နော်ချစ်ပန်းတိုင်အသတ်ခံရမှု အခြေအနေကို အမြန်ဆုံးထုတ်ပြန်ပေးရန် တောင်းဆို
diz_admin
December 9, 2020ပြီးခဲ့သည့် လေးနှစ်က အသတ်ခံရသည့် နော်ချစ်ပန်းတိုင်အမှုနှင့် ပတ်သက်၍ လုပ်ဆောင်နေမှု လက်ရှိအခြေအနေအား အမြန်ဆုံးထုတ်ပြန်ပေးရန် လူမှုအဖွဲ့ အစည်း ၁၃ ဖွဲ့က တောင်းဆိုလိုက်သည်။ နော်ချစ်ပန်းတိုင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ပုံငွေ အဆိုပြိုင်ပွဲ ကျင်းပစဉ်တွင် ပြိုင်ပွဲစင်မြင့်နှင့် မလှမ်းမကမ်းတွင် ဓားဖြင့်အထိုးခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ နော်ချစ်ပန်းတိုင်သတ်ဖြတ်ခံရအမှုမှာ အချိန်လေးနှစ်ကျော်ကြာသည်အထိ တရားခံမဖော်ထုတ်နိုင်ခြင်းနှင့် တစ်စုံ တစ်ရာထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း ထားဝယ်အခြေစိုက် တာကပေါလူငယ်အဖွဲ့၊ မိတ်ဆွေစစ်အဖွဲ့၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)၊ Southern Youth Development Organization စသည့်အဖွဲ့များအပါအဝင် လူမှုအဖွဲ့အစည်း ၁၃ ဖွဲ့က နိုဝင်ဘာ လ […]


