ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 25, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဂျပန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြန်မာအမျိုးသား ထောင်ချခံရ

Dawei Watch

December 25, 2024

ဂျပန်နိုင်ငံ၊ Saga စီရင်စုတွင် တစ်ဆောင်တည်းနေထိုင်ခဲ့သော အလုပ်တူ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြန်မာအလုပ်သင် အလုပ်သမား ကိုသူရကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြထားသည်။ ဂျပန်နိုင်ငံ၊ Saga စီရင်စု၊ Kamiyamadani တွင် အဆောင်တစ်ခုတည်း၌ အတူနေထိုင်သော မြန်မာအမျိုးသမီးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့၌ ကိုသူရ က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်ဟု သတင်းများကဆိုသည်။ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသော အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးသည် လက်နှစ်ဖက်နှင့် လည်ပင်းတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများကို ရက်ပေါင်း ၂၀ ကြာမြင့်သည့်တိုင်အောင် ဆေးကုသမှုခံယူခဲ့ရသည်။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရသော အမျိုးသမီးသည် ဖြစ်စဉ်ကို ဇူလိုင်လ ၁၇ […]

ဝမ်းရောဂါကြောင့် နယ်စပ်ပိတ်ထားချိန် မဲဆောက်သို့တရားမဝင်လာသော မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

December 25, 2024

ထိုင်း-မြန်မာနယ်စပ်တွင် ဝမ်းရောဂါကူးစက်ပြန့်နှံ့နေသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်ဘက်က နယ်စပ်လမ်းကြောင်း များကို တင်းတင်းကျပ်ကျပ်ပိတ်ထားချိန် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာသုံးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဝမ်းရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် တာခ့်ရိုင် မဲဆောက်နှင့် မယ်ရမတ်ဒေသများတွင် တရားမဝင် ဝင်ထွက် သွားလာ နိုင်သော နယ်စပ်လမ်းကြောင်းတစ်လျှောက်ကို ဒီဇင်ဘာ ၂၃ ရက်ကတည်းက ပိတ်ဆို့ထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများမရှိစေရေး ထိုင်းတပ်မတော်က တင်းတင်းကျပ်ကျပ်စစ်ဆေးနေခြင်းဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ည ၈ နာရီခန့်က မဲဆောက်နယ်မြေ ထာ့စိုင်လွမ်ဒေသတွင် နယ်ခြားစောင့်စစ်သားများက ကင်းလှည့်နေစဉ် ထိုင်းအမျိုးသမီးတစ်ဦး မောင်းနှင်လာသော အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးခဲ့ ကြောင်း ဖော်ပြသည်။ ကားထဲတွင် ကျောပိုးအိတ်များနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား […]

ရေးမြို့ခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

Dawei Watch

December 25, 2024

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ကြောင်း နီးစပ်သည့် မြို့ခံများထံမှ သိရသည်။ အောင်မေတ္တာရပ်ကွက်တွင် ကုန်စုံရောင်းနေသည့် မငယ်ငယ်နှင့် အမျိုးသမီးအခြားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့ဟုစွပ်စွဲကာ ပြီးခဲ့သည့်စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် အဆိုပါအမျိုးသမီးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း နီးစပ်သည့် မြို့ခံများက ဆိုသည်။ ဖမ်းဆီးပြီး သုံးလကျော်အကြာ ဒီဇင်ဘာ ၂၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ် ချမှတ်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။ “အဓိက PDF ‌တွေကို ဆက်သွယ်တာ ထောက်ပို့လုပ်တဲ့ စွပ်စွဲချက်နဲ့ပဲပေါ့” ဟု ၎င်းက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးကို […]

အရှေ့အလယ်ပိုင်းက ရောရုဝ

Dawei Watch

December 25, 2024

ဒမတ်စကတ်မြို့ရဲ့ မြောက်ဘက် ၁၉ မိုင်အကွာ။ ထူးဆန်းတဲ့ ခြံဝန်းကြီးတစ်ခုဟာ ကူတေးဖာမြို့ပြင်တနေရာက ဖုန်ထူထူကားလမ်းမဘေးမှာ ငြိမ်ဆိတ်စွာ တည်ရှိနေတယ်။ ဘောလုံးကွင်းနှစ်ကွင်းစာမြေနေရာကို အုတ်တံတိုင်းခတ်ထားတဲ့ ခြံဝန်းကြီးဟာ လမ်းဘေးခွေးဟောင်သံတွေ ရံဖန်ရံခါ ထွက်ပေါ်လာတတ်တာကလွဲရင် မသတီစရာ တိတ်ဆိတ်နေတတ်တယ်။ ဘာရှာအာဆတ် မပြုတ်ကျခင်ကာလတုန်းက ဒီနေရာမှာ ကားရပ်လိုက်မိရင် စစ်သားတွေရောက်လာပြီး ဖမ်းခေါ်သွားလေ့ရှိတယ်။ စစ်သားတွေ ရောက်လာပြီးရင်တော့ အဲဒီလူကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။ သူတို့မြို့မှာ အင်မတန်ဆိုးရွားတဲ့အရာတစ်ခု ဖြစ်ပျက်နေတယ်ဆိုတာကို သိပေမယ့် ကူတေးဖာမြို့ခံတွေဟာ ဘာအသံမှ မထွက်ရဲ။ အာဆတ်ရဲ့ စစ်တပ်တွေ အမြဲတစေ တပ်ချထားတဲ့ ကူတေးဖာမြို့ဟာ ရောရုဝငရဲအလား အကြောက်တရားနဲ့ အကြောသေနေခဲ့ရတဲ့မြို့။ အာဆတ်လက်ထက်တုန်းက မြို့ပြင်က ခြံဝန်းကြီးထဲကို အအေးခန်းပါတဲ့ ထရပ်ကားကြီးတွေက ညဘက်တွေမှာ ရောက်ချလာတတ်တယ်။ ကားပေါ်က အအေးခန်းထဲမှာ လူသေအလောင်းပေါင်းမြောက်များစွာကို ငါးပိသိပ်ငါးချဉ်သိပ် […]

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုး၊ ဒေသခံအချို့ဖမ်းဆီးခံရ

Dawei Watch

December 24, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံအချို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် ပကာရီရဲကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ရောက်ရှိလာပြီး နောက်တစ်ရက် နံနက်ပိုင်းကစပြီး တောလမ်းမှတစ်ဆင့် စစ်ကြောင်းထိုးကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ဒီဇင်ဘာ ၂၂ ရက်က ပခပ်ရွာနှင့် ကင်ပွန်းချုံကျေးရွာဘက်တို့မှ ပစ်ခတ်သံအချို့ ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။ တောလမ်းအတိုင်း စစ်ကြောင်းထိုးစဉ် ကွမ်းသီးခြံထဲအလုပ်လုပ်နေသည့် ပခပ်ရွာသား အသက် ၅၀ ကျော်အရွယ် ဦးဖစု၊ ဦးအောင်ကြိုင် (ကျင်) နှင့် ဘုတ်ပြင်ရွာက အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံများက ဆိုသည်။ “တောလမ်းကနေ […]

ထားဝယ်ခရိုင်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် လျှစ်စစ်မီး အချိန်ပိုင်းသာရမည်

Dawei Watch

December 24, 2024

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မနက်ဖြန် ဒီဇင်ဘာလ ၂၅ရက်တွင် လျှပ်စစ်ဓာတ်အား အလှည့် ကျဖြင့် အချိန်ပိုင်းသာဖြန့်ဖြူးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီမှစပြီး ဒီဇင်ဘာလ ၂၆ ရက် နံနက် ၆ နာရီထိ ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျသာ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆နာရီမှစ၍ ပြုပြင်ထိန်းသိမ်း မည်ဖြစ်သဖြင့် ၂၄ နာရီအတွင်း လျှစ်စစ်ဓာတ်အားကို အလှည့်ကျဖြန့်ဖြူးမည်ဟု ဆိုသည်။ “တစ်နေ့တာပါပဲ။ လိုင်းတာဝန်ရှိသူတွေ လိုင်းစစ်ပြီး ပြုပြင်မှာမို့ ဖီဒါအလိုက်အလှည့်ကျပိတ်ပြီး […]

ကျိုက်ထိုတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်စထိပြီး ဒေသခံတစ်ဦးသေ၊ လေဦးဒဏ်ရာရ

Dawei Watch

December 24, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး လေဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တဂေးချောင်းဖျားကျေးရွာဘက်သို့ စစ်ကောင်စီ အမှတ် ၆၀၂ တပ်ရင်းက လက်နက်ကြီးများဖြင့် ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်တစ်လုံးသည် တဂေးချောင်းဖျားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဦးစံကွေး၊ အသက် ၄၀ နှစ်အရွယ် ဦးနေလင်းအောင်နှင့် အသက် ၁၅ နှစ်အရွယ် နော်ဖူးပွင့်ကျော်တို့ လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာများရကြောင်း ဒေသခံများက ဆိုသည်။ “ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာကတော့ သူတို့ လုပ်နေကျဖြစ်နေတယ်။ တစ်နေရာရာမှာ ပစ်ခတ်မှု ဖြစ်ကြရင်လည်း ရွာဘက်ကို လက်နက်ကြီးနဲ့ […]