ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အမျိုးသားသုံးဆယ်ခန့်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး၊ လူငယ်များကို စစ်မှုထမ်းစုဆောင်း

Dawei Watch

November 11, 2025

ထားဝယ်မြို့နယ်၊ တလိုင်းတောင်ရွာနှင့် ဇလွန်းရွာတို့ရှိ ဘိလယက်ခုံဖွင့်ထားသည့် ဆိုင်နှင့် စားသောက်ဆိုင် သုံးဆိုင်ထက်မနည်းကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်ကာ အမျိုးသား သုံးဆယ်ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ရက် နေ့လယ်ပိုင်း၌ စစ်အာဏာရှင်တပ်သားများ စစ်ကား ခြောက်စီးဖြင့် လာရောက်ကာ ယင်းဆိုင်များတွင် အာဆီယံ (အရွက်ပြုတ်ရည်) ရောင်းချနေသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “(ဖမ်းဆီးခံရတာမှာ) ဆိုင်မှာရှိနေတဲ့ သူတွေအပြင် ဆိုင်ဘေးအိမ်က လူတချို့ပါ ပါတယ်။ သူတို့ပြောတာကတော့ အာဆီယံကြောင့် ဖမ်းတယ်ပဲပြောတယ်” ဟု တလိုင်းတောင်ရွာသားတစ်ဦး ပြောသည်။ အဖမ်းခံရသူများသည် တလိုင်းတောင်ရွာ၊ ကသန်းရွာနှင့် ဇလွန်းရွာ စသော ရွာသုံးရွာက အသက် ၁၆ နှစ်မှ အသက် ၄၀ ဝန်းကျင်အကြား အမျိုးသား ၂၇ ဦး […]

လောင်းလုံး ညင်းမော်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

November 11, 2025

လောင်းလုံးမြို့ နယ်၊ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ နိုဝင်ဘာလ ၁၀ရက် နံနက်ပိုင်းကစ၍ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တို့က တိုက်ခိုက်ရာမှ ယင်းနေ့ ညနေပိုင်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “တိုက်ပွဲက ညနေ ၄ နာရီကျော်လောက်မှာ စဖြစ်တယ်။ နာရီဝက်လောက် ပစ်ကြပြီး ငြိမ်သွားတယ်။ ညဘက် လက်နက်ကြီး ပစ်သံတွေလည်း ကြားရသေးတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက် ပစ်ခတ်မှုအတွင်း ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်၏ အမြောက်တပ်နှင့် ညင်း‌မော်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘောတို့က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ “ည ၁၀ နာရီလောက် ထားဝယ်မြို့ […]

လောင်းလုံး သဗျာရွာသားနှစ်ဦး ၁၀ရက်ကျော်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လွတ်

Dawei Watch

November 11, 2025

လောင်းလုံးမြို့နယ်၊ အနောက်သဗျာရွာသို့ စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးသွားသည့် ရွာသားနှစ်ဦး ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသူနှစ်ဦးမှာ အသက် ၅၀ကျော်အရွယ် ဦးလှအေးနှင့် အသက် ၃၀ကျော်အရွယ် ကိုညီလေးဆိုသူတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၃၁ရက်တွင် ၎င်းတို့နှစ်ဦးကို အနောက်သဗျာရွာသို့ ရောက်ရှိလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက အခြားရွားသားတစ်ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ သုံးဦးအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဦးလှအေးနှင့် ကိုညီလေးတို့ကိုမူ စစ်ကြောင်းနှင့်အတူ ထားဝယ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ထားဝယ်မြို့ရှိ သပြေချောင်းတပ်နယ်၌ အောက်တိုဘာလ ၃၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ စစ်ဆေးပြီး နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]

ထိုင်းတွင် မြန်မာလုပ်သားများ CI မှ နိုင်ငံကူးလက်မှတ် ပြောင်းသည့်ဌာနကို ခေတ္တပိတ်

Dawei Watch

November 11, 2025

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထည့် မြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲထုတ်ပေးနေသောဌာနဖြစ်သည့် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ (TDCC) ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ TDCC ဌာနကို လာမည့် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ခေတ္တပိတ်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြသည်။ TDCC ဌာနသည် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံသား အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြည့်စုံပါက နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို ပြောင်းလဲထုတ်ပေးနေသော ဌာနခွဲတစ်ခု ဖြစ်သည်။ ယခု TDCC ဌာနခွဲကို ခေတ္တပိတ်သိမ်းလိုက်သဖြင့် CI စာအုပ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲလျှောက်ထားခွင့် ယာယီဆိုင်းငံ့နေမည်ဖြစ်ကြောင်း သိရသည်။ […]

ရေးတွင် စစ်အာဏာရှင်တပ်ကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

November 11, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က ကျောင်းရွာကျေးရွာရှိ ခြေမြန်တပ်ရင်း-ခမရ ၅၉၁ တပ်ရင်း အရာရှိလိုင်းခန်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရေးဘီလူးက ခမရ ၅၉၁ တပ်ရင်းထဲကို လက်နက်ကြီးတွေ လှမ်းထုတာ ဟိုက (တပ်ရင်း) လည်း ပြန်ပစ်တော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာ။ သေနတ်သံက နာရီဝက်လောက်ရှိမယ် ကြားရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ရေးဘီလူးဘက်က တောင်ကုန်းပေါ် နေရာရထားသည့်အတွက် အသာစီးရထားသည့် […]

မောတောင်မြို့တွင် စစ်အာဏာရှင်တပ် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

November 11, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်သားများက ရွာအနီးအနားရှိတောင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက် ည ၁၁နာရီဝန်းကျင်တွင် မောတောင်မြို့ရှိ စစ်အာဏာရှင်တပ်စခန်းက စခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် တောင်တန်းကို တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “တိုက်ပွဲဖြစ်နေတယ်ထင်ပြီး ထိုင်းနယ်စပ်ဘက်ကို ညကြီး ထွက်ပြေးလာကြတယ်။ အလယ်ဂိတ် လမ်းဘေးမှာပဲ အိပ်လိုက် ကြတယ်။ နောက်မှ တစ်ဖက်တည်း ပစ်နေမှန်း သိရတယ်။ သူတို့ (စကစ) ဘက်က ကြောက်ပြီး ရမ်းသမ်း လိုက်ပစ်နေတယ် လို့ ထင်တယ်” ဟု ၎င်းက ပြောဆိုသည်။ အလယ်ဂိတ်သည် ထိုင်း-မြန်မာနယ်စပ်၏ နယ်ခြားဂိတ်တစ်ခု ဖြစ်သည်။ စစ်အာဏာရှင်တပ်က […]

ထိုင်းစစ်သားများ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ကမ္ဘောဒီးယားနှင့် အပစ်ရပ်ထားမှု ထိုင်းဘက်က ဆိုင်းငံ့

Dawei Watch

November 11, 2025

နယ်စပ်ဒေသတွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိပြီးနောက် ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ကြေညာသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စီစကက်ဒေသတွင် ထိုင်းစစ်သားများ ကင်းလှည့်နေရင်း မြေမြှုပ်မိုင်းထိပြီး စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိထားသော စစ်သားများကို ရဟတ်ယာဉ်ဖြင့် ဥဘွန်းရတ်ချဌာနီရှိ ဆေးရုံများကို အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ ယင်းဖြစ်ရပ်ဖြစ်ပြီးနောက် နာရီပိုင်းအကြာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက အာဆီယံတွင် လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ်စာချုပ်နှင့် ပတ်သက်၍ လုပ်ဆောင်မှုအားလုံးကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း မဲဆောက်ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ခြင်းဖြစ်သည်။ ယခင် နှစ်နိုင်ငံ ပဋိပက္ခကာလအတွင်းက ဖမ်းမိထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လွှဲပေးရန် စီစဉ်ထားမှုကိုလည်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က […]

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာက အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်မီးရှို့

Dawei Watch

November 10, 2025

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ချောက်ချောင်းရွာမှ အရပ်သားနေအိမ်များကို စစ်အာဏာရှင်တပ်စစ်ကြောင်းက နိုဝင်ဘာ ၉ ရက်(တနင်္ဂနွေနေ့) မွန်းလွဲပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်က ဝင်းဝတံတားစစ်ဆေးရေးဂိတ်ရှိရာကို အင်အားသုံးရာဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က မနေ့က မွန်းလွဲပိုင်းတွင် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ “မနေ့ကမွန်းလွဲပိုင်းမှာ ချောက်ချောင်းရွာထဲကို ဒရုန်းနဲ့ ဗုံးသီးချတာ သုံးလုံးလေးလုံးလောက် ကြားရတယ်၊ အဲ့ဒါပြီးတော့ ပစ်ခတ်သံတချို့ကြားရတယ်၊ ပြီးမှအိမ်တွေမီးရှို့ခံရတာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ ချောက်ချောင်းရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၂ ၏ စစ်ဆေးရေးဂိတ်ရှိပြီး လဘရွာအနီးတွင် တော်လှန်ရေး တပ်ခွဲတစ်ခု၏ စစ်ဆေးရေးဂိတ်ရှိကြောင်း တော်လှန်ရေးတပ်များကို မနိုင်သဖြင့် စစ်အာဏာရှင်တပ်က ယင်းကျေးရွာနှစ်ရွာကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတစ်ချို့က ခန့်မှန်းပြောဆိုသည်။ “မနေ့က ပစ်ခတ်မှုဖြစ်တာ ခဏလေးပဲ ၅ […]