ထားဝယ်ထောင်က နိုင်ကျဥ်းတစ်ဦး လေဖြတ်ရောဂါဖြင့်သေဆုံး
Dawei Watch
October 21, 2024ထားဝယ်အကျဥ်းထောင်တွင် အကျဉ်းကျနေသည့် သက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး လေဖြတ်ရောဂါကို ဆေးကုသမှုခံယူနေစဥ် သေဆုံးကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။ အောက်တိုဘာလ ၁၇ ရက်ကတည်းက ကွယ်လွန်ခြင်းဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရသဖြင့် အကျဥ်းထောင် အစီအစဥ်ဖြင့် အောက်တိုဘာလ ၁၈ ရက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးသည့် နိုင်ငံရေးအကျဥ်းသားသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာ၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၂နှစ်အရွယ် ဦးရဲအောင် (ခေါ်) ဦးချင်းဖြစ်သည်။ ဦးချင်းသည် အကျဥ်းထောင်အတွင်းရှိနေစဥ် လေဖြတ်ဝေဒနာ စတင်ခံစားခဲ့ရကာ စက်တင်ဘာလ ၂၇ ရက်တွင် ထားဝယ် ဆေးရုံကြီးတွင် ဆေးကုသခွင့်ရခဲ့ပြီး အောက်တိုဘာ၁၇ တွင် […]


