မွန်တွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေသူ ကိုးထောင်ကျော်ရှိ
Dawei Watch
March 17, 2025မွန်ပြည်နယ်တွင် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ယမန်နှစ်ကထက် သုံးထောင်ကျော်တိုးလာကြောင်း ပြည်နယ်ပညာရေးဌာန၏ အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၉၃၀၀ ကျော်ရှိကြောင်း အထက်ပါစာရင်းများအရ သိရသည်။ ယနေ့ မတ်လ ၁၇ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကာလ လုံခြုံရေးအထူးဆောင်ရွက်ကြရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မတ်လ ၁၄ရက်တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။ ယင်းအပြင် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ […]


