BREAKING
November 13, 2025

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

February 16, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ အင်ဒိုနီးရှားရွေးကောက်ပွဲ ဗိုလ်ချုပ်ဟောင်း အနိုင်ရကြောင်း ကြေညာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲမှာပဲ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) က ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီလို့ ကြေညာခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းက ရွေးကောက်ပွဲမှာသူ အနိုင်ရလိုက်တာဟာ အင်ဒိုနီးရှားပြည်သူတွေရဲ့ အောင်ပွဲလို့ ဆိုခဲ့ပါတယ်။ မဲရလဒ်ကို တရားဝင်မထုတ်ပြန်ရသေးပေမဲ့ သီးခြားလွတ်လပ်တဲ့ လူထုစစ်တမ်းတွေမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို Prabowo Subianto […]

ကံပေါက်ဒေသခံအမျိုးသားလေးဦး ပြန်လွတ်လာ၊ အမျိုးသမီးငယ်တစ်ဦး အဖမ်းခံရ

Dawei Watch

February 16, 2024

မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံ အမျိုးသား လေးဦး ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြန်လွတ်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံကသိရသည်။ ပြန်လွတ်လာသူများမှာ ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်က ကိုကျော်ဆက်လင်း၊ လှည်းကုန်းရပ်ကွက်က ကိုပိုင်ပိုင်၊ မိကျောင်းအိုင် ရပ်ကွက်က ကိုတိုးတိုးအောင်နှင့် ဖောင်းတောရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်သန်းတို့ဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ “ကိုတိုး ပြန်လွတ်လာတာကတော့ ၃ ရက်လောက်ရှိပြီ။ ကျော်ဆက်လင်းနဲ့ တစ်ရက်တည်းပဲ။ ကိုပိုင်ပိုင်ကတော့ ၂ ရက်လောက်ရှိပြီ လွတ်လာတာ” ဟု ကံပေါက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဦးခင်မောင်သန်း (ခေါ်) ဦးရှုပ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အိမ်သို့ ပြန်ရောက်လာပြီး ကိုထွန်းပိုင်းတို့ ဇနီးမောာင်နှံမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖောင်းတောရွာသားတစ်ဦးက ဆိုသည်။ ယခု ပြန်လွတ်လာသူများသည် ပြီးခဲ့သည့်နှစ် […]

ဘန်ကောက်တွင် အာဆီယံပြုတ်ရည် ပြုလုပ်ရောင်းချနေသော မြန်မာလုပ်သားနှစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 16, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အာဆီယံပြုတ်ရည် (ဘိန်းစာရွက်ပြုတ်ရည်) ရောင်းချနေသည့် မြန်မာအလုပ်သမား နှစ်ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကပီနယ်မြေ ဟိုဝါမက်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ပြုလုပ်ရောင်းချနေသော နေရာထဲသို့ ထိုင်းရဲတပ်ဖွဲ့၊ ကလေးနှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့များ စစ်ဆေးရာ ဘိန်းစာရွက်ပြုတ်နေသော နေရာသည် သန့်ရှင်းမှုမရှိဘဲ နံရံ၊ ကြမ်းပြင်နှင့် ရေလှောင်ကန်များက ညစ်ပတ်ပေတေနေကြောင်း ဆိုသည်။ ထို့အပြင် အခန်းထဲတွင် ပိုးဟပ်များကိုပါ တွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အခန်းထဲတွင် ပြုတ်ပီးသား ရောင်းချရန် အသင့်ဖြစ်နေသော ဘိန်းစာရွက်ပြုတ်ရည် ၅၄၃ ဘူး၊ ဘူးအလွတ် ၃၀၀၀၀ ကျော်နှင့် ဘိန်းစာရွက် ၃၀၅ ကီလိုဂရမ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ နောက်စက်ရုံထဲတွင် […]

မော့ကနင်ရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

February 16, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မော့ကနင်ကျေးရွာကို စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံတို့ ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာထဲကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့တို့ အင်အားဖြင့် ဝင်ရောက်လာခဲ့ကြောင်း ကျေးရွာခံတို့မှ သိရသည်။ ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာ အတွင်း သေနတ်ပစ်ဖောက်ခဲ့ကြောင်း ရွာခံတို့က ပြောသည်။ ယင်းသို့ သေနတ်ပစ်ဖောက်ပြီးနောက် မော့ကနင်အခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည်သည် ရွာအတွင်းရှိနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး […]

ကော့သောင်းတွင် ငါးဖမ်းလှေနစ်မြုပ်ပြီး တစ်ဦးသေဆုံး

Dawei Watch

February 16, 2024

ကော့သောင်းမြို့ ပင်လယ်ပြင်တွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကင်းမွန်မီးထွန်းလှေ ရေဝင်နစ်မြုပ်ပြီး လှေလုပ်သားတစ်ဦး‌ သေဆုံးကြောင်း ငါးဖမ်းလှေလုပ်သားသိုင်းဝိုင်းထံမှ သိရသည်။ ကော့သောင်းမြို့ ပင်လယ်ပြင်တွင် ကောင်းကောင်းအမည်ရှိ ကင်းမွန်မီးထွန်းလှေ ရေဝင်နစ်မြုပ်ခြင်း ဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။ “ရေပေါက်ပိတ်ဖို့‌ မေ့နေလို့ မြုပ်တယ်လို့ကြားတယ်။ လောလောဆယ်တော့ တစ်ဦးသေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ အထက်ပါနစ်မြုပ်သည့် ငါးဖမ်းလှေတွင် ရေလုပ်သားရှစ်ဦးပါရှိပြီး ခုနစ်ဦးမှာ စစ်ကောင်စီရေတပ်နှင့် အခြား ငါးဖမ်းလှေ တစ်စီးတို့က ကယ်ဆယ်ထားခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။ ကျန်လှေလုပ်သားတစ်ဦး၏ အခြေအနေကိုမူ ဖော်ပြထားခြင်းမရှိပေ။ လှေမြုပ်ပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ငါးဖမ်းလှေနစ်မြုပ်စဉ် သေဆုံးသည်ဆိုသည့် အလောင်း တစ်လောင်းကို ကမ်းနားတွင် […]

လူငယ်များ ပြည်ပထွက်မှုများလာသဖြင့် ထားဝယ်တွင် သွေးရှာရခက်ခဲလာ

Dawei Watch

February 16, 2024

ထားဝယ်တွင် သွေးရှာရခက်ခဲလာကြောင်း သွေးလှူရှင်ပရဟိတအသင်းအချို့ထံမှ သိရသည်။ ယခုရက်ပိုင်းတွင် လူငယ်၊ လူရွယ်၊ လူလတ်များ ပြည်ပထွက်ခွာမှုများလာတာကြောင့် အသင်းဝင် အင်အားနည်းလာသည့် အတွက် သွေးရရှိရန်ခက်ခဲလာကြောင်း သွေးလှူရှင်အသင်း ဦးဆောင်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့အသင်းမှာ သွေးလှူရှင် အဖွဲ့ဆိုတဲ့စာသားတောင် ဖြုတ်ရမလိုဖြစ်နေပြီ။ ခါတိုင်း သွေးငါးလုံးလောက်ရှာပေးနေရတဲ့နေရာမှ အခုက နှစ်လုံးတောင် မနည်းရှာပေးနေရတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့တွင် သွေးလှူရှင်အသင်း ခြောက်ခုထက်မနည်းရှိသည်။ အများစုမှာ လူငယ်လူရွယ်များဖြင့် စုပေါင်းဖွဲ့စည်းခြင်းဖြစ်သည်။ “ဒီလကုန်ရင်တော့ ကျွန်တော်တို့ အဖွဲ့ဝင်အသစ်တွေ ရလာအောင် ပြန်ပြီး စည်းရုံးလုပ်ဆောင်မယ့် အစီအစဉ်တော့ ရှိတယ်” ဟု သွေးလှူရှင်အသင်း နောက်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် တိုင်းအတွင်းရှိ နယ်စပ် ထွက်ပေါက်များတွင် ယခုရက်ပိုင်းအတွင်း ပြည်ပသို့ […]

ဘန်ကောက်တွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီး ဘတ် ၅ သန်း ပျောက်ဆုံး

Dawei Watch

February 16, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲရှိ ဇိမ်ခံကွန်ဒိုတစ်ခုတွင် မြန်မာလုပ်ငန်းရှင်တစ်ဦး အသတ်ခံရပြီးနောက် ပိုင်ဆိုင်သော ဘတ် ၅ သန်း ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ သေဆုံးသူသည် အသက် ၅၀ ကျော်အရွယ် ကျော်ဇေယျ (ထိုင်းဘာသာ) အမည်ရှိ မြန်မာစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဘန်ကောက်သို့ မကြာမကြာ လာလည်တတ်သူဖြစ်သည်။ အလောင်းကို ဘန်ကောက်မြို့လယ် ခလောတိန်ဒေသ စူခူဗစ်ဧရိယာရှိ ကွန်ဒိုတိုက်ခန်း ၂၃လွှာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်စောစောက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလောင်းကို အတူနေ မြန်မာအဒေါ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအချိန်တွင် မျက်နှာ၊ နား၊ ဦးခေါင်းတွင် ဒဏ်ရာများစွာဖြင့် သွေးထွက်လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ လက်ရှိတွင် လူသတ်သမားဟု ယူဆရသော ကင်းမရွန်းနိုင်ငံသား နှစ်ဦးက […]

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ

Dawei Watch

February 16, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ “ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ […]