ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်က လောင်းလုံးတွင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီး

Dawei Watch

January 1, 2025

စစ်ရေးတင်းမာနေသည့် လောင်းလုံး ကျောက်နီမော်ရွာအနီးရှိ ထောင့်နန့်ရွာမှ ဒေသခံဆယ်ဦးကျော်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက်နေ့ညနေပိုင်းတွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှ်ရသည်။ ဖမ်းဆီးခံရသူများမှာ ရေကြည်ငါးလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “ရေကြီးငါးလှန်းသူတွေက အိမ်ထောင်စု လေးစုစာလောက်ရှိတယ်။ အဲဒီထဲမှာ ညောပြင်ရွာသားတွေလည်းပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းမှ စစ်သားအချို့မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းမှစ၍ ထောင့်နန့်ရွာသို့ရောက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ကျောက်နီမော်ရွာ အောက်ဘက်ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

လောင်းလုံးမြို့နယ်က နှစ်သစ်ကူး ညသပိတ်

Dawei Watch

December 31, 2024

စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် နှစ်သစ်ကူး ညသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ထားသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်သည့် ညသပိတ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားကြသူများကို ဆုတောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့အောက်ဖက်ကျေးရွာများ အနီးရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီတပ် စစ်‌သင်္ဘောများကို နေရာအနှံ့ချထားသည်။

ထားဝယ်တွင် စကခ (၈)၊ စစ်ကောင်စီဝန်ကြီးများအိမ်ရာနှင့် တိုင်းရဲရုံး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

Dawei Watch

December 31, 2024

ထားဝယ်မြို့ပေါ်က စစ်ကောင်စီဝန်ကြီးများအိမ်ရာ၊ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈) နှင့် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ရက် နံနက် ၉နာရီခန့်တွင် စကခ (၈)၊ စစ်ကောင်စီတိုင်းဝန်ကြီးချုပ် အိမ်ရှိသည့် ဝန်ကြီးများ အိမ်ရာနှင့် ဗျောတောဝရပ်ကွက်ရှိ တိုင်းရဲတပ်ဖွဲ့မှူးရုံးတို့ကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က ဒရုန်းဖြင့် ဗုံးရှစ်လုံးချပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း TPLF မှ ရဲဘော်တစ်ဦးက ပြောသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ဒရုန်းဖြင့် တိုက်ခိုက်ချိန် လေပြင်းတိုက်ခိုက်မှုကြောင့် ဒရုန်းနှစ်စီး ပျက်ကျခဲ့ကြောင်း အထက်ပါရဲဘော်က ပြောဆိုသည်။ စစ်ကောင်စီ တိုင်းအစိုးရနှင့် နီးစပ်သူတစ်ဦးကမူ ဝဲကျွန်းရပ်ကွက်တွင် TPLF မန်ယူ 0 […]

လောင်းလုံးတွင် စစ်‌ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်

Dawei Watch

December 31, 2024

စစ်ရေးတင်းမာနေသည့် ကျောက်နီမော်ကျေးရွာအောက်ဘက် အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။ စစ်ဘေးရှောင်နေရာမှ ရွာဘုန်းကြီးကိုထွက်လာရှာသည့် အောက်ကျောက်ဝပ်ရွာသား ၇ ဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က မြောက်ကျောင်းအနီး၌ ဖမ်းဆီးသွားကြောင်း၊ ၎င်းတို့အနက် ၃ ဦးမှာ အသတ်ခံရကာ ကျန် ၄ ဦးနှင့် ဘုန်းကြီး ၃ ပါးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်၏ နှိပ်စက်သတ်ဖြတ်ခြင်းခံရသူသုံးဦးမှာ အောက်ကျောက်ဝပ်ရွာသား ဦးသားသား၊ ကိုခင်မောင်မျိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ဖြစ်သည်။ “အောက်ကျောက်ဝပ် မြောက်ကျောင်းနားမှာပဲ ပစ်သတ်ခံရတယ်၊ သူတို့အလောင်းတွေကိုတော့ မနေ့က သူတို့စစ်ကြောင်း ကျောက်မတ္တပ်ဖက်ရွှေ့သွားတဲ့အချိန်မှာ ခိုးပြီးတော့ မြေမြှုပ်လိုက်ပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြန်လည်ထွက်ပြေးလွတ်မြောက်လာသည့် ဦးဂျပန်၊ ဦးကျော်စိုး၊ ဦးဝင်းတို့သုံးဦးနှင့် ဘုန်းကြီးနှစ်ပါးမှာ စစ်ကောင်စီတပ်၏ […]

တနင်္သာရီတိုင်း လူဦးရေ၏ ထက်ဝက်ကျော်သာ သန်းခေါင်စာရင်းကောက်ယူနိုင်

Dawei Watch

December 31, 2024

လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့် စစ်ကောင်စီက ကောက်ယူထားသော သန်းခေါင်စာရင်းရှေ့ပြေး အချက်အလက်များကို ထုတ်ပြန်ရာတွင် တနင်္သာရီတိုင်းရှိ လူဦးရေ၏ ထက်ဝက်ခန့်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်းတွေ့ရသည်။ ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့သည့် သန်းခေါင်စာရင်းကောက်ယူမှုအရ တနင်္သာရီတိုင်းရှိ လူဦးရေ ခုနစ်သိန်းခုနစ်သောင်းကျော်ကိုသာ ကောက်ယူနိုင်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ယနေ့(ဒီဇင်ဘာ ၃၁) နံနက်ကထုတ်ပြန်သည့် ရှေ့ပြေးအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံလူဦးရေမှာ ငါးဆယ့်တစ်သန်းသုံးသိန်းကျော် ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ခန့်မှန်းထားပြီး သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့သည့် လူဦးရေ ၃၂ သန်းကျော်ရှိပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၁၉ သန်းကျော်ရှိကြောင်း ယင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှုအရ တနင်္သာရီတိုင်းရှိ လူဦးရေမှာ ၁၃ သိန်းကျော် (၁,၃၈၀,၅၆၇) ရှိကြောင်း […]

ရေဖြူ၊ ဇာဒီရွာတွင် မိုင်းနင်းမိ၍ မောင်နှမနှစ်ဦး ဒဏ်ရာရ

Dawei Watch

December 31, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက မိုင်းနင်းမိ၍ အသက် ၄၀ ကျော်နှင့် ၃၀ ဝန်းကျင်အရွယ်ရှိ မောင်နှမနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံရွာသားများထံမှသိရသည် ။ ဇာဒီရွာထဲမှ တံတားနှစ်စင်းအကြား ရွာပတ်လမ်းတွင် ဆိုင်ကယ်စီးလာစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ရွာသားများကပြောသည်။ “ဆိုင်ကယ်မှာ အတော်ထိသွားတယ်။ သူ့မောင်မှာက လက်မှာထိတယ်။ အစ်မမှာက ပေါင်မှာထိတယ်” ဟု ဖြစ်စဥ်ကိုသိရှိသည့် ဇာဒီရွာသားတစ်ဦးကပြောသည်။ ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင်လည်း ဇာဒီရွာ တံတားကြီးအနီး မိုင်းတစ်လုံးပေါက်ကွဲခဲ့၍ (ယမန်နေ့)တစ်ရက်တည်းတွင်ပင် ဇာဒီရွာတွင် မိုင်းနှစ်ကြိမ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၂၉ ရက်တွင်လည်း ဇာဒီရွာနှင့် ခေါင်ပြန်ရွာ အကြားရှိ လယ်ကွင်းပြင်တွင် နွားတစ်ကောင် မိုင်းနင်းမိ၍ သေဆုံးခဲ့သေးသည်။ စစ်ကောင်စီစစ်ကြောင်း ထိုးပြီးနောက် ပြန်ထွက်သွားစဥ် ဇာဒီရွာကျေးရွာအတွင်း […]

နှစ်သစ်ကူးကာလ အဖမ်းအဆီးကြမ်းနေချိန် ကန်ချနဘူရီတွင် မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

December 31, 2024

နှစ်သစ်ကူးကာလဖြစ်သော ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် ထုန်းဖားဖန်းဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် တရားမဝင် ဝင်ရောက်ပုန်းနေကြောင်း သတင်းပေးတိုင်ကြားသူရှိသဖြင့် နယ်ခြားစောင့်တပ်များက အနီးအနားကို တင်းတင်းကျပ်ကျပ် ကင်းလှည့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကင်းလှည့်စဉ် မသင်္ကာစရာ လူအုပ်စုနှင့် ကားတစ်စီးကို တွေ့ရသဖြင့် သွားရောက်စစ်ဆေးရာ စစ်သားများကို မြင်သည်နှင့် မြန်မာနိုင်ငံသားများက ပုန်းနေသော နေရာမှ ထွက်ပြေးခဲ့ကြကြောင်း သတင်းများအရသိရသည်။ ထွက်ပြေးနေသော မြန်မာနိုင်ငံသားများကို လိုက်လံဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၀၇ ဦးကို ထိုင်းကားသမားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း […]

လောင်းလုံးတွင် စစ်ရေးတင်းမာ‌နေချိန် ဘုန်းကြီးအားထွက်ရှာသည့် ရွာသားငါးဦးဖမ်းဆီးခံရ

Dawei Watch

December 30, 2024

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေချိန် စစ်ရှောင်နေရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားသည့် ဘုန်းကြီးအား လိုက်လံရှာဖွေသော ရွာသားငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ ရွာကျောင်းထိုင်ဘုန်းကြီးနှင့် အဆက်အသွယ်မရသဖြင့် အောက်ကျောက်ဝပ်ရွာသားငါးဦးသည် ဒီဇင်ဘာလ ၂၉ရက် နံနက်ပိုင်းတွင် ထွက်ရှာရာမှ အောက်ကျောက်ဝပ်ရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခံရသူများမှာ ဦးထွန်းရွှေ၊ ဦးဂျပန်၊ ကိုသားသား၊ ဦးကျော်စိုး၊ ကိုခင်မောင်မျိုးတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သူတို့က အခြေအနေကြည့်ပြီး ရွာထဲသွားရာကနေ ကိုယ်ရောင်ဖျောက်နေတဲ့ စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းခံရတဲ့ပုံစံပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် ဒီဇင်ဘာလ ၂၉ရက် ညနေပိုင်းတွင်လည်း စစ်ဘေးရှောင်နေသည့်နေရာမှ ကျေးရွာအတွင်းသို့ သွားသည့် အောက်ကျောက်ဝပ်ရွာသူ၊ ရွာသားတစ်ဆယ်ကျော်မှာလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေသည့်အတွက် စိုးရိမ်‌နေရ‌ ကြောင်း […]