ရေဖြူတွင် တော်လှန်ရေး တပ်စခန်းတစ်ခု တိုက်ခိုက်ခံရ
Dawei Watch
January 26, 2025ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ မူးဒူးရွာအနီးရှိ တော်လှန်ရေး တပ်စခန်းတစ်ခု စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မူးဒူးရွာအနီးရှိ တော်လှန်ရေး စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ တော်လှန်ရေးရဲဘော်သုံးဦး သေဆုံးသွားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။ “နောက်တန်းကို ဝင်စီးခံရတာပါ ရဲဘော်ခြောက်ဦးအနက် သုံးဦးကျသွားတယ်။ အလောင်းကို သူတို့ မီးရှို့ခဲ့တယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။ ထိုသို့ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် ငွေကျပ်သိန်း ၁၂၀ အပါအဝင် ၊ရွှေတစ်ကျပ်သားနှင့် ဖုန်း ၅ လုံးခန့်ကိုလည်း ယူသွားခဲ့ကြောင်း ၎င်းကဆိုသည်။ “စခန်း တိုက်ခိုက်ခံရချိန်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းရှိတယ်။ […]


