လောင်းလုံး ကျောက်နီမော်ရွာတွင် ပစ်ခတ်မှုဖြစ်
Dawei Watch
August 22, 2024လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀နာရီခန့်ကစပြီး PDF နှင့် စစ်ကောင်စီတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ကျောက်နီမော်ရွာအအေးခန်းစက်ရုံဟောင်းရှေ့တွင်ရှိသည့် တောင်ပေါ်တွင် မီးလောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကြီး လေးချက်လောက် ပစ်သံကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် ကျောက်နီမော်လမ်းဆုံတွင် ရှိသည့် နေအိမ်တစ်ဆောင်လည်း မီးလောင်နေကြောင်း ဒေသခံတို့က ဆိုသည်။ “အဲဒီအိမ်က ပျူစောထီးတွေ နေဖူးတယ်။ PDF တွေမီးရှို့ခဲ့တယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ တစ်နာရီ နီးပါးအကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးသည့်နောက် နံနက် ၁၁ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း ဒေသခံများထံမှ […]


