ထိုင်းနိုင်ငံ ပါနန်ကမ်းခြေတွင် ထားဝယ်ဒေသခံ ကလေးတစ်ဦး ရေနစ်သေဆုံး
Dawei Watch
March 1, 2025ထိုင်းနိုင်ငံ၊ ချွန်ဖော်ခရိုင်၊ ပါနန်ကမ်းခြေတွင် ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းက အသက် ၁၁ နှစ် အရွယ် ထားဝယ်ဒေသခံ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ပါနန်ကမ်းခြေနေ ရွှေ့ပြောင်းမြန်မာလုပ်သားများထံက သိရသည် ။ သူငယ်ချင်းများနှင့်အတူ ကမ်းခြေချောင်းဝတွင် ရေသွားကူးစဥ် ရေနစ်ခဲ့ခြင်းဖြစ်သည် ။ ” ကလေးတွေ ရေကူးတတ်ကြတယ် ။ သွားကူလေ့ရှိတယ် ။ အခုက ကလေးရေနစ်တဲ့အချိန်က ရေတက်ချိန်လည်းဖြစ်သွားတယ် ။ သူ့သူငယ်ချင်းတွေ လိုက်ဆွဲသေးတယ်။ ဆွဲ မမီဘဲနစ်သွားတာ ” ဟု ရေနစ် သေဆုံးသည့် ကလေးနှင့် နီးစပ်သည့် ကျောင်းသားမိဘတစ်ဦးကပြောသည် ။ ရေနစ်သေဆုံးသည့်ကလေးသည် ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊ ကနက်သီရီရွာဇာတိဖြစ်သူ မောင်ဘုန်းမြတ်ဦးဖြစ်ပြီး ပါနန်ကမ်းခြေတွင် အဖွားဖြစ်သူနှင့်အတူ နေထိုင်ကာ […]


