ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပါတီဖျက်သိမ်းခံရမည့် အပေါ် ရွေးကောက်ပွဲ အောင်ပန်းရှင် ပီထာ့အမြင်

Dawei Watch

August 17, 2024

၂၀၂၃ မေလ အထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီ အနိုင်ရအောင် ကျွန်တော် ဦးဆောင်နိုင်ခဲ့တဲ့အချိန်မှာ တိုင်းပြည်ဟာ အလွန်တရာ ရွှင်လန်း ဝမ်းမြောက်ခဲ့တယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒသဘောထား အောင်ပန်းဆွတ်နိုင်မှုနဲ့အတူ ထိုင်းဘုရင့်နိုင်ငံဟာ တိုးတက်တဲ့ ရီးနေဆန်းခေတ်ရဲ့ အပြောင်းအလဲစပ်ကူးမပ်ကူးကာလကို ရောက်နေပြီလို့ ထိုင်းပြည်သူအတော်များများက ယုံကြည်ခဲ့ကြတယ်။ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကလည်း ဒီလိုပဲ ယုံကြည်ခဲ့ကြတယ်။ ရွေးကောက်ပွဲအလွန် အတိုက်အခံပါတီတွေအကြား သဘောတူညီမှုဟာ ကျွန်တော့်ကို ပါလီမန်မဲခွဲမှုကနေတဆင့် ဝန်ကြီးချုပ်ဖြစ်လာအောင် လမ်းခင်းပေးတော့မလိုပါပဲ။ ကနဦးဝမ်းသာပီတိဟာ ဆန္ဒစောတာသက်သက် ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ညွန့်ပေါင်းအစိုးရဖွဲ့လို့ မရအောင် တားဆီးဖို့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကွန်ဆာဗေးတစ်အင်အားစုတွေဘက်က လျှင်လျှင်မြန်မြန် စုစည်းခဲ့ကြတယ်။ ဝန်ကြီးချုပ်ရွေးချယ်ရေးနဲ့ ပတ်သက်လို့ မဲပေးရွေးချယ်ရာမှာ ရွေးကောက်ခံမဟုတ်တဲ့ ဆီးနိတ်ဟာ သူ့မှာရှိတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အာဏာကို သုံးစွဲခဲ့တယ်။ အောက်လွှတ်တော်က အရွေးကောက်ခံအမတ်အများစုရဲ့ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 16, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ထိုင်းဝန်ကြီးချုပ်အသစ် သက်ဆင်သမီးဖြစ်လာ ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အနေနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်ပါတယ်။ Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra က ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်တဲ့ Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra ကို ဝန်ကြီးချုပ်လောင်းအနေ့နဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ အခြားပါတီတွေက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခဲ့တာမျိုး […]

သံဖြူဇရပ် တိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးဒဏ်ရာရ

Dawei Watch

August 16, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်၊ ဘုရားကုန်းတိုက်ပွဲအတွင်း ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ပြောသည်။ ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံတို့က ဆိုသည်။ တိုက်ပွဲအတွင်း ရော်ဘာခြံတစ်ခုထဲ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရာဘာခြံတွင် ရှိနေသည့် အသက် ၅၀ နှစ်အရွယ် ဦးအောင်မြင့် သေဆုံးကြောင်း ဒေသခံတို့က ပြောဆိုသည်။ ယင်းအပြင် အသက် ၂ နှစ်အရွယ်၊ အသက် ၁၃ နှစ်အရွယ်၊ အသက် ၁၆ နှစ်အရွယ်၊ ကလေးသုံးဦး၊ အသက် ၃၅ နှစ်အရွယ် မဖြူဖြူဝင်းနှင့် အသက် […]

သက်ဆင်၏သမီး ထိုင်းဝန်ကြီးချုပ်ဖြစ်လာ

Dawei Watch

August 16, 2024

ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ Paetongtarn Shinawatra ကို လွှတ်တော်က မဲပေးရွေးချယ်လိုက်သည်။ Pheu Thai ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra သည် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့ခေါင်းဆောင်ပါတီဖြစ်သော Pheu Thai ပါတီဘက်က ပါတီခေါင်းဆောင် Paetongtarn Shinawatra အား ဝန်ကြီးချုပ်လောင်းအဖြစ် ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့ပြီး အခြားပါတီများက ဝန်ကြီးချုပ်လောင်း အပြိုင်အဆိုပြုတင်သွင်းခြင်း မရှိခဲ့ပေ။ ၎င်းကို လွှတ်တော်ထဲတွင် အမတ်နေရာ ၄၉၀ ရှိသည့်အနက် ထောက်ခံမဲ သုံးရာကျော်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Paetongtarn Shinawatra က ဝန်ကြီးချုပ်အသစ်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံ၏ […]

ချင်းမိုင်-ဘန်ကောက်ရထားပေါ် မြန်မာ ၃၅ဦး ဖမ်းဆီးခံရ

Dawei Watch

August 16, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်-ဘန်ကောက်ပြေးဆွဲနေသော ရထားပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၅ ဦး ဩဂုတ်လ ၁၄ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်မြို့မှ ထွက်ခွာလာသည့် အမှတ် ၁၀၂ အမြန်ရထားပေါ်တွင် တရားမဝင် နိုင်ငံခြားသားများ လိုက်ပါလာကြောင်း သတင်းရရှိသဖြင့် ဖဲခရိုင်ရှိ ဘူတာတစ်ခုတွင် စစ်ဆေးခဲ့ရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသည့် မြန်မာများတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေးငယ် သုံး ဦးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများသည် ချင်းမိုင်မြို့မှတစ်ဆင့် ဘန်ကောက်သို့ သွားရောက်လုပ်ကိုင်ရန် ပွဲစားကို မြန်မာငွေ ၁၂ သိန်း ပေးဆောင်၍ လိုက်ပါလာခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ အားလုံးကို လော်ရဲစခန်းသို့ ပို့ဆောင်ကာ […]

ဖမ်းခေါ်ခံရသည့် ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း အလောင်းပြန်တွေ့

Dawei Watch

August 16, 2024

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်း ဦးကျော်မြင့်၏ ရုပ်အလောင်းကို ထားဝယ်မြစ်ကမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက ပြန်တွေ့ကြောင်း မြို့ခံအချို့နှင့် စစ်ကောင်စီနှင့် နီးစပ်သူအချို့ထံမှသိရသည်။ ဆင်ဆိပ်လမ်းကွေ့အနီး နေအိမ်တွင်နေထိုင်ပြီး သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဦးကျော်မြင့်ကို ဩဂုတ်လ ၁၅ ရက် နံနက်တွင်လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်စောစောတွင် ဆင်ဆိပ်ရပ်ကွက်နှင့် မျက်နှာချင်းဆိုင်ရှိ လောင်းလုံးမြို့နယ်ဘက်ခြမ်း ထားဝယ်မြစ်ကမ်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “သူနေတဲ့ နေရာနဲ့နီးနီးပဲ။ ဟိုဖက်ကမ်းမှာ တွေ့တာ” ဟု ၎င်းက ပြောသည်။ ဦးကျော်မြင့်သည် ၁၉၉၀ အလွန်နှစ်များက စစ်ခေါင်းဆောင် ဦးသန်းရွှေလက်ထက် ထားဝယ်ခရိုင် […]

တနင်္သာရီ-ကော့သောင်းလမ်းပိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြု

Dawei Watch

August 15, 2024

တနင်္သာရီမြို့မှ ဘုတ်ပြင်းမြို့နယ်ခြား ၁၀၂၀ တောင်အထိ မြိတ်-ကော့သောင်းလမ်းပိုင်းကို ယနေ့(သြဂုတ် ၁၅) မနက်မှစတင်ကာ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံနှင့် ယာဉ်လိုင်းလုပ်ငန်းရှင်အချို့က ပြောသည်။ ယင်းလမ်းပိုင်းအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြိတ်-ထားဝယ်လမ်းမကြီးဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပြည်သူ့ကာကွယ်ရေး တပ်များက ပိတ်လိုက်ခြင်းဖြစ်သည်။ “အဓိကတော့ ဒီလမ်းမကြီးပေါ်မှာ အန္တရာယ်မရှိဘူးဆိုရင်တော့ ကျွန်တော်တို့က ဖွင့်ပေးတယ်” ဟုတိုင်းပကဖတာဝန်ခံ ရဲဘော်စတားက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်-မြိတ်-ကော့သောင်း ကားလမ်းအသုံးပြုမှုကို မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခွင့်ပြုပေးထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှသိရသည်။ ဩဂုတ်လ ၁၂ ရက်က တနင်္သာရီမြို့အဝင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦး […]

ကျိုက်ထိုတွင် PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မောင်နှမနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

August 15, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် မောင်နှမနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက်က ကိုပြည့်စုံထွန်းဆိုသူကို စစ်ကောင်စီတပ်က လမ်းတွင် ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အစ်မဖြစ်သူကို ဩဂုတ်လ ၁၃ ရက်တွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမနှစ်ဦးကို စစ်တပ်က PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုပြည့်စုံထွန်းတို့ မောင်နှမကို ကျိုက်ထိုအခြေစိုက် တပ်မ – ၄၄ ဌာနချုပ် စစ်ကြောရေးတွင်ရှိနေသည် သတင်းရ သောကြောင့် သွားရောက်စုံစမ်းမေးမြန်းရာ မရှိဟု စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ကြောင်း […]