ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် လေ့လာရေးခရီးကား တိမ်းမှောက်ပြီး လူ ၂၀နီးပါးသေဆုံး

Dawei Watch

February 26, 2025

ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်တွင် လေ့လာရေးခရီးထွက်လာသော ဘတ်စ်ကားတစ်စီး တောင်အဆင်းတွင် တိမ်းမှောက်ပြီး ၁၈ ဦးထက်မနည်း သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၄ နာရီခန့်က နဒီးဒေသက အဝေးပြေးလမ်း တောင်ဆင်းတစ်နေရာတွင် ဘတ်စ်ကား သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအကာများကို ကျော်၍ တိမ်းမှောက်ကြောင်း ဖော်ပြသည်။ အီစန်ဒေသ ဘိုဝါကန်ခရိုင် စည်ပင်သာယာရေးဌာနက ရယွန်ခရိုင်သို့ လေ့လာရေးခရီးထွက်လာသော ကားသုံးစီးအနက် နောက်ဆုံးကား တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် စည်ပင်သာယာရေးနယ်ထဲက အိမ်နီးနားချင်း ပြည်သူ ၄၇ ဦး လိုက်ပါလာပြီး ကားတိမ်းမှောက်မှုကြောင့် အခင်းဖြစ်သောနေရာတွင် ၁၆ ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး နဒီဆေးရုံကြီးတွင် […]

ဖမ်းဆီးနေမှုကြောင့် မဟာချိုင်က စစ်ရှောင်ကူညီရေးအဖွဲ့များ အလှူငွေရရန် ခက်ခဲလာ

Dawei Watch

February 25, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အလှူခံနေသော မြန်မာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်လာနေသဖြင့် ပြည်တွင်းရှိ မြန်မာဒုက္ခသည်များအတွက် အလှူငွေရရှိရန် ပိုမိုခက်ခဲလာနေကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ မဟာချိုင်ဒေသနှင့် အုန်းနွဲ့၊ အုန်းယိုင်ဒေသတွင် မြန်မာအလုပ်သမားများက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တိုင်း လမ်းမပေါ်၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူခံလေ့ရှိကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလ ၉ ရက်နေ့က အုန်းယိုင်ဒေသရှိ လူကူးခုံးကျော်တံတားပေါ်တွင် စစ်ဘေးရှောင်များအတွက် အလှူခံနေသော မြန်မာနိုင်ငံသားများကို ထိုင်းမျိုးချစ်အဖွဲ့က လာရောက်တားဆီးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ငွေကြေးအလှူခံခွင့် မရှိဟု ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဖမ်းဆီးစေခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၃ ဦးကို ရဲစခန်းတွင် […]

ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး၊ ထွေအုပ်ဒုဦးစီးမှူးနှင့် လုပ်ငန်းရှင်များကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

February 25, 2025

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးအပါအဝင် ခြောက်ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဖမ်းခံရသူများနှင့် နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးဇာနည်၊ ဦးမိုးငယ်၊ ဦးဇော်ဝင်းမြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် နေအိမ်နှင့် ရုံးတို့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို မသိရှိရသေးသလို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးကြောင်း နီးစပ်သူတို့က ပြောသည်။ “ဘာကြောင့် အခုလို ဖမ်းခေါ်သွားတာလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ အမျိုးအမျိုးတော့ ပြောနေကြတယ် ဒါပေမဲ့ ဘာမှ […]

ပုလောတွင် KNLA စစ်ဆေးရေးဂိတ်တွင် အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

February 25, 2025

ပုလောမြို့နယ် ထားဝယ်-ပုလောလမ်းပေါ်က ဆင်ထိုးကြီးရွာအဝင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းက အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ ပိတောက်ကြီးရွာက အသက် ၃၈နှစ်ခန့်အရွယ် မောင်ဂန်ဟု ခေါ်ဝေါ်ကြသူဖြစ်ပြီး ဇနီး၊ သားနှင့်အတူ ပလောက်မြို့တွင် ဆေးခန်းပြပြီး ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဉ် အဆိုပါဂိတ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ “ဆေးခန်းပြပြီး ပြန်လာတော့ ၇နာရီကျော်နေပြီ။ အဲဒီဂိတ်ကိုရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီထင်တယ်၊ အဲဒီမှာ ပစ်ခံရ တာ။ ဆိုင်ကယ် မရပ်လို့ ပစ်တာလို့တော့ သူ့မယားက ပြောတယ်” ဟု ပိတောက်ကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦး ပြောဆိုသည်။ ပစ်ခတ်ခံရသည့် အမျိုးသားမှာ ရွာသို့ ရောက်ရှိချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

February 25, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဝကုန်းရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရ

Dawei Watch

February 25, 2025

ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာ ဘူဓိဗောမိုင်းဘက်ရှိ ဥယျာဉ်ထဲသို့သွားသည့် အမျိုးသမီးတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၃ နှစ်အရွယ် ဒေါ်မာလွင်နှင့် သားဖြစ်သူတို့နှစ်ဦးမှာ ဥယျာဉ်ခြံထဲသို့ ခြေလျင်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒေါ်မာလွင် ဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မိုင်းနင်းမိပြီး ဒဏ်ရာရတယ်ဆိုတာပဲ သိသေးတယ်။ အခု သွားသယ်နေကြတဲ့လူတွေ ပြန်မထွက်လာကြသေးဘူး။ အဲဒါကြောင့် အသေးစိတ် မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက် နံနက် ၇ နာရီခန့်ကလည်း ဝကုန်းရွာက အသက် ၄၅ နှစ်ရှိ ဦးမောင်ဝင်း ဥယျာဉ်ခြံထဲသို့ သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဘက် ပြတ်တောက်သွားပြီး […]

ထားဝယ်မြို့တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းများကို တောင်းယူစစ်ဆေး

Dawei Watch

February 25, 2025

ထားဝယ်မြို့ပေါ်တွင် နေထိုင်သည့်မိသားစုများ၏ အိမ်ထောင်စုစာရင်း မိတ္တူများကို စစ်ကောင်စီက တောင်းယူပြီး စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတောင်းယူကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလူက အခုဘယ်မှာနေတယ်။ ဒီလူက ဘယ်ကိုသွားတယ်ဆိုပြီး အိမ်ထောင်စုစာရင်း (မိတ္တူ) မှာ ရေးပေးလိုက်ရတယ်။ အိမ်တိုင်းအဲဒီလို လုပ်ပေးနေရတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ မြို့ခံများနှင့် စစ်ဘေးရှောင်မိသားစုများအား မေးမြန်းချက်အရ ယခုကဲ့သို့ အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေး ခံနေရသည်မှာ စစ်ဘေးရှောင်များအများစု နေ‌ထိုင်လေ့ရှိသည့် ရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။ အိမ်ထောင်စုစာရင်း တောင်းယူပြီး အိမ်ရှိ မိသားစုဝင်များ၏ စာရင်းနှင့် ဧည့်စာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးကြောင်း မြို့ခံအချို့က ဆိုသည်။ “(နယ်ကနေ ပြောင်းလာတဲ့) လူငယ်ပိုင်းထဲကဆိုရင် ကျောင်းဖြစ်ဖြစ် (တက္ကသိုလ်ကိုဆိုလို) […]

တောင်သူလက်ထဲ ကွမ်းသီးခြောက်ပြတ်ချိန် ဈေးနှစ်ဆနီးပါးတက်

Dawei Watch

February 25, 2025

တောင်သူများလက်ထဲ ကွမ်းသီးခြောက်ပြတ်လပ်သွားချိန် ဈေးနှစ်ဆနီးပါးမြင့်တက်ကြောင်း တောင်သူအချို့နှင့် ဈေးကွက်အတွင်းမှ သိရသည်။ ဖေဖော်ဝါရီလဆန်းပိုင်းက ကွမ်းသီးခြောက်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဝန်းကျင်သာဈေးရှိပြီး ကွမ်းသီးခြောက်ရာသီ ကုန်ခါနီးသည့် လက်ရှိအချိန်တွင် ကျပ်နှစ်သောင်းနီးပါးအထိ ဈေးမြောက်နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးခြောက် အဝယ်ဒိုင်အချို့ထံမှ သိရသည်။ ကွမ်းသီးနုရာသီက ဈေးကောင်းခဲ့သဖြင့် ကွမ်းသီးနုဆွတ်ခူးရောင်းချသူများပြားပြီး ကွမ်းသီးအမှည့်အထွက် နည်းသော ကြောင့် တောင်သူများလက်တွင် ကွမ်းသီးခြောက်ပြတ်လပ်နေပြီဖြစ်ကြောင်း တောင်သူအချို့က ပြောသည်။ ယခုနှစ်တွင် ကွမ်းသီးမှည့်အထွက်နည်းသည့်အပြင် တိုက်ပွဲနှင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများကြောင့် တောင်သူများက ကွမ်းသီးခြောက် မသိုလှောင်ရဲကြကြောင်း ဘုတ်ပြင်းမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ဆိုသည်။ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံတောင်သူများက ကွမ်းသီးခြောက်ကို မသိုလှောင် ကြတော့ဘဲ ရောင်းထုတ်လိုက်ကြကြောင်း ၎င်းက ပြောဆိုသည်။ “ကျွန်တော်တို့ဘက်မှာတော့ ကွမ်းသီး‌ကုန်ပြီ။ ဈေးကောင်းစောင့်ပြီး သိုလှောင်တာတွေလည်း မလုပ်ဖြစ်ဘူး။‌ […]