ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဒေသထွက် ဓနိပွင့်ယိုလုပ်သူနည်းလာ

Dawei Watch

February 27, 2025

ထားဝယ်ဒေသတွင် လုံခြုံရေးနှင့် စျေးကွက်အခြေအနေများကြောင့် ယခုနှစ် ဓနိပွင့်ယိုလုပ်သူနည်းပါးကြောင်း ထားဝယ်ဒေသခံများက ပြောသည်။ အာဏာသိမ်းမှု မတိုင်မီက ရှင်ကိုးရှင်ဘုရားဖူးနှင့် ကမ်းခြေခရီးသွားလုပ်ငန်းများကို အမှီပြုပြီး ထားဝယ်ခရိုင် သရက်ချောင်း၊ လောင်းလုံးမြို့နယ်များတွင် ဒေသထွက် ဓနိယိုထိုးလုပ်ငန်းများကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ကြကြောင်း ၎င်းတို့က ဆိုသည်။ အာဏာသိမ်းပြီး နောက်ပိုင်းပဋိပက္ခအခြေအနေကြောင့် ဓနိယိုပြုလုပ်သူနည်းလာကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိတောင်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဘယ်အချိန် ပြေးရမှန်းမသိ၊ (ဓနိယို) လုပ်နေတဲ့သူက ဘယ်ရှိတော့မလဲ” ဟု ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ပိုင်းခြားထားသည့် ထားဝယ်မြစ်လယ်ကျွန်းများတွင် ဒေသခံ ဓနိတောင်သူများမှာ ဓနိထွက် ပစ္စည်များဖြစ်သည့် ဓနိသကြား၊ ပအုန်းရည်၊ ဓနိဖက်၊ ဓနိပွင့်ယို လုပ်ငန်းများပြုလုပ်လေ့ရှိကြသည်။ အာဏသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီတပ်က ယင်းဓနိတောများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် […]

ထားဝယ်ကမ်းနားပန်းခြံတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည့်အမျိုးသမီးအလောင်းတွေ့

Dawei Watch

February 27, 2025

ထားဝယ်မြို့ ကမ်းနားစျေးအနီးရှိ သဲကွင်းပန်းခြံတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့နံနက်ပိုင်းတွင် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထားဝယ်ထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၄၀ နှစ်ဝန်းကျင်အရွယ်ရှိပြီး ယနေ့ နံနက် ၆ နာရီခန့်တွင် သဲကွင်းပန်းခြံထဲ လူလျှောက်လမ်း နံဘေးရှိ မြက်ခင်းပြင်တွင် သေဆုံးနေကြောင်း ဇမ္ဗူသီရိအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလောင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်း အင်္ကျီမရှိဘူး။ ထဘီတစ်ထည်ပဲ တွေ့ ရတယ်။ နောက်ပြီး ဦးခေါင်းဒါဏ်ရာတွေ့ တယ်” ၎င်းက ပြောဆိုသည်။ သေဆုံးသူ အမျိုးသမီးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ အမျိုးသမီး၏ ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးရင်ခွဲရုံသို့ […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ဥတ္တူရွာခံတစ်ဦး ရက် ၂၀နီးပါးကြာသည်အထိ ပြန်မလွတ်

Dawei Watch

February 26, 2025

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ ကိုကျော်မင်းသည် ဖမ်းဆီးခံရပြီး ၁၈ ရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၈ရက်တွင် ဥတ္တူရွာသို့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၈ရက်နှင့် ၉ရက် တို့တွင် ကိုကျော်မင်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူ့မိန်းမကလည်း ဗိုက်ကြီးနဲ့။ ဗိုက်ကလည်း နေ့စေ့လစေ့ဖြစ်နေပြီ။ အခုထိ ပြန်မလွတ်လာသေးတော့ သူ့မိန်းမရော သူ့အမေရောက စိတ်ပူနေကြတာပေါ့။ ဘာကြောင့်ဖမ်းထားလဲတော့ မသိဘူး” ဟု မိသားစုနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာချိန် ဒေသခံများတိမ်းရှောင်ကြရာ အသက် ၂၉နှစ်အရွယ် ကိုကျော်မင်းမှာ စစ်ကောင်စီတပ်နှင့် တိုးပြီး ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ […]

တနင်္သာရီတွင် စစ်ရှောင်လေးထောင်ခန့် အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းရောဂါများဖြစ်

Dawei Watch

February 26, 2025

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်လေးထောင်ခန့်သည် အရေပြားရောဂါ၊ ဝမ်းရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ ရောဂါဖြစ်နေသော ကျေးရွာများမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေကြသော သိန်ခွန်း၊ ညောင်ပင်ကွင်းနှင့် ထုံခါ ကျေးရွာအုပ်စုများက စစ်ဘေးရှောင်အများစု ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အရေပြားရောဂါနှင့် ဝမ်းရောဂါများသည် ပြီးခဲ့သော ဒီဇင်ဘာလကတည်းက ဖြစ်ပွားနေကြပြီး ဇန်နဝါရီလတွင် ပန်းနာရင်ကျပ်၊ နှာစေးချောင်းဆိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများပါ ဖြစ်ပွားနေသည်ကို တွေ့ရှိကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့က မငြိမ်းက ပြောသည်။ “အဓိကကတော့ ရာသီအကူးအပြောင်းကြောင့်လဲပါမယ်။ အစားအသောက် အာဟာရတွေ ကောင်းကောင်း မစားရတာ လည်း ပါတယ်။ နေထိုင်ရတာတွေလည်း ဆင်းဆင်းရဲရဲ နေရလို့လည်း ပါတယ်။ အခုက ရွာထဲ ဝင်လိုက်ရင် လူတိုင်းက ရောဂါတစ်ခုမဟုတ် တစ်ခုဖြစ်နေကြတာချည်းပဲ” ဟု […]

ရိုဟင်ဂျာတစ်ရာကျော်ကို ထောင်ဒဏ် ၂ နှစ်ချပြီး ကော့သောင်းထောင်ပို့

Dawei Watch

February 26, 2025

ဘုတ်ပြင်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ရိုဟင်ဂျာတစ်ရာကို ကော့သောင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဘုတ်ပြင်းမြို့ခံအချို့က ပြောသည်။ ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံကုမ္ပဏီပိုင်ဆီအုန်းခြံအတွင်း ဝင်ရောက်ပုန်းခိုနေစဉ် ဖမ်းမိသည့် ရိုဟင်ဂျာ တစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၉၇ဦးနှင့် ကလေးငါးဦးကို ဖမ်းဆီးပြီး လဝက်ကျော်အကြာ ဖေဖော်ဝါရီလ ၂၁ရက်တွင် ဘုတ်ပြင်းမြို့နယ်တရားရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ ထောင်ဒဏ်ချခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အမိန့်ချပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၂ ရက် နံနက်စောစောတွင် ဘုတ်ပြင်းမြို့နယ်မှ ကော့သောင်းမြို့ရှိ အကျဉ်းထောင်သို့ ကားများဖြင့်ပို့ဆောင်လိုက်ကြောင်း ဘုတ်ပြင်းမြို့ခံတစ်ဦးက ပြောဆိုသည်။ “ပြန်လွတ်လာရင် ဘာဆက်ဖြစ်မယ်ဆိုတာ သူတို့(စစ်ကောင်စီ)တွေပဲ […]

ကံပေါက် စစ်ဆေးရေးဂိတ်အနီးတွင် ကားပြင်နေစဉ် ကားနင်းမိပြီး ဝပ်ရှော့ဆရာသေဆုံး

Dawei Watch

February 26, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာအဝင် သစ်တောလမ်းဆုံတွင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အနီးတွင် ကားပြင်နေစဉ် ကားနင်းမိသဖြင့် ဝပ်ရှော့ဆရာအမျိုးသားတစ်ဦး သေဆုံးကြောင်း ကားသမားများနှင့် ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၂၅ရက် ညနေပိုင်းက စစ်ဆေးရေးဂိတ်တွင် ကားရပ်၍ ခရီးသွားမှတ်တမ်းစာရင်း ဝင်ပေးပြီးနောက် ကားစက်နှိုး၍ မရတော့သဖြင့် ဝပ်ရှော့ဆရာခေါ်၍ ကားပြင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကားက စက်မနှိုးတော့လို့ ဝပ်ရှော့ဆရာက ကားအောက်ဝင်ကြည့်ပေးတယ်။ ဝပ်ရှော့ဆရာကပဲ ကားသမားကို တက်မောင်း စမ်းခိုင်းတယ်။ သတိလက်လွတ်သလိုဖြစ်သွားပြီး မောင်းခိုင်းလိုက်တာမျိုး ဖြစ်သွားတယ်။ ကားက ဝပ်ရှော့ဆရာကို နောက်ဘီးနဲ့ တက်ကြိတ်လိုက်တယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာခံကားသမားတစ်ဦးက ပြောသည်။ ကားဖြင့် နင်းမိပြီးနောက် စစ်ကောင်စီဂိတ်က စစ်ကားဖြင့်ပင် ကံပေါက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် အသက် ၄၀ ဝန်းကျင်အရွယ် ဝပ်ရှော့ဆရာဖြစ်သူ […]

ပေါင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ

Dawei Watch

February 26, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့သည် ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံပြီး အုပ်ချုပ်ရေးမှူးဖြစ်သူ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်က ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်တို့သည် နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လူသုံးဦး ရောက်ရှိလာပြီး ထောက်ခံစာပြုလုပ်မည်ဟုဆိုကာ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ နေအိမ်ခြံဝင်းထဲ ဝင်ရောက်လာပြီးနောက် သေနတ်ဖြင့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်ခဲ့ကြောင်း အနီးအနားရှိ ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “အုပ်ချုပ်ရေးမှူးကတော့ သေဆုံးသွားတယ်။ သူ့ဇနီး မမိငယ်ကလည်း ထိသွားတယ်။ (သေနတ်သမားတွေ) သူတို့က ဘာကြောင့် ဒီလိုလုပ်သွားလဲတော့ မသိဘူး။ […]

ရနောင်းတွင် အွန်လိုင်းစျေးသည် မြန်မာနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

February 26, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်တွင် အွန်လိုင်းမှတစ်ဆင့် အလှကုန်ပစ္စည်းများ ရောင်းချနေသော မြန်မာစုံတွဲ လူငယ်နှစ်ဦးသည် ဖေဖော်ဝါရီ ၂၅ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရနောင်းမြို့ထဲက သုံးထပ်တိုက်အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားနှစ်ဦးသည် အွန်လိုင်းမှတဆင့် ဈေးရောင်းနေသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် အိမ်ရှေ့တွင် အိမ်စီးကားတစ်စီးနှင့် အထဲတွင် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ ဆံပင်ပေါက်ဆေး၊ ပေါင်းဆေးနှင့် ဖြည့်စွက်စာများ အမျိုးအစား တစ်ရာကျော်နှင့် အရေအတွက်ပေါင်း ငါးထောင်ကျော် စစ်ဆေးတွေ့ရှိ ကြောင်း သတင်းများတွင် ဖော်ပြသည်။ အချို့အလှကုန်များသည် ထိုင်းနိုင်ငံတွင် ခွင့်ပြုချက် မရရှိထားသော အလှကုန်ပစ္စည်းများဖြစ်ကြောင်း ဆိုသည်။ ပစ္စည်းများ တန်ဖိုးမှာ ဘတ် ၁၂ သိန်းကျော်ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ အိမ်ထဲတွင် […]