ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တောဝက်ထောင်ကိုင်းတွင် မျိုးတုံးလုနီး ကြံ့သူတော်တစ်ကောင်မိ

diz_admin

December 8, 2020

မျိုးတုံးလုနီး အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ကြံ့သူတော်အမ တစ်ကောင် အားမြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အမှတ် ၉ ကျေးရွာအုပ်စု၊ အမှတ် ၉ ကျေးရွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံမှ သိရသည်။ အဆိုပါ အမှတ် ၉ ကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ခြံအစပ်တစ်နေရာတွင် တောဝက်ထောင်ကိုင်းမှ ရှေ့ခြေတစ်ဖက်ကြိုးကွင်းစွတ် ဒဏ်ရာရနေသည့် ကြံ့သူတော်အား တွေ့ရှိသဖြင့် ဥယျာဉ်ထဲသို့ခေါ်ဆောင်လာခဲ့ကြောင်း အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောပြသည်။ “ထောင်ထားတဲ့သူကတစ်ယောက်၊ တွေ့တဲ့သူကတစ်ယောက်” ဟု အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ နှာမောင်းအတိုပါ အမြင့် လေးပေ နီပါး၊ လုံးပတ် ခြောက်ပေ၊ အလျား ခြောက်ပေခွဲရှိပြီး အဖြူနှင့် […]

မွေးကင်းစကလေး သေဆုံးမှု အမှုဖွင့်ထား

diz_admin

December 8, 2020

မွေးကင်းစကလေး အလောင်းစွန့်ပစ်ခံရပြီး သေဆုံးမှုအပေါ် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းတွင် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာ တံတားအနီး မြစ်ကမ်းနံဘေးတွင် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်တွင် စွန့်ပစ်ထားသည်ကိုတွေ့ရှိရပြီး ကလေးငယ်၏ နှာခေါင်းနှင့်ပါးစပ်တွင် သွေးစများတွေ့ရှိရသဖြင့် ဓမ္မတာအရသေဆုံးခြင်း မဖြစ်နိုင်ဟု ရွာသားများက ဝေဖန် ခဲ့ကြသည်။ “ရိုးရိုးသေတာဆို နှာခေါင်းတို့ ပါးစပ်တို့မှာ သွေးထွက်စရာ အကြောင်းမရှိဘူး” ဟု အသက် ၅၀ ခန့်ရှိ ကလေးအလောင်းကို မြင်တွေ့ခဲ့ရသူ ရွာသား တစ်ဦးက ပြောသည်။ စွန့်ပစ်ထားသည့်ကလေးအလောင်းကို တောင်ငယ်ကျေးရွာနေ ရပ်မိရပ်ဖအပါအဝင် ရွာသားသုံးဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမြင်မတော်သည့်အတွက် ၎င်းတို့မှ ရွာသချိုင်းတွင် သွားရောက်မြှုပ် နှံခဲ့ကြကြောင်း ကာယကံရှင်များထံမှ သိရသည်။ စွန့်ပစ်သည့်အမျိုးသမီးမှာ ကလေးလေးဦး၏မိခင် အသက် ၃၃ […]

မြိတ်တွင် နေ့တိုင်းနီးပါး ကိုဗစ်ပိုးတွေ့

diz_admin

December 7, 2020

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ နေ့တိုင်းနီးပါးတွေ့ရှိလာနေပြီး တစ်နေ့လျှင် ကိုဗစ်ပိုးတွေ့လူနာ အနည်း ဆုံးတစ်ဦးမှ အများဆုံး ၁၉ ဦးအထိ ရှိနေကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီး၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ဖော်ပြထားသည့် အချက်အလက်အရ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ နေ့စဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ စုစုပေါင်း ၇၂ ဦးရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတို့အနက် ကလွင်ကျေးရွာအုပ်စု တောရရပ် ရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရွာရှိ တပ်နယ်ဈေးတွင် ကြက်သား ရောင်းသူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် […]

ရွေးကောက်ပွဲအသုံးစရိတ် မတင်သေးသူ သုံးပုံတစ်ပုံကျန်

diz_admin

December 7, 2020

ရွေးကောက်ပွဲအသုံးစရိတ် နောက်ဆုံး တင်သွင်းရန် တစ်ပတ်သာကျန်တော့ သည့်အချိန်အထိ တနင်္သာရီတိုင်းတွင် အသုံးစရိတ်စာရင်းတင်သွင်းရန်ကျန်နေသူ ၈၀ နီးပါး(သုံးပုံတစ်ပုံ)ကျန်နေသေးကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတို့ထံမှ သိရသည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်သူများအားလုံး (တနင်္သာရီတိုင်း တွင် ၂၂၆ ဦး) သည် အနိုင်ရ ကိုယ်စားလှယ်များကို ထုတ်ပြန်ကြေညာသည့်နေ့ (နိုဝင်ဘာလ ၁၁ ရက်) မှ တစ်လအတွင်း ရွေးကောက်ပွဲမယ်ဆွယ်ကာလအတွင်း အသုံးပြုခဲ့သော အသုံးစရိတ်စာရင်းများကို သက်ဆိုင်ရာ တိုင်း၊ ခရိုင်ရွေးကောက် ပွဲကော်မရှင်များထံ တင်ပြကြရမည်ဖြစ် သည်။ ဒီဇင်ဘာလ ၄ ရက်က ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သုံးဖွဲ့အား ဆက်သွယ်မေးမြန်းကြည့်ရာ ထားဝယ် ခရိုင်တွင် ၇၀ ဦး၊ မြိတ်ခရိုင်တွင် ၆၀ ကျော်၊ ကော့သောင်းခရိုင်တွင် ၁၇ […]

ငါးစည်သွပ်စက်ရုံအား လုပ်ငန်းအတည်ပြု

diz_admin

December 7, 2020

မြိတ်မြို့ရှိ အသားငါးစည်သွပ် စက်ရုံလုပ်ငန်းတစ်ခုကို လုပ်ငန်းလုပ်ခွင့် ပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။ မြိတ်တောင်ကျေးရွာရှိ Ready အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းကို နိုဝင်ဘာလ ၂၄ ရက်နေ့က အတည်ပြုမိန့်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါစက်ရုံလည်ပတ်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး နိုင်ငံခြားတင် ပို့နေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ကို ရယူခြင်းဖြစ်ကြောင်း ယင်းကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ရှင်းပြသည်။ “Export (နိုင်ငံခြားသို့တင်ပို့)အဓိကလုပ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ခွင့်ပြုချက်ယူရတော့မယ့် အခြေအနေပေါ့၊ International (အပြည်ပြည်ဆိုင်ရာ) ကို ဖောက်တဲ့အတွက်ကြောင့်မို့လို့” ဟု ၎င်းက ပြောသည်။ အဆိုပါ စက်ရုံကို ထိုင်းကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေ ဖြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သန်းပေါင်း ၂၇၇၈ သန်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။ အမေရိကန်ဒေါ်လာ […]

လာမထုတ်သည့် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ပြန်သိမ်းမည်

diz_admin

December 7, 2020

လာမထုတ်သည့် ကိုယ်ဝန်ဆောင် ထောက်ပံ့ငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည်သိမ်းဆည်းတော့မည်ဖြစ်ကြောင်း မြန်မာ့လူမှုကာကွယ်စောင့် ရှောက်ရေးအဖွဲ့က ဒီဇင်ဘာလ ၃ ရက်က သတင်းထုတ်ပြန်လိုက်သည်။ တနင်္သာရီတိုင်းတွင် ထောက်ပံ့ကြေးလာမထုတ်သည့် ကိုယ်ဝန်ဆောင် ၆၀ဝ ကျော် (၆၄၉ ဦး) ကျန်နေသေးသည်။ ၎င်းတို့မှာ ထားဝယ်မြို့နယ်တွင် ၇၈ ဦး၊ လောင်းလုံး ၉၃ ဦး၊ ရေဖြူ ၃၄ ဦး၊ သရက်ချောင်း ၇၈ ဦး၊ မြိတ် ၅၁ ဦး၊ ပုလော ၅၀ ဦး၊ ကျွန်းစု ၃၃ ဦး၊ တနင်္သာရီ ၁၀၅ ဦး၊ ကော့သောင်း ၉၉ ဦး၊ ဘုတ်ပြင်း ၂၈ ဦး စုစုပေါင်း ၆၄၉ ဦးအတွက် ငွေကျပ် သိန်းနှစ်ရာနီးပါး […]

တိုင်းအတွင်း A အဆင့်ရထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၁၃၀ဝ ကျော်ကို ဆိုင်ထိုင်ရောင်းချခွင့်ပြု

diz_admin

December 7, 2020

တိုင်းအတွင်း A အဆင့်ရရှိထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင် ၁၃၀ဝ ကျော်ကို ဆိုင်ထိုင်ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ် မှတ်ချက်နှင့် ကိုက်ညီသည့် A အဆင့်ရ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ ဆိုင်ထိုင်ရောင်းချခွင့်ပြုမည်ဖြစ်သည်။ တနင်္သာရီတိုင်းတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၃၀ဝ၀ ကျော်ရှိပြီး A အဆင့်ရသည့် ၁၃၅၆ ဆိုင်ရှိသည်ဟု ဝန်ကြီး ဦးကျော်မင်းက ပြော သည်။ “ဒီကိုဗစ်ကာကွယ်ရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်လုပ်ကိုင် ထားဖို့အတွက်လေ သက်ဆိုင်ရာ ဒီ အလုပ်သမားအဖွဲ့ကနေပြီးတော့ စိစစ်သွားမှာ […]

ဒေါ်လာသန်းချီသုံး တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း တရားမဝင် ရွှေတူးမြေ ဧက ရာချီ

diz_admin

December 7, 2020

Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့ ပူးပေါင်း စုံစမ်းရေးသားသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၆ သန်း အသုံးပြု၍ ထိန်းသိမ်းရေး နယ်မြေအဖြစ် ထူထောင်ထားသော တနင်္သာရီ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း စုစုပေါင်း ဧက ၂၀ဝ ခန့်ရှိ တရားမဝင် ရွှေတူးဖော်မှုများကို ကာကွယ်ရန် အခက်အခဲများစွာ ရှိကြောင်း နယ်မြေထိန်းသိမ်းရေး တာဝန်ရှိသူတို့က ပြောဆိုလိုက်သည်။ တနင်္သာရီတိုင်းတွင် စင်ကာပူနိုင်ငံဧရိယာ၏ နှစ်ဆကျော် သည့် မြေအကျယ်အဝန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ဧရိယာမှာ ဧကအားဖြင့် တစ်သိန်းရှစ်သောင်း ခန့်ရှိပြီး တနင်္သာရီ သဘာဝကြိုးဝိုင်း၏ အကျယ်မှာ ၄၂၀ဝ၇၇ ဧက ရှိသည်။ အပူပိုင်းမုတ်သုံသစ်တောကြီးများ နှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များအား ကာကွယ် […]