ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတောင်ပိုင်းက မြန်မာပစ္စည်းအရောင်းဆိုင်ကို အာဏာပိုင်များ ဝင်ဖမ်း

Dawei Watch

March 4, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီမြို့က မြန်မာပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ထိုင်းအာဏာပိုင်များက မတ်လ ၃ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod English တွင် ဖော်ပြသည်။ စူရတ်ဌာနီမြို့၊ ခုန်ထလေးဒေသရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းထားသော ကုန်ပစ္စည်းများ ရောင်းချနေသည်ဟု တိုင်ကြားချက်ရရှိသဖြင့် အကောက်ခွန်၊ ပြည်သူ့ကျန်းမာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းထားသော အစားအသောက်၊ အလှကုန်၊ ဆေးဝါးများစွာကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။ ဆိုင်ကို မြန်မာနိုင်ငံသားတစ်ဦးနှင့် လက်ထပ်ထားသော ထိုင်းဆိုင်ပိုင်ရှင်က ဖွင့်လှစ်ထားကြောင်း ဖော်ပြသည်။ မြန်မာပစ္စည်းများကို တရားမဝင် ရောင်းချမှုဖြင့် ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးထားပြီး ခုန်ထလေးရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းတွင် ဖော်ပြသည်။ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း […]

ယူကရိန်းကို စစ်ရေးအထောက်အပံ့အားလုံး ယာယီရပ်ဆိုင်းထားရန် သမ္မတထရမ့် အမိန့်ထုတ်

Dawei Watch

March 4, 2025

ယူကရိန်းကို ပေးနေသည့် အမေရိကန်စစ်ရေးအထောက်အပံ့အားလုံးကို ယာယီရပ်ဆိုင်းရန် သမ္မတရမ့်က တနင်္လာနေ့က အမိန့်ပေးလိုက်သည်။ ယင်းမှာ ယူကရိန်းသမ္မတဇလန်းစကီးက အမေရိကန်သမ္မတထရမ့် ၊ ဒုသမ္မတဂျေဒီဗန်းစ်တို့နှင့် ပြီးခဲ့သည့် အပတ်က အိမ်ဖြူတော်တွင် အငြင်းပွားခဲ့မှုကို တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ ယူကရိန်းသမ္မတဇလန်းစကီးအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်ဘက်မှ ဖိအားပေးလာချိန်တွင် တနင်္လာနေ့က ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ “ဒါက စစ်ရေးအထောက်အပံ့ပေးနေမှုကို အပြီးတိုင်ဖျက်သိမ်းစွန့်လွှတ်ပစ်လိုက်တာ မဟုတ်ပါဘူး။ ယာယီရပ်ဆိုင်းထားတာပါ” ဟု ထရမ့်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Fox News သတင်းဌာနက ဖော်ပြထားသည်။ ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအထောက်အပံ့များသည် စစ်ပွဲရပ်ဆိုင်းရေး အဖြေတစ်ခုရရန် အထောက်အကူ ဖြစ်မဖြစ် သုံးသပ်နိုင်ရန်အတွက် ယင်းသို့ ယာယီရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်ဟု […]

ဒေါနတပ်ရင်းက ရဲဘော်တစ်ဦး ထောက်ပို့ထီ ဒုတိယဆု ကံထူး

Dawei Watch

March 3, 2025

မွန်နှင့်တနင်္သာရီဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်း မှ ရဲဘော်တစ်ဦးသည် တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ ဒုတိယဆု (ကျပ်သိန်းနှစ်ရာ) ကို ကံထူးခဲ့ကြောင်း သိရသည်။ ၁၄ ကြိမ်မြောက်ထောက်ပို့ထီကို မတ်လ ၂ ရက်ညတွင် ထောက်ပို့ထီအဖွဲ့က အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်၍ ထီဖွင့်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါနတပ်ရင်း၊ တပ်ခွဲ ၃၊ ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ရှိုင်း ထိုးထားသော ထီလက်မှတ် နံပါတ် ၀၃၀၂၀၄၆ ဖြင့် ကံထူးခဲ့ခြင်းဖြစ်သည် ။ ” တပ်ခွဲက ရဲဘော်ထိုးထားတဲ့ အထဲကဒုတိယဆုပေါက်တာပါ ။ နောက်ထပ် နောက် ဂဏန်းသုံးလုံးတူ ငါးသောင်းဆုက နှစ်ဆု ထပ်ပေါက်သေးတယ်” ဟု ယင်းတပ်ခွဲ ၏ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် စောခေတ်သစ်ကပြောသည် ။ ဒုတိယဆု ကံထူးထားသည့် […]

ဥရောပမှာ သမိုင်းအချိုးအကွေ့တစ်ခုတွင် ရောက်နေဟု ဗြိတိန်ဝန်ကြီးချုပ် သတိပေး

Dawei Watch

March 3, 2025

ဥရောပခေါင်းဆောင်များက ၎င်းတို့ စစ်တပ်များကို ပြန်လည်လက်နက်တိုးချဲ့တပ်ဆင်ကြပြီး ယူကရိန်းကို စစ်ရေးအထောက်အပံ့ပေးကြရန် ကတိပြုလာကြချိန်တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဥရောပသည် သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်နေပြီဟု သတိပေးလိုက်သည်။ အမေရိကန်က ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ ရပ်ဆိုင်းသွားမည်လားဆိုသော စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် တနင်္ဂနွေနေ့က ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ဥရောပနိုင်ငံ ခေါင်းဆောင်အချို့ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးခဲ့ကြသည်။ ယင်းထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်မှုကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ဖော်ဆောင်ရန် ဗြိတိန်နှင့် ပြင်သစ်အကြား သဘောတူညီမှုရရှိခဲ့သည်။ အမေရိကန်ကို ပစ်ပယ်သွားမည်မဟုတ်ဘဲ အဆိုပါ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်ကို ပြန်လည်တင်ပြသွားရန် ဥရောပခေါင်းဆောင်များ သဘောတူခဲ့ကြသည်။ အမေရိကန်၏ အားပေးထောက်ခံမှုသာ မရလျှင် အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက […]

တနင်္သာရီတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 3, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ရာ ကော်တောရွာအတွင်းရှိ လူနေအိမ်များကို ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော်တောရွာနေ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးအပြင် အသက်၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။ ”ဗုံးလာကြဲချိန် အလုပ်သွားချိန်ဖြစ်နေတော့ ရွာထဲမှာက ကလေးနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ။ အခြားသူတွေက အလုပ်ခွင်ထဲရောက်နေတော့။ ကြဲတာကလည်းရွာထဲကို လာကျတာ” ဟု ၎င်းက ပြောဆိုသည်။ […]

ကော့သောင်းဘက်က ဝင်လာသည့် ငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်ဖမ်းဆီး

Dawei Watch

March 3, 2025

ထိုင်းရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ကော့သောင်းဘက်က ဝင်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က မတ်လ ၂ ရက်ညတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရနောင်းခရိုင် ကော့ချန်းကျွန်းအနီးတွင် ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေကို ထိုင်းရေတပ်က စစ်ဆေးတွေ့ရှိခဲ့သခြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ငါးဖမ်းလှေတွင် အဏ္ဏဝါမင်း ၉၉၉ အမည်တပ်ထားပြီး လှေဦးစီးနှင့်အတူ မြန်မာရေလုပ်သား ခြောက်ဦး လိုက်ပါလာသော်လည်း လှေပေါ် တွင်မူ ငါဖမ်းပစ္စည်းများ၊ ငါးပုံးနှင့် ရေခဲများ တင်ဆောင်လာခဲ့ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ယင်းလှေသည် ပြီးခဲ့သော ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့သည့် မြန်မာငါးဖမ်းလှေပုံစံနှင့် အတူတူပင်ဖြစ်ကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၇ ရက်က ထိုင်းရေပိုင်နက် ရနောင်းခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကိုမူ […]

သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

March 3, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းက ဝင်းကဖော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (မတ် ၃ ) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများကပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးက ဝင်းကဖော်ရွာကို ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် အသက် ၆၀ ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး၊ အသက် ၅၀ ခန့်ရှိ အမျိုးသားကြီးတစ်ဦး၊ အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ၎င်းကပြောသည်။ “လေးဦးထိခိုက်ဒဏ်ရာရတယ်၊ (၅၀ ခန့်ရှိအမျိုးသား) တစ်ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်၊ ကျန်တဲ့လူတွေကတော့ နည်းနည်း ထိခိုက်တာလောက်ပဲ၊ ပေါင် […]

အယုဒ္ဓယတွင် တွဲကားနှင့်ဆိုင်ကယ်တိုက်မိ၍ ထားဝယ်ဒေသခံ တစ်ဦးသေဆုံး ၊ တစ်ဦး ဒဏ်ရာပြင်းထန်

Dawei Watch

March 3, 2025

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင်အတွင်း ဘန်ပန်-ဖက်ဟိုင်ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် ၁၈ ဘီးတွဲကားနှင့် ဆိုင်ကယ်တစ်စီး မတ်လ ၂ ရက် နေ့လယ်ပိုင်းက တိုက်မိခဲ့ကြောင်း ယင်းဖြစ်စဉ် ရုပ်သံမှတ်တမ်းများအရသိရသည် ။ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွား၍ ဆေးကုသနေရကြောင်း ကာယကံရှင်များနှင့် ဆွေမျိုးနီးစပ်သူများက ပြောပြသည် ။ “တစ်စီးတည်းအတူတူစီးလာပြီး ယာဥ်တိုက်မှုဖြစ်တယ် ။ တစ်ယောက်ကသေတယ် ။ ဆေးရုံတင်ထားရတဲ့တစ်ယောက်က ဦးနှောက် မှာ ထိထားတယ်။ စိုးရိမ်ရတယ် ” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။ သေဆုံးသူသည် အသက် ၃၀ ဝန်းကျင် ကိုဖြိုးဆိုသူ ဖြစ်ပြီး ဒဏ်ရာရသူသည် အသက် ၂၅ နှစ်ဝန်းကျင် ကိုဇင်ကိုကိုဟိန်း […]