ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းတွင် မိုးဆက်ရွာမည်

Dawei Watch

February 24, 2025

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၂၄ရက်မှ ဖေဖော်ဝါရီလ ၂၇ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဆက်ရှိနေမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၂၃ရက်တွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း ဖော်ပြသည်။ တနင်္သာရီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ချင်းနှင့် ရခိုင် စသည့်ဒေသတို့တွင်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးဇလက ဆိုသည်။ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ […]

ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်လာမည်ကို မကြိုက်လျှင်ထားဝယ်သားမဟုတ်ဟု ဦးမြတ်ကိုပြော

Dawei Watch

February 24, 2025

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ကို မကြိုက်သောသူသည် ထားဝယ်သားမဟုတ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောဆိုသည်။ ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီနှင့် နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးလိုက်သည့်ကိစ္စအပေါ် မေးမြန်းစဉ် ဦးမြတ်ကိုက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “တို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စပဲ ငါကြိုက်တာပေါ့။ မကြိုက်တဲ့သူရှိရင် အဲဒါထားဝယ်သားမဟုတ်လို့ပဲ။ ထားဝယ်သားဖြစ်ပြီး ထားဝယ်မှာ စက်မှုဇုန်ရှိလာမှာကို မကြိုက်ဘဲ ဘယ်ရမလဲ။ ကြိုက်ရမှာပေါ့” ဟု ဦးမြတ်ကိုက ပြောသည်။ သို့သော် စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် လက်နက်ကိုင်တွန်းလှန်မှုမှာ တနင်္သာရီတိုင်းတွင်လည်း အားကောင်းနေပြီး နယ်မြေအတော်များများကို တော်လှန်ရေး အဖွဲ့များက စိုးမိုးထားသဖြင့် စစ်ကောင်စီမှာ အထူးစီးပွားရေးဇုန်တည်ရှိရာ ထားဝယ်ဒေသတွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သော အခြေအနေတွင် မရှိပေ။ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် […]

အဓမ္မစစ်မှုထမ်း စုဆောင်းနေချိန် မြန်မာ ၂၀၀ ကို ထိုင်းက စစ်ကောင်စီထံပြန်ပို့

Dawei Watch

February 24, 2025

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၀၀ ဦးကို အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီထံသို့ ထိုင်းဘက်က ယနေ့ (ဖေဖော်ဝါရီလ ၂၄) ထပ်မံလွှဲပြောင်းပေးလိုက်သည်။ ယနေ့ နံနက် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၀၀ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလဝကဌာနက ထုတ်ပြန်သည်။ နေရပ်ပြန်ပို့စဉ် ရနောင်းအာဏာပိုင်များနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ဟု ဖော်ပြထားချက်အရသိရသည်။ မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများက ထိုင်းအစိုးရကို တိုက်တွန်းနေသော်လည်း ယခုကဲ့သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရေးအခြေအနေအရ ထွက်ပြေးတိမ်းရှောင်လာရသူများကို […]

စစ်ကောင်စီက ထောက်ပံ့သည်ဆိုသောငွေ မွန်စစ်ရှောင်အများစုမရ

Dawei Watch

February 24, 2025

မွန်ပြည်နယ်၊ စစ်ကောင်စီက ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးသည်ဆိုသော်လည်း စစ်ဘေးရှောင်ပြည်သူအများစု ရရှိခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ငွေကြေးထောက်ပံ့ပေးသည့်အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။ စစ်ဘေးရှောင် တစ်ဦးလျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၃၇၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့သလို တခြားအလှူရှင်များကလည်း ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။ “အထောက်အပံ့ပေးတယ်ဆိုတာ ကျွန်မတို့ သိတောင် မသိဘူး။ သူများတွေတော့ မပြောတတ်ဘူးပေါ့။ တစ်ခါမှလည်း မရဖူးဘူး။ အလှူရှင်တွေပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကနေ ရတာတော့ ရှိတယ်” ဟု ကျိုက်ထိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက […]

ဂျာမနီရွေးကောက်ပွဲ လက်ယာယိမ်းပါတီများ အသာရ

Dawei Watch

February 24, 2025

တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ဂျာမဏီရွေးကောက်ပွဲတွင် ဗဟိုလက်ယာပါတီဖြစ်သည့် ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ(CDU) က မဲအများဆုံးဖြင့် အနိုင်ရခဲ့သည်။ လက်ယာအစွန်းရောက်ပါတီ AfD ပါတီယ ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အင်အားအကောင်းဆုံး အနေအထားသို့ ရောက်ရှိလာသည်။ CDU ပါတီခေါင်းဆောင် ဖရက်ဒရစ်မာ့ဇ်က ဂျာမဏီအဓိပတိဖြစ်လာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြနေကြပြီး ဖရက်ဒရစ်မာ့ဇ်ကလည်း ညွန့်ပေါင်းအစိုးရကို အမြန်ဆုံးဖွဲ့စည်းရန် ရည်ရွယ်ထားကြောင်း ပြောလိုက်သည်။ နိုင်ငံအတွင်း အခွန်လျှော့ချပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ရွေ့ပြောင်းနေထိုင်သူများအရေးကို တင်းကျပ်စွာ ကိုင်တွယ်မည်ဟု ၎င်းက ကတိပြုထားသည်။ ဂျာမဏီ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို မြှင့်တင်ရန် ကတိပြုထားပြီး ဥရောပအနေဖြင့် အမေရိကန်ကို မှီခိုနေရသည့် ဘဝမှ လွတ်မြောက်အောင် အားထုတ်ရမည်ဟုလည်း တိုက်တွန်းထားသည်။ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည့် လက်ရှိဂျာမဏီအဓိပတိ အိုလားဖ်ရှော့ဇ်က ရွေးကောက်ပွဲရလဒ်မှာ ခါးသီးကြောင်း ပြောဆိုလိုက်ပြီး အနိုင်ရပါတီများအနေဖြင့် လက်ယာစွန်းပါတီနှင့် […]

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းတွင် စစ်ဆေးရေးဂိတ်နှစ်ဆတိုးပြီး ငွေတောင်းကြမ်းလာ

Dawei Watch

February 24, 2025

မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် ယခင်ကထက် ၂ ဆခန့်ပိုများလာပြီး ငွေတောင်းကြမ်းလာကြောင်း ကားသမားများနှင့် ခရီးသွားများထံမှသိရသည်။ လက်ရှိအချိန်တွင် အဆိုပါလမ်းပိုင်း၌ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်၊ PDFစစ်ဆေးရေးဂိတ်၊ KNU စစ်ဆေးရေးဂိတ် နှင့် KTLA ဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၄၀ ဝန်းကျင်အထိ ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ မြိတ်-ကော့သောင်းလမ်းပိုင်းမှာ ၂၆၈ မိုင်ခန့် ကွာဝေးပြီး အာဏာမသိမ်းမီက ခရီးသည်များကို စစ်ဆေးသည့် စစ်ဆေးရေးဂိတ် မရှိပေ။ အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်နှစ်လယ်ပိုင်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ၈ ခုထက်မနည်းရှိလာပြီး ၂၀၂၄ နှစ်လယ်ပိုင်းတွင် စစ်ဆေးရေးဂိတ် ၂၀ ခန့်ရှိလာကြောင်း၊ သို့သော်လက်ရှိအချိန်တွင် ဂိတ်ပေါင်း ၄၀ ခန့် […]

စစ်ကောင်စီတပ် ဖမ်းထားသည့် ဘန်းလမွတ်ရွာသားခုနစ်ဦး ပြန်မလွတ်သေး

Dawei Watch

February 23, 2025

တနင်္သာရီမြို့နယ်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် အရပ်သား ခုနစ်ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၀နာရီခန့်တွင် အမျိုးသမီးများ အပါအဝင် ဘန်းလမွတ် ဒေသခံ ၁၀ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထို့နောက် ယင်းနေ့ ညနေတွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ခုနစ်ဦးကိုမူ ပြန်မလွှတ်သေးကြောင်း ဒေသခံများက ဆိုသည်။ “သူတို့(စကစ)က လူရှိတဲ့ အိမ်တွေထဲဝင်ပြီး သေနတ်နဲ့ထောက် အကုန်ခေါ်ထုတ်။ အမျိုးသမီးတွေကိုတော့ ညနေပြန်လွှတ် ပေးလိုက်တယ်။ ယောကျ်ားလေးတွေကိုတော့ ဒီနေ့အထိပြန်မလွှတ်သေးဘူး” ဟု ဘန်းလမွတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အဖမ်းခံထားရသူများမှာ အသက် ၆၀အရွယ် ဦးမျိုးကြွယ်၊ […]

ထားဝယ်တွင် နေအိမ်နှစ်ဆောင် ဖောက်ထွင်းခိုးယူခံရ

Dawei Watch

February 23, 2025

ထားဝယ်မြို့၊ ဥဿရံတိုးချဲ့ ရပ်ကွက်နှင့် ဆန်းချီရပ်ကွက်တို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်ညက နေအိမ်နှစ်လုံး ဖောက်ထွင်းခိုးယူခံရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်များ၏ အိမ်ရှင်များထံမှ သိရသည်။ သိရသည် ။ ဆန်းချီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ည ၁၂ နာရီခန့်က သူခိုးဝင်ပြီး ဆိုင်ကယ်အား ခိုးယူ၍ ပြန်ထွက်ရန် နေအိမ်ခြံဝင်းတံခါးကို ဖွင့်နေစဥ် အိမ်ရှင်များနိုးသွား၍ ပတ်ဝန်းကျင်ကို အကူအညီတောင်းရာမှ ဝိုင်းလိုက်သဖြင့် ဆိုင်ကယ်သူခိုး နှစ်ဦးထွက်ပြေးသွားကြောင်း အိမ်ရှင်က ပြောသည်။ ပတ်ဝန်းကျင်က ဝိုင်းလိုက်သော်လည်း သူခိုးနှစ်ဦး ဖမ်းမမိဘဲ လွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက် ညတွင်ပင် ဥဿရံတိုးချဲ့ ရပ်ကွက်ရှိ အလှပြုပြင်ရေးဆိုင်ဖွင့်ထားသည့် နေအိမ်၏အောက်ထပ်တွင် ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း ဆိုင်ကယ်ခိုးယူခံရသည့် ကာယကံရှင်က ပြောဆိုသည်။ […]