ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ကောင်စီတပ်ဂိတ် ပစ်ခတ်ခံရ၍ လမ်းပိတ်ထား
Dawei Watch
December 20, 2024ထားဝယ် – မြိတ် ကားလမ်းပေါ်ရှိ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား စစ်ကောင်စီတပ်ဂိတ် ယနေ့ (ဒီဇင်ဘာလ ၂၀) နံနက် ဆယ်နာရီဝန်းကျင်တွင် ပစ်ခတ်ခံခဲ့ရသဖြင့် တံတားတစ်ခြမ်းပိတ်ထားကြောင်း ဒေသခံများထံက သိရသည်။ “လက်နက်ငယ်အသံ သက်သက်ပဲ၊ ဆယ်နာရီခွဲလောက်အထိ ကြားနေရတယ်။ အခုတော့ အသံစဲသွားပြီ။ လမ်းက အတက်တစ်ခြမ်းပဲ ပေးတက်တယ်။ အဆင်းပေးမဆင်းသေးဘူး။ လမ်းမှာပိတ်နေတုန်းပဲ “ ဟု ပိတ်မိနေသူတစ်ဦးကပြောသည်။ ထားဝယ်ဘက်သို့ အတက်သာခွင့်ပြုထားပြီး မြိတ်မြို့ဘက်သို့အဆင်း ပိတ်ထားဆဲဖြစ်သဖြင့် ထားဝယ်မြို့ အဝင်ဆိုင်းဘုတ်အနီး ခရီးသည်တင်ကား ၊ အိမ်စီးကား နှင့် ဆိုင်ကယ်အများအပြား ပိတ်မိနေကြောင်း နေ့လယ် ၁ နာရီခန့်က အခြေအနေကို ၎င်းကပြောပြသည်။ ပေါက်တိုင်းတံတားဂိတ် ပစ်ခတ်ခံရမှုတွင် ထိခိုက်မှုရှိမရှိနှင့် မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။ ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီး […]


