မြိတ်မြို့တွင် MPT ဖုန်းလိုင်းပြန်ရသော်လည်း အသုံးပြုရ အဆင်မပြေသေး
Dawei Watch
October 24, 2024မြိတ်မြို့တွင် ငါးရက်အကြာပြတ်တောက်နေခဲ့သည့် MPT ဖုန်းလိုင်းများ ပြန်ရနေပြီဖြစ်သော်လည်း မကြာခဏ ပြန်လည် ပြတ်တောက်နေဆဲဖြစ်သဖြင့် အသုံးပြုရ အဆင်မပြေသေးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ MPT ဖုန်းလိုင်းမှာ အောက်တိုဘာလ ၂၀ ရက် ညပိုင်းတွင် ပြန်လည်ရရှိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဖုန်းလိုင်း မကြာခဏ ပြန်လည်ပြတ်တောက်သည့်အပြင် အင်တာနက်လိုင်းသည်လည်း နှေးကွေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “တနင်္ဂနွေနေ့ ည၉နာရီခွဲလောက်က ပြန်ရတယ်။ အင်္ဂါနေ့ မနက်ပိုင်းတောင် ခဏလိုင်းပျောက်သွားသေးတာ” ဟု MPT အသုံးပြုသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာကို Dawei Watch က ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် တနင်္သာရီတိုင်းအတွင်း လိုင်းအဆင်မပြေမှုများဖြစ်ပေါ်နေသည့်အတွက် အချိန်စောင့်ဆိုင်းပြီး ပြန်လည်အသုံးပြုပေးရန် ပြန်လည်ဖြေကြားခဲ့သည်။ MPT ဖုန်းလိုင်းများ ပြန်လည်ရရှိပြီးနောက် […]


