ထိုင်းတွင် ဓါတုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားနှစ်ဦးသေဆုံး
Dawei Watch
October 27, 2024ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီဒေသရှိ ဓာတုစက်ရုံတွင် အောက်တိုဘာ ၂၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်းထွန်းစက်မှုဇုန်ထဲရှိ Xiao Xiang Non-Ferrous Metal ကုမ္ပဏီ၏ ဓါတုစက်ရုံတွင် နံနက် ၉ နာရီခန့်က အလုပ်သမားများ ဓါတုပစ္စည်းများ ရောနှောနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားနှစ်ဦး ဓါတုကန်ထဲ ပြုတ်ကျသေဆုံးခဲ့ပြီး နောက်ထပ် အလုပ်သမား ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ထိုင်းနိုင်ငံတော်ပိုင် သတင်းဌာနက ထုတ်ပြန်ထားသည်။ သေဆုံးနှင့် ဒဏ်ရာရရှိသော မြန်မာအလုပ်သမားများကို ကဘင်ဘူရီဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။ စက်ရုံထဲတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားအလုပ်သမား ၂၃၂ ဦး အလုပ်လုပ်ကိုင်နေပြီး အများစုမှာ မြန်မာ […]


