ထုံခါ-မောတောင်လမ်းတွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်
Dawei Watch
January 11, 2025တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်ရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် KNLA တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားကြောင်း KNU တပ်မဟာ(၄) ထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်တွင် သိန်ခွန်းရွာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “တိုက်ပွဲထဲမှာ ရန်သူတွေ ဒဏ်ရာရသေဆုံးမှုရှိတယ်၊ အသေးစိတ်တော့မသိဘူး။ ကျွန်တော်တို့ လက်နက်တစ်လက်နဲ့ လက်နက်ခဲယမ်းတချို့တော့ရတယ်။ ရန်သူကတော့ နောက်မဆုတ်ဘူး။ ဒါပေမဲ့ ဆက်တက်လို့လည်း မနိုင်ဘူးပေါ့နော် လောလောဆယ်အခြေအနေက” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို ထိန်းချုပ်ရန် ဒီဇင်ဘာလ ၁၈ ရက်ကတည်းက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သိန်ခွန်းရွာ ဝင်ရောက်တပ်စွဲထားသည်။ […]


