ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေး လူထုဝေဖန်မှုမြင့်

diz_admin

December 15, 2020

မြိတ်မြို့တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေးနှင့်ပတ်သက်ပြီး ဒေသခံများ၏ဝေဖန်မှုများ ကြီးကြီး မားမားရှိနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က မြိတ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းအစိုးရအဖွဲ့တို့တွေ့ဆုံခဲ့ကြပြီး မြိတ်မြို့၊ ကျွဲကူးကျေးရွာအုပ်စုအတွင်း ငါးလေလံဈေး တစ်ခု အကောင်အထည်ဖော်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဒေသခံများ၏ မကျေနပ်သည့် ဝေဖန် တုံ့ပြန်မှုများ လူမှုကွန်ရက်ပေါ်တွင် ပလူပျံခဲ့သလို မြေပြင်၌လည်းပြော ဆိုဝေဖန်မှုများ ရှိခဲ့သည်။ မြိတ်မြို့တွင်ရှိပြီးသား အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကို တိုင်းအစိုးရသည် ငါးနှစ်လုံးလုံး ဥပေက္ခာပြုခဲ့ပြီး အစိုးရသက်တမ်းကုန်သည့် အချိန်မှ အသစ်ထပ်လုပ်မည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းကို တရားမျှတမှု မရှိ၊ ဘက်လိုက်သည်ဟုဆိုကာ ဒေသခံများမှ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ “အဟောင်းကို ပစ်ပယ်ပြီးတော့ အသစ်ကိုကျတော့ Proposal (အဆိုပြုလွှာ)တင်တာ နားထောင်ပေးတယ်။ လေလံနှစ်ခုကို အကူအညီပေးတဲ့နေရာမှာ မျှတမှုမရှိဘူးလို့မြင်တယ်” ဟု မြိတ်ဒေသခံ ကိုထွန်းထွန်းဦးက […]

ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျပ်သန်းလေးထောင် ဝန်းကျင်သုံးမည်

diz_admin

December 15, 2020

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် ကျပ်သန်း ၃၈၀ဝ သုံးစွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ ကျေးရွာ ၁၁ ရွာတွင် ကုန်ထုတ်လမ်း ၁၁ လမ်းအတွက် ကျပ် ၅၈၇ ဒသမ ၄၂၅ သန်း၊ ကုန်ထုတ်တံတား ၁၇ စင်းအတွက် ကျပ် ၂၃၉ ဒသမ ၆ သန်း၊ ကျေးရွာ ၈၁ ရွာတွင် ရေပေးဝေရေးလုပ် ငန်း ၈၄ ခု အတွက် ကျပ် ၁၄၄၂ ဒသမ ၃၃ သန်း သုံးစွဲမည်ဖြစ်သည်။ တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ် ကျေးရွာ ၁၀ ရွာတွင် မြစိမ်းရောင် စီမံကိန်း ၁၀ ယူနစ်အတွက် […]

လောင်းလုံး ရှေးဟာင်းဂဝံယဉ်ကျေးမှု နေရာတစ်ခုကို ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်မည်

diz_admin

December 15, 2020

ရှေးဟောင်းဂဝံယဉ်ကျေးမှုလက်ရာ ထွန်းကားရာနေရာတစ်ခုဖြစ်သည့် လောင်းလုံးမြို့နယ်၊ နခံတောရွာရှိ ရပ်ခံတောင်အနောက်ဘက်က မြေသုံးဧက ကျော်ကို ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဇုန်သတ်မှတ်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲက ဆောင်ရွက် လျက်ရှိသည်။ ရပ်ခံတောင်အနောက်တွင်ရှိသည့် ဂဝံယဉ်ကျေးမှုလက်ရာများသည် အေဒီ ၄ ရာစုခန့် (လွန်ခဲ့သည့်နှစ် ၁၆၀ဝ ကျော်) ထွန်းကားခဲ့သည့် လက်ရာများဟု ခန့်မှန်းထားကြောင်း အထက်ပါဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်စိုး က ပြောသည်။ “လက်ရှိအစိုးရလက်ထက်မှာပဲ ရှေးဟောင်းဇုန်သတ်မှတ်နိုင်ဖို့အတွက် တင်ပြ ဖို့လုပ်ဆောင်နေပါတယ်” ဟု ဦးခင် မောင်စိုးက ပြောသည်။ ရပ်ခံတောင်အနောက်ဘက်ကထွက် ပေါ်လာသည့် ရှေးဟောင်းဂဝံ ယဉ်ကျေး မှုလက်ရာ စတူပါခေါ် စေတီငယ်များကို ထားဝယ်မြို့ရှိ ယဉ်ကျေးမှုပြတိုက်ထဲတွင် ခင်ကျင်းပြသထားသည်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်သတ် မှတ်ပြီးပါက ပြည်ပခရီးသွားဧည်သည် များကိုဆွဲဆောင်နိုင်သည့် နေရာအသစ် တစ်ခုဖြစ်လာမည်ဟုလည်း […]

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး ဇန်နဝါရီတတိယပတ်တွင် ကျင်းပမည်

diz_admin

December 14, 2020

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။ အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း အဆိုတင်သွင်းတို့အပြင် ပုဂ္ဂလိက မော်တော်ယာဉ်(ယထက) ဥပဒေကြမ်းနှင့် အသေးစားငွေချေးလုပ်ငန်းဥပဒေ ကြမ်းတို့ကိုလည်း ဆွေးနွေးတင်သွင်း သွားရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ် တော်ထံမှ သိရသည်။ “ဇန်နဝါရီ တတိယအပတ် ၁၈ နဲ့ ၂၂ ရက်နေ့အကြားပေါ့ လျာထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ် အစည်းအဝေး တစ်ကြိမ်နှင့် အထူး အစည်းအဝေး နှစ်ကြိမ် […]

ကြံ့သူတော်မကလေး အကြီးစားခွဲစိတ်ကုသရန်လို

diz_admin

December 14, 2020

တောဝက်ထောင်ကိုင်းတွင်မိပြီး ဒဏ်ရာရနေသည့် ကြံ့သူတော်ကို ကြီးစားခွဲစိတ်မှုလုပ်ဆောင်ရန်လိုအပ်နေသဖြင့် မြန်မာနိုင်ငံတွင် ခွဲစိပ်ကျွမ်းကျင် ဆရာဝန်နှင့် ချိတ်ဆက်ပြီး ခွဲစိတ်နိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကြံ့သူတော် တစ်ကောင်ကို မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာတွင် တောဝက်ထောင်ကိုင်းတွင်မိနေသည်ကို နိုဝင်ဘာလ ၃၀ ရက်က ဒေသခံ ရွာသား တစ်ဦးက တွေ့ရှိခဲ့ပြီး သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။ တောဝက်ထောင်ကိုင်းမိထားသည့် အမြင့် လေးပေ နီပါး၊ လုံးပတ် ခြောက် ပေ၊ အလျား ခြောက်ပေခွဲရှိ ကြံ့သူတော်မလေး၏ ညာဘက်အရှေ့လက်တွင် ဒဏ်ရာရရှိခဲ့သည်။ တောဝက်ထောင်ကိုင်းတွင် မျိုးတုံးလုနီး ကြံ့သူတော်တစ်ကောင်မိ သစ်တောဦးစီးဌာနမှ ယင်းကြံ့သူတော်အား လက်ခံရရှိပြီးနောက် မြို့နယ်အဆင့် ဆရာဝန်တစ်ဦးနှင့် ဆေးဝါးကုသမှုပေးကာ ထားဝယ်မြို့ […]

ငှက်သိုက်ဈေးမကောင်းသဖြင့် ငှက်သိုက်မကောက်ဘဲ ငှက်မွေးနေကြ ဟုဆို

diz_admin

December 14, 2020

ကိုဗစ်ကာလအတွင်း ငှက်သိုက်ဈေး ကျဆင်းနေသဖြင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ငှက်သိုက်မွေးသူ အချို့သည် ငှက်သိုက်မကောက်တော့ဘဲ ငှက်မွေးမြူနေကြကြောင်း ငှက်သိုက်မွေးသူ ဒေသခံအချို့ထံမှ သိရသည်။ ကိုဗစ်ကာလအတွင်း ခရီးသွားလာရေး အဆင်မပြေသဖြင့် တနင်္သာရီ ဒေသခံများအနေနှင့် မြိတ်မြို့သို့ ကိုယ်တိုင် ငှက်သိုက်သွားမရောင်းနိုင်ဘဲ မြိတ်မှ လာဝယ်သူများပြောသည့် ဈေးနှုန်းအတိုင်း ရောင်းချနေကြရကြောင်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာသား ဦးထွန်းဦး က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်ပိဿာလျှင် သိန်းနှစ်ဆယ်ဝန်းကျင်ရရှိသော ငှက်သိုက်သည် ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း သုံးသိန်းခန့်ကျဆင်းသွားကြောင်း ညောင်ပင်ကွင်းရွာနေ ဒေါ်မိချိုက ပြောသည်။ မြိတ်ဘက်တွင်သွားရောင်းပါက ဈေးကောင်းရနိုင်သော်လည်း ကိုဗစ်ကန့် သတ်ချက်များကြောင့် ဒေသခံများက သွားမရောင်းကြဘဲ မြိတ်ဘက်မှ လာဝယ်သူများကိုသာ ထုတ်ရောင်းနေကြကြောင်း ငှက်သိုက်လုပ်ငန်းလုပ်ကိုင် နေသူအချို့က ပြောသည်။ ထုတ်ရောင်းသူအများစုမှာ စားဝတ်နေရေး အခက် အခဲရှိသူများဖြစ်ကြောင်းလည်း ပြောဆိုကြသည်။ […]

ရန်ကုန်ပိတ်မိသူများ ဒုတိယအကြိမ် ပြန်ခေါ်မည်

diz_admin

December 14, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်မြို့တွင် ပိတ်မိနေသူများကို ဒုတိယအကြိမ် ပြန်ခေါ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြု အဖွဲ့ ထံမှ သိရသည်။ ပိတ်မိနေသူများတွင် နေရပ်ပြန် ရန်စာရင်းပေးထားသူဦးရေ ၃၀ဝ ဦး ကျော်ရှိသည့်အနက် ၁၅၄ ဦးကို ယခုလ ၁၆ ရက်နေ့တွင် ပြန်ခေါ်နိုင်ရန် စီစဉ်ထားကြောင်း အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆို သည်။ ယင်းကဲ့သို့ခေါ်ယူရာတွင် မှန်လုံ ကားတစ်စီးလျှင် ၂၂ ဦးနှုန်းဖြင့် စီးနင်း လိုက်ပါစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိလိုက်ပါမည့်သူအားလုံးမှာ ထားဝယ်ခရိုင်မှဖြစ်ပြီး မြိတ်ခရိုင်နေသူ များကိုမူ မြိတ်ကိုဗစ်ကော်မတီ၏ အစီအစဉ်ဖြင့် ပြန်ခေါ်ရန်ရှိကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။ ရန်ကုန်တွင် လူစုလူဝေးဖြစ်မည်စိုးသဖြင့် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ကို အသုတ်လိုက်ခွဲကာ […]

ဓာတ်ပုံကို ခွင့်မတောင်းဘဲ ယူသုံးမှု ကျန်းမာရေးဌာန တောင်းပန်ပေးရန် ကျောင်းသားသမဂ္ဂတောင်းဆို

diz_admin

December 14, 2020

ကိုဗစ်ရောဂါကူးစက်မူ မပြန့်ပွားစဉ်က ကျင်းပခဲ့သည့် ကျောင်းတွင်း သင်္ကြန်ပွဲတွင် ရိုက်ကူးထားသည့် လူစု၊ လူဝေးဓာတ်ပုံကို ခွင့်မတောင်းဘဲ ယူသုံးထားသော တိုင်းကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြန်တောင်းပန်ရန်နှင့် အဆိုပါ ဓာတ်ပုံပါဝင်သော ဗီနိုင်းပုံအား သုံးရက်အတွင်း ဖြုတ်ချပေးရန် ထားဝယ် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်တောင်းဆိုလိုက် သည်။ ဒီဇင်ဘာလ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်သည်။ တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့ ကိုဗစ်ကာလ ကျန်းမာရေး အသိပညာ ပေးဗီနိုင်းတွင် “လူစု၊ လူဝေးကို ရှောင်ရှားပေး” ဆိုသည့် စာဖြင့် ပူတွဲရေးသားဖော် ပြထားသောဓာတ်ပုံသည် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ င်္ခေနဘသသု ဏေါန တွင် တင်ထားသော ပုံဖြစ်သည်။ တောင်သူများအတွက် […]