ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 20, 2024

ကျွန်းစုမြို့နယ် တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေးရွာက စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)ထံမှ သိရသည်။ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးနောင်မေးနှင့် ဦးကြယ်စင်အောင်တို့က မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့ရန် တပ်သားသစ်များကို ခေါ်ယူစုဆောင်း၍ စစ်သင်တန်းပေးနေကြောင်း သတင်းပေးတိုင်ကြားချက်အရ ကျွန်းစုမြို့နယ် ပကဖက ဖမ်းဆီးရန် သွားရောက်ခဲ့ကြောင်း ယင်းအဖွဲ့က ယနေ့ မနက်တွင် ထုတ်ပြန်သည်။ ယင်းသို့သွားရောက်ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နှစ်ဦးစလုံး ထိခိုက်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျွန်းစုမြို့နယ်အတွင်း စစ်မှုထမ်းရန်ခေါ်ယူခြင်း၊ ပျူစောထီးတပ်သားသစ် စုဆောင်းခြင်းများမလုပ်ရန် မြို့နယ်ပကဖက စာထုတ်သတိပေးထားပြီး ဖြစ်သော်လည်း ဦးနောင်မေးနှင့် ကြယ်စင်အောင်မှာ ပျူစောထီးအဖွဲ့ဖွဲ့ရန် တပ်သားသစ်များကို ခေါ်ယူစုဆောင်းနေသည်ဟု မြို့နယ်ပကဖ တာဝန်ရှိသူ ကိုနဂါးက ဆိုသည်။ “ဒါတွေမလုပ်ဖို့ မင်းခေါင်းဆေးရွာကို လှမ်းပြောထားတာရှိတယ်။ ဒီကြားထဲမှာပြည်သူတွေ တိုင်ကြားချက်လည်းပါတယ်၊ […]

ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို စစ်ကောင်စီတပ်ဖမ်းဆီး

Dawei Watch

August 20, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရဲမှူး ဇော်ဇော်နှင့် ရဲအုပ်ပြည်သူရစိုးတို့ကို စစ်ကောင်စီတပ်က ဖမ်ဆီးပြီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ဆက်သွယ်ပြီး သတင်းပေးနေသည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက မြို့နယ်ရဲမှူး ဇော်ဇော်ကို ဩဂုတ်လ ၁၆ ရက် ညက ၎င်းနေထိုင်ရာ အိမ်ရာဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း အထက်ပါ နီးစပ်သူတို့က ဆိုသည်။ ဩဂုတ် ၁၄ ရက်ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ်ပြည်သူရစိုးကို PDF အဖွဲ့နှင့် ဆက်သွယ်သည်ဆိုပြီး ရဲစခန်းဝင်း အတွင်းရှိ နေအိမ်တွင်ပင် စစ်ကောင်စီတပ်တို့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ ရဲအုပ်ကို ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မြို့နယ်ရဲမှူးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကို ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ တပ်မ-၄၄ ဌာနချုပ်ရှိ […]

မောင်းမကန်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

August 20, 2024

လောင်းလုံးမြို့နယ် နာမည်ကျော် မောင်းမကန်ကမ်းခြေရှိသည့် မောင်းမကန်ရွာအတွင်းသို့ ယနေ့ ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ရွာထဲက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်သည် မောင်းမကန်ရွာလယ်မှ မောင်းမကန်ဈေးလမ်းအတိုင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေသောကြောင့် ကျေးရွာလမ်းမတစ်လျှောက် လူခြေတိတ်‌နေပြီး ဒေသခံများမှာ အပြင်မထွက်ရဲဘဲ ဖြစ်နေကြောင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယခုလအတွင်း မောင်းမကန်ရဲစခန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသည်။ ဩဂုတ်လ ၈ရက်တွင် တစ်ကြိမ်နှင့် ၁၇ ရက်တွင် တစ်ကြိမ် PDF ပူးပေါင်းတပ်များက မောင်းမကန်ရဲစခန်းကို လာရောက်တိုက်ခိုက်ခဲ့သည်။ မောင်းမကန်ရဲစခန်း စတင်တိုက်ခိုက်ခံရပြီးချိန်ကစပြီး အနောက်ဘက်လယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ၏ […]

လုပ်ခဘတ် ၁၀ သန်းမရသဖြင့် မြန်မာလုပ်သားများဆန္ဒပြမှု ထိုင်းအစိုးရကြားဝင်ဖြေရှင်း

Dawei Watch

August 20, 2024

ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ တရုတ်သူဌေးပိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ခလစာ ဘတ် ၁၀ သန်းခန့်ကို ထုတ်ပေးခြင်းမရှိသဖြင့် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြားဝင်ဖြေရှင်း နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စီမဟာဖို့ဒေသ ရိုဂျာနားစက်မှုဇုန်အတွင်းရှိ Chang Cheng Co ကုမ္ပဏီ၏ လျှပ်စစ်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀၀ ခန့်ကို အလုပ်ရှင်က လုပ်အားခနှစ်လစာ မပေးသဖြင့် ဩဂုတ်လ ၁၆ ရက် ညဘက်တွင် စုပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ထိုင်းအလုပ်သမားဝန်ကြီးက အလုပ်သမားကာကွယ်စောင်ရှောက်ရေးရုံးနှင့် ကျန်ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr Phumiphat Mueanchan က ဩဂုတ်လ ၁၉ ရက်တွင် ပြောသည်။ မြန်မာအလုပ်သမားများကို တရုတ်ကုမ္ပဏီတစ်ခုက […]

ပလမြို့ ရဲစခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးကျည်စထိမှန်သေဆုံး

Dawei Watch

August 20, 2024

ပုလောမြို့နယ်၊ ပလမြို့ နယ်မြေရဲစခန်းက ဩဂုတ်လ ၁၈ ရက် ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၆ နှစ် ဝန်းကျင် ကလေးငယ်တစ်ဦး ကျည်စထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသည့် ကလေးငယ်သည် တိုကျေးရွာအုပ်စု၊ တန်းရှင်းရွာက ပထမတန်းတက်နေသည့် ကျောင်းသားဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ပလရဲစခန်းကနေ တိုရွာနဲ့ တန်းရှင်းရွာဘက်ကို ပစ်တာ သုံးချက်လောက်ရှိတယ်။ တစ်ချက်က ကလေးငယ်အိမ်ဘေးက သစ်ပင်မှာ ထိပြီး အစက ကလေးငယ်ကို ထိသွားတယ်။ ကျန်တဲ့နှစ်ချက်ကတော့ ဘယ်နေရာမှာ ကျမှန်းမသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ Dawei Watch က ရရှိသည့် ဓာတ်ပုံတွင် ကလေးငယ်၏ ဘယ်ဘက်ရင်ဘတ်တွင် ကျည်စထိမှန်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကို မြင်တွေ့ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်က […]

လောင်းလုံးမြို့က ပျူ‌စောထီးတစ်ဦးနှင့်မိသားစု တော်လှန်ရေးတပ်ဖွဲ့ထံခိုလှုံ

Dawei Watch

August 19, 2024

လောင်းလုံးမြို့ပေါ်က လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး မိသားစုနှင့်အတူ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် နွေဦးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်(ခိုလှုံ)လာကြောင်း ယင်းတပ်ဖွဲ့က ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်သည်။ ပျူစောထီးအဖွဲ့ဝင် ဦးလှမျိုးဆိုသူသည် ဇနီး၊ ၇ နှစ်အရွယ်ကလေးတစ်ဦးနှင့်အတူ အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က သွားရောက်ခေါ်ယူခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဦးလှမျိုးသည် နံနက်ပိုင်း ကင်းစောင့်တာဝန်ကျနေချိန် မိသားစုအလိုက် ထွက်ပြေးလာပြီး နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ‌၎င်းကဆိုသည်။ “သူ့မိန်းမကနေတစ်ဆင့် အလင်းဝင်ချင်တယ်လို့ ဆက်သွယ်လာတာ။ အဲဒါကြောင့် ကျွန်တော်သွားခေါ်ထုတ်ပေးပြီး လုံခြုံတဲ့နေရာပို့ပေးပြီးမှ သတင်းထုတ်ပြန်တာပါ” ဟု ၎င်းက ပြောဆိုသည်။ အလင်းဝင်ရောက်လာသည့် ပျူစောထီးထံတွင် အေကေအမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၁၀ တောင့်၊ လက်ပစ်ဗုံး ၃ […]

လက်နက်ကြီးပစ်ခတ်ခံနေရသဖြင့် လောင်းလုံး သဘော့ဆိပ်နှင့် ပြင်ကြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့

Dawei Watch

August 19, 2024

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာအုပ်စုက ဒေသခံများ ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် စောစောပိုင်းမှစတင်ပြီး ရွာလုံးကျွတ်နီးပါးပြောင်းရွှေ့နေကြကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၈ ရက် မွန်းတည့်ပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “(ဩဂုတ် ၁၈ရက်) နေ့လယ်ပိုင်းမှာ လက်နက်ကြီး နှစ်လုံးပစ်တယ်။ ညက ၇နာရီလောက်မှာ သုံးလုံး၊ ဆယ်နာရီလောက်မှာ တစ်လုံးပစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် သဘော့ဆိပ်ရွာအုပ်စု ပြင်ကြီးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် လေးလုံး အနည်းငယ်ပျက်စီးကာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး မူးမေ့လဲကျကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “(ပေါက်ကွဲတာ) ကြမ်းတာက တော်တော်ကြမ်း။ ကျွန်မတို့ […]

မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်

Dawei Watch

August 19, 2024

ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မြိတ်တွင် ဆေးဝါးဈေးနှုန်း အဆမတန်မြင့်တက်နေကြောင်း ဆေးဆိုင်များနှင့် မြို့ခံအချို့ထံမှ သိရသည်။ ထိုင်းဘတ်နှင့် ဒေါ်လာငွေလဲနှုန်း ဆက်တိုက်မြင့်တက်နေခြင်းကြောင့် ဆေးဝါး အများစု၏ ဈေးနှုန်းလည်း အနည်းဆုံး နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားပြီး ဆေးဝါးအချို့မှာ ရှစ်ဆခန့်အထိ ဈေးတက်သွားကြောင်း ဆေးဆိုင်ပိုင်ရှင် အချို့က ပြောသည်။ Amino Acid ပါဝင်သည့် အားဆေးအပါအဝင် အားဆေးအမျိုးအစားအချို့မှာ ပြီးခဲ့သည့်နှစ်လခန့်က တစ်ဘူးလျှင် ကျပ်တစ်သောင်းကျော်မှ လက်ရှိတွင် ကျပ်ရှစ်သောင်းကျော်အထိ ဈေးတက်သွားကြောင်း မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်ရှင်တစ်ဦးက ဆိုသည်။ “ဆေးဆိုင်တွေ အခြေအနေက တော်တော်ဆိုးတယ်။ ရောင်းပြီး ပြန်စိုက်ရောင်းရတဲ့ အရှုံးခံအခြေအနေအထိ ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ လတ်တလော ကျပ်ငွေတန်ဖိုးထိုးကျသွားသည့် ဇူလိုင်လကုန်ခန့်မှစတင်ကာ ဆေးဝါးဈေးများ အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ […]