တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု၊ စစ်စည်းကမ်းဖောက်မှုတို့ဖြင့် NUG က ထောင်ခြောက်နှစ်ချ
Dawei Watch
January 28, 2025မုဒိမ်းမှုကျူးလွန်သည့်စွဲချက်ဖြင့် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင်ထဲက မြို့နယ်တစ်ခုတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်ပြီး ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်သုံးနှစ်၊ တပ်မတော်အက်ဥပဒေ ၆၅/၇၁ အရ ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောင်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “(တရားခံကို) ဘယ်အကျဉ်းထောင်မှာ ထောင်ချမယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ တရာလိုရှေ့နေကတော့ မေးပြီးပြန်ပြောပေးမယ်လို့ ပြောတယ်” ဟု ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်ပေးနေသည့် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ (ထားဝယ်ခရိုင်) ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ တပ်မတော် အက်ဥပဒေ ပုဒ်မ […]


