရေးတပ်) တစ်ဖွဲ့ဖွဲ့က လာပစ်တာဖြစ်မယ်။ အခုတော့ အသံတိတ်နေတာ ငါးမိနစ်လောက်ရှိပြီ။ ရွာမှာတော့တိတ်ဆိတ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။ ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေသည့် အချိန်အတွင်း မောင်းမကန်ရဲစခန်းဘက်နှင့် သုံးထပ်လမ်းအနီးဝန်းကျင်တွင် မီးခိုးများထွက်ပေါ်နေသည်ကို မြင်တွေ့ရကြောင်း မောင်းမကန်ရွာ ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၆ ရက် ည ၁၁ နာရီခန့်တွင်လည်း မောင်းမကန်ကမ်းခြေရှိ KTV အဆောင် လေးဆောင်ကို PDF အဖွဲ့တဖွဲ့ကမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ” KTV […]

ထိုင်းတွင် မြန်မာလုပ်သား ၇၀၀ ကျော် လုပ်ခဘတ် ၁၀သန်းခန့်မရသဖြင့် ညဘက်ဆန္ဒပြ

Dawei Watch

August 17, 2024

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၇၀၀ကျော် လုပ်အားခဘတ် ၁၀သန်းခန့် မရရှိသဖြင့် ဩဂုတ်လ ၁၆ ရက် ညတွင် ဆန္ဒပြတောင်းဆိုကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပရာကျင်ဘူရီခရိုင်၊ စီမဟာဖို့ဒေသ၊ ရိုဂျာနားစက်မှုဇုန်အတွင်းရှိ မြန်မာဆောက်လုပ်ရေးအလုပ်သမားများကို တရုတ်လုပ်ငန်းရှင်းက လုပ်အားခ မပေးသောကြောင့် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်ကြောင်း ဆိုသည်။ တရုတ်သူဌေးသည် အလုပ်သမားများကို လုပ်အားခနှစ်လစာ ပေးချေခဲ့ခြင်း မရှိသဖြင့် အလုပ်သမားများ ဘတ် ၁၀ သန်းခန့် မရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် မြန်မာအလုပ်သမားများသည် နေရေးစားရေး ခက်ခဲလာပြီး အချို့မှာ စားသောက်ရန်အတွက်ပင် ငွေကြေး မရှိဖြစ်လာကြောင်း ရေးသားထားသည်။ ဆန္ဒပြတောင်းဆိုနေသော မြန်မာအလုပ်သမားများကို တရုတ်သူဌေးက တစ်ဦးလျှင် ကနဦး ဘတ် ၅၀၀ စီပေး၍ ညှိနှိုင်းခဲ့သော်လည်း မြန်မာအလုပ်သမားများက လက်မခံခဲ့ကြောင်း ဆိုသည်။ […]