ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်းမြို့နယ်တွင် လက်ဖက် စမ်းသပ်စိုက်

diz_admin

December 4, 2020

ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်း ကျေးရွာတွင် လက်ဖက်ပင် တစ်ဧကခန့်ကို ရော်ဘာပင်ကြား စမ်းသပ်စိုက်ပျိုးထားသည်ဟု ခြံရှင် ကိုသိန်းဇော်ဦးက ပြောသည်။ ဘုတ်ပြင်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနဦးစီးမှူး၏ အကြံပေးမှုကြောင့် စိုက်ပျိုးခြင်းဖြစ်ပြီး နည်းပညာနှင့် မျိုးကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ကူညီပံ့ပိုးပေးသည်ဟု ကိုသိန်းဇော်ဦးက ပြောသည်။ “လက်ဖက်ပင်က တောင်ကုန်းလို နေရာကိုကြိုက်တယ်တဲ့။ ကျွန်တော့် ရော်ဘာခြံကလည်း တောင်ကုန်းလေးမှာ ဆိုတော့ စမ်းစိုက်ကြည့်တာ။ လောလော ဆယ်ကတော့ အပင်တွေက အဆင်ပြေနေတယ်။ ခူးလို့ရတဲ့အခါကျရင် ဈေးကွက် တော့ ရှာရမှာပေါ့” ဟု ကိုသိန်းဇော်ဦးက ဆိုသည်။ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက် ရလာပါက ထပ်မံစိုက်ပျိုးသွားမည်ဟု ၎င်းက ပြောသည်။ စိုက်ပျိုးသီးနှံဈေးကွက်တွင် ဈေးနှုန်းအပြောင်းအလဲ အတက်အကျကြောင့် တောင်သူများအနေဖြင့် သီးနှံတစ်ခု တည်းအပေါ် မှီခိုနေ၍မရဘဲ ဈေးကွက် ဝင်နိုင်မည့် […]

ကိုဗစ်ကာလ ထိုင်းဘတ်ငွေ အရောင်းအဝယ်ပါး

diz_admin

December 4, 2020

ကိုဗစ်ကာလအတွင်း ထိုင်းဘတ် ငွေလဲလှယ်သူနည်းပြီး အရောင်းအဝယ်ပါးနေကြောင်း ကော့သောင်းမြို့ပေါ်ရှိ ထိုင်းဘတ်ငွေလဲလှယ်နေသည့်ဆိုင် အချို့ထံမှ သိရသည်။ ငါးဖမ်းလှေအချို့ ပိတ်ထားပြီး ထိုင်းနိုင်ငံသို့ သွားလာမှု ပိတ်ထားသည့်အတွက် ဘတ်ငွေလဲလှယ်သူ အနည်းငယ်သာရှိကြောင်း ထိုင်းဘတ်ငွေ အရောင်းအဝယ်လုပ်နေသည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “ငါးဖမ်းလှေလုပ်ငန်းတွေ၊ လမ်းခရီးတွေနဲ့က ဆက်နွယ်နေတော့ ဘတ်လဲတဲ့ဆိုင်တွေအတွက် အဆင်မပြေဘူးပေါ့။ အဲဒီလုပ်ငန်းတွေလမ်းခရီးတွေ ပြန်ဖွင့်မှပဲ အရင်လိုအဆင်ပြေပြေ ပြန်လည်ပတ်နိုင်လိမ့်မယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။ လက်ရှိတွင် ထိုင်းဘတ်ငွေ အရောင်းအဝယ်ပါးနေသော်လည်း မြန်မာငွေ လဲလှယ်နှုန်း မြင့်တက်နေပြီး အရောင်းအဝယ်မှာလည်း သုံးချိုးတစ်ချိုးခန့်ကျ ဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ဘတ်ဈေးကတော့တစ်နေ့နဲ့ တစ်နေ့မတူညီဘဲ အမြဲပြောင်းလဲနေပါတယ်” ဟု ဘတ်ငွေရောင်းဝယ်နေသည့် အသက် ၄၅ အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ […]

ရော်ဘာမှသည် အခြားဆီသို့

diz_admin

December 4, 2020

ထားဝယ်ခရိုင်တွင် ရော်ဘာပင်များ ကိုခုတ်လှဲကာ အခြားသီးနှံများကို အစားထိုးပြောင်းလဲ စိုက်ပျိုးလာသည်မှာ ဆယ်စု နှစ်တစ်ခုနီးပါးရှိလာပြီဖြစ်ကြောင်း ဒေသခံတောင်သူအချို့က ပြောသည်။ ရော်ဘာဈေးကျဆင်းလာခြင်းကြောင့် တွက်ချေမကိုက်သဖြင့် ရော်ဘာပင်ကိုခုတ်လှဲကာ ကွမ်းသီး၊ သီဟို၊ နာနတ်၊ ကျွန်း၊ ပျဉ်းကတိုးပင်နှင့် အခြား ဥယျာဉ် သီးနှံများအပြင် ဟင်းသီးဟင်းရွက်နု အပင်များကိုပါ ပြောင်းလဲစိုက်ပျိုးလာ ကြသည်ဟု ဒေသခံတောင်သူအချို့က ပြောသည်။ ကွမ်းသီးခြောက်ဈေးမှာ အနိမ့်ဆုံး ကျပ် ၃၀ဝ၀ နှင့်အထက်တွင်ရှိသဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးမှုတွင် ကွမ်းသီးပင်ကို တောင်သူများ အများဆုံး ပြန်လည် စိုက်ပျိုးကြသည်ဟု သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသင်းအောင်က ပြောသည်။ “ကွမ်းသီးဈေးကကောင်းလာပြီး ရော်ဘာဈေးက ထောင်ကျော်ပဲဖြစ်နေတာ။ အခုမှ နှစ်ထောင်ကျော်ဆိုတော့ လူတွေလည်း အဲလိုမျိုးဖြစ်နေတာ။ ကျွန်တော်ဘက်မှာ အဲလိုပြောင်းစိုက်လာတာ များများကြီးပဲ။ ဧက ရာချီ […]

အာမခံငွေ ပြန်ရသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိ

diz_admin

December 4, 2020

မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက်မှ ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေ ပြန်လည်ရရှိသည့် ကိုယ်စားလှယ်လောင်း ၁၀၉ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ရွေးကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများသည် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင် သွင်းလွှာနှင့်အတူ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကျပ်သုံးသိန်း ပေးသွင်းထားရသည်။ မွန်တွင် ကိုဗစ်ကူးစက်မှု များလာသည့်အတွက် ကုသရေးနေရာ ထပ်ချဲ့ ကိုယ်စားလှယ်လောင်းများ တင်သွင်းထားခဲ့ရသည့် အာမခံငွေမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ (ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၂၅ ရာခိုင် နှုန်း) နှင့်အထက် ရရှိသော ကိုယ်စား လှယ်လောင်းများကသာ ပြန်လည်ရရှိ မည်ဖြစ်သည်။ မွန်ပြည်နယ်အတွင်း ရွေးကောက် ပွဲဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၇ ဦးတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်လောင်း […]

ရနောင်းဘက်မှ စားအုန်းဆီ တင်သွင်းခွင့်မရပါက ကော့သောင်းဆီကုန်သည်အသင်း ဖျက်မည်ဟုဆို

diz_admin

December 3, 2020

နောက်တစ်လကြာသည်အထိ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ စာအုန်းဆီတင်သွင်းခွင့်မရသေးပါက ကော့သောင်းမြို့ ဆီကုန်သည်ကြီးများအသင်းကို ဖျက်ပစ်တော့မည်ဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ကော့သောင်းမြို့ ဆီကုန်သည်ကြီးများအသင်းသည် မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် စားအုန်းဆီကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်သည်။ တစ်ကွင်းတဆက်တည်း စိုက်ပျိုးခြင်း စုပေါင်းလယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန်ပြင်ဆင် ကိုဗစ်ကပ်ရောဂါဖြစ်ချိန်မှစပြီး နှစ်နိုင်ငံ နယ်စပ်ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားသည်မှာ ယနေ့အချိန်အထိဖြစ်ပြီး ဆီအရောင်းအဝယ်ရပ်ထားရသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း ဥက္ကဋ္ဌက ဆိုသည်။ ယင်းနောက် နှစ်နိုင်ငံညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးအား ဖွင့်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးထံ သွားရောက်တင် ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ထူးခြားမှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။ “တစ်လစောင့်ကြည့်မယ်။ ရနောင်းဘက်က ပြန်မဖွင့်တော့ဘူးဆိုရင် ဆီကုန် သည်အသင်းကို ဖျက်သိမ်းတော့မယ်။ ဘယ်လိုမှရပ်တည်လို့မရဘူး” ဟု ၎င်းက ဆိုသည်။ […]

တစ်ကွင်းတဆက်တည်း စိုက်ပျိုးခြင်း စုပေါင်းလယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန်ပြင်ဆင်

diz_admin

December 3, 2020

ထားဝယ်ခရိုင်တွင် စုပေါင်း လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန် စတင်ကြိုးပမ်းနေသည်ဟု နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက်ထံက သိရသည်။ စုပေါင်းလယ်ယာစနစ်ဆိုသည်မှာ ရေ၊ မြေ၊ လယ်နှင့် ကိုက်ညီသည့် မျိုးစပါးကို တစ်ကွင်းတစ်ဆက်တည်းမှ တောင်သူများက သဘောတူညီတစ်ခုဖြင့် စိုက်ပျိုးကြသည့် နည်းစနစ်ဖြစ်သည်။ ယင်းသို့ စိုက်ပျိုးရန်အတွက် မြေ အချဉ်ဓာတ်၊ အငန်ဓာတ် တိုင်းတာစစ် ဆေးခြင်းနှင့် မြေပြင်ခြင်းများကိုလည်း ကုမ္ပဏီဘက်မှ ပြုလုပ်ပေးမည်ဖြစ်ပြီး ရေ၊ မြေ၊ လေ၊ ရာသီဥတုနှင့် ကိုက်ညီ သည့် မျိုးစပါးနှင့် သွင်းအားစုများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် ကုမ္ပဏီပိုင်ရှင် ဦးနိုင်လွင်လတ်က ပြောသည်။ “ရိတ်သိမ်းချိန်အထိ အားလုံးကို ကျွန်တော်တို့ တာဝန်နဲ့ ကျွန်တော်သွားမယ်။ လယ်သမားက စိုက်ဖို့ပဲလိုတယ်။ စပါးအောင်မြင်ဖို့ပဲ လိုတယ်။ အားလုံးကို […]

ဒေသခံအချို့ကန့်ကွက်သောကြောင့် ဂျင်းမွေးမြူရေးလုပ်ငန်းရပ်နားထား

diz_admin

December 3, 2020

ကျွန်းစုမြို့နယ်၊ ကဒဲကဒွတ်ကျေးရွာတွင် ဒေသခံအချို့က ကန့်ကွက်သော ကြောင့် အများပိုင် ဂျင်းမွေးမြူရေးလုပ် ငန်းတစ်ခု ရပ်တန့်ထားရကြောင်း သတင်း ရရှိသည်။ ကဒဲကဒွတ်ကျေးရွာတွင် အိမ်ခြေ စုစုပေါင်း ၁၁၇ အိမ်ရှိပြီး အိမ်ခြေ ၃၀ ခန့်က လက်မှတ်ထိုး၍ မြို့နယ်ကိုစာတင် ကန့်ကွက်ထားခြင်းဖြစ်သည်။ အကြောင်းမှာ ဒေသခံတံငါသည်များ၏ ငါးလုပ် ကွက်ပျောက်သွားမည်စိုး၍ ဖြစ်သည်။ ဂျင်းမွေးမြူရန် စိုက်ထားသော တိုင်ကြီးများကို ကန့်ကွက်သူတို့က သွားရောက် ဖျက်စီးခဲ့ကြသည်အထိ အခြေအနေ တင်းမာခဲ့ပြီးနောက် ယင်းကဲ့သို့ ရပ်နား လိုက်ရခြင်းဖြစ်သည်။ ဂျင်းပဋိပက္ခ “ဂျင်းမွေးမြူရေးလုပ်ရင် ကျွန်တော်တို့ တံငါသည်တွေအတွက် ငါးပုစွန် လုပ်ကွက်ပျောက်သွားလိမ့်မယ်။ ဒါကြောင့်လည်း ကန့်ကွက်ရတာပါ။ ငါးလုပ်ကွက်ပျောက်သွားရင် စီးပွားရေး၊ လူမှုရေးကစလို့ ကလေးတွေရဲ့ ပညာရေး အထိ ထိခိုက်နိုင်တယ်” ဟု ကန့်ကွက် […]

ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ စားသုံးရန်မသင့်ဟုဆို

diz_admin

December 2, 2020

ပင်လယ်ရေတွင် ပြဒါးပါဝင်မှုရှိ သင့်နှုန်းထက် ပိုနေသဖြင့် ကော့သောင်း ပင်လယ်ပြင်တွင် ပေါလောပေါ်နေသည့် ကျောက်ငါးများကို စားသုံးရန်မသင့်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ပြည်သူ့ကျန်းမာရေးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီလိုငါးတွေကို မစားသုံးတာက အကောင်းဆုံးပဲ” ဟု တာဝန်ရှိသူက ပြောသည်။ ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား ကော့သောင်းခရိုင် ပင်လယ်ပြင်တွင် ပေါလောပေါ်နေသည့် ကျောက်ငါးများကို ရန်ကုန် ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေဆဲဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းဦးစီးဌာနထံမှ ညွှန်ကြား ရေးမှူး ဦးသံချောင်းက ပြောသည်။ ပင်လယ်တွင်း ပေါလောပေါ်နေ သည့် ကျောက်ငါးနှစ်ကောင်နှင့် ပင်လယ်ရေနမူနာကို ငါးလုပ်ငန်းပညာဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီး ဌာနတို့ရှိ ဓာတ်ခွဲခန်းများသို့ နိုဝင်ဘာ ပထမအပတ်က ပေးပို့စစ်ဆေးခဲ့ပြီးဖြစ်သည်။ ယင်းဌာနသုံးခု၏ ဓာတ်ခွဲအဖြေအရ […]