ကံပေါက်တိုက်နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ဆက်သွယ်ရေးနှင့် လမ်းပိုင်း ဖြတ်တောက်ခံထားရ
Dawei Watch
December 19, 2024ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဇာဒီကျေးရွာအုပ်စုရှိ ခွေးမဖောရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများထံမှသိရသည်။ ခွေးမဖောရွာအနီးရှိ ပယရွာတွင် ဒီဇင်ဘာလ ၁၈ရက်တွင် စစ်ကောင်စီတပ်ကားငါးစီးရောက်ရှိကာ တောနင်းရှာဖွေနေပြီး ယနေ့နံနက်တွင် စစ်ကားသုံးစီး ထပ်မံရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည် ။ “ခွေးမဖောမှာ တိုက်ပွဲကျ (တိုက်ပွဲဖြစ်) နေတာ ၁၁ နာရီလောက်မှ လက်နက်ကြီးအသံစဲတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာ ပြေးပုန်းနေရတယ်” ဟု ၎င်းက ဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက်အစောပိုင်းတွင် ကံပေါက် ရေကန်တောင်ပေါ်ရှိ မိုက်ခရိုဝေ့တာဝါတိုင်စခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည် […]


