နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ်သုံးသိန်းခွဲစျေးခုန်တက်
Dawei Watch
January 14, 2025ဇန်နဝါရီလ၏ နှစ်ပတ်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသိန်းခွဲကျော် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇန်နဝါရီလ ၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ခြောက်ဆယ့်တစ်သိန်းခြောက်သောင်း (၆,၁၆၀,၀၀၀ ကျပ်) ဝန်းကျင် ရှိရာက ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ခြောက်ဆယ့်ငါးသိန်းနှစ်သောင်း (၆,၅၂၀,၀၀၀ ကျပ်) ဝန်းကျင်အထိ ဈေးတက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ၁၄ ရက်တာကာလအတွင်း ရွှေတစ်ကျပ်သားလျှင် သုံးသိန်းခြောက်သောင်းကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတက်နေခြင်းနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းတက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်နိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ကမ္ဘာ့ရွှေဈေးတက်တာရော၊ ဒေါ်လာဈေးနည်းနည်းလှုပ်တောရော ကောလာဟလတွေကြောင့်ရော ဈေးကိုဆွဲတင်လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ ဇန်နဝါရီလ ၁၄ ရက်၏ ကမ္ဘာ့ရွှေပေါက်ဈေးမှာ ဈေးအမြင့်ပိုင်းကိုရောက်နေပြီး တစ်အောင်စလျှင် ၂၆၇၀ […]


