ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်ကောက် ဖလန်စောင်အဝေးပြေးလမ်းပြိုကျမှုတွင် မြန်မာတစ်ဦးထပ်မံသေဆုံး

Dawei Watch

March 17, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ်လ ၁၅ ရက် နံနက်က ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်းမကြီး ပြိုကျမှုကြောင့် ဒဏ်ရာရသူများအနက် မြန်မာတစ်ဦးထပ်မံသေဆုံးသဖြင့် သေဆုံးသူ မြန်မာအလုပ်သမားသုံးဦးအထိ ရှိလာကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လမ်းပြိုကျမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ထတ်ဆင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော မြန်မာနိုင်ငံသားတစ်ဦးသည် မတ်လ ၁၆ ရက်တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာခဲ့သည်။ ယင်းအနက် ထိုင်းနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦး ပါဝင်သည်။ သေဆုံးသော မြန်မာနိုင်ငံသားများမှာ ကိုဇင်ကိုအောင်၊ ကိုနိုင်လင်းအောင်နှင့် ကိုသိန်းဝေတို့ ဖြစ်ကြသည်။ ဆောက်လုပ်ရေးကုမ္ပဏီဘက်က သေဆုံးသူများအတွက် မိသားစုဝင်များအား လျော်ကြေး အနည်းဆုံး ဘတ် တစ်သန်းစီ ပေးမည်ဟု ထိုင်းအာဏာပိုင်များထံ ကတိပြုထားကြောင်း သတင်းတွင် ဖော်ပြသည်။ ဆောက်လက်စ အဝေးပြေးလမ်းမကြီးသည် […]

ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့်ဝင်ရှာ

Dawei Watch

March 17, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် မတ်လ ၁၂ ရက်မှ မတ်လ ၁၆ ရက်အထိ ငါးရက်ကြာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ မတ်လ ၁၂ရက်တွင် တောင်ရင်းအင်းရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောလမ်းအတိုင်း စစ်ကောင်စီတပ်သားများ စတင်ရောက်ရှိလာပြီး ကျေးရွာအတွင်း နေရာခွဲ၍ နှစ်ရက်ကြာတပ်စွဲကာ ဒေသခံများကို အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်း တောင်ရင်းအင်းရွာသားများက ပြောသည် ။ “ရွာထဲကို စစ်သားတွေ ဝင်လာတာနဲ့ ချက်ချင်း ယောင်္ကျားသားတွေက ရှောင်ကြတယ်။ စစ်သားတွေက အကုန်ပြန်ခေါ်ခိုင်းပြီး အိမ်ထောင်စုနဲ့ တိုက်စစ်တာမျိုးတွေ လုပ်သွားတယ်။ ကျန်တာတော့ ဘာမှမလုပ်ဘူး။ သူတို့က စစ်ကြောင်းထိုးသလို ဝင်လာပြီး အိမ်တွေမှာ နေရာခွဲပြီး တပ်စွဲတယ်။ စစ်ဆေးတာပဲ လုပ်သွားတယ်” ဟု […]

ကျွန်းစု ရေပြင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့ပစ်ခတ်

Dawei Watch

March 16, 2025

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၁၃ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများပါဝင်သည့် အင်အား ၆၀ ခန့်နှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ ရေတပ်စစ်သင်္ဘော နှစ်စင်း၊ စက်လှေ (ဒေသအခေါ် သားပေါက်) နှစ်စီးနှင့် မိုင်းတွေးကျေးရွာမှ ပျူစောထီးများ စီးနင်းလိုက်ပါလာသည့် ဖိုင်ဘာလှေငယ် သုံးစီးတို့နှင့်အတူ ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ကြောင်း ဖော်ပြသည်။ “သူတို့က (ကျွန်းစု ပကဖ တဖွဲ့ဝင်တွေလာမှာကို) ကြိုလာစောင့်နေတော့ ချရတာပေါ့” ဟု ကျွန်းစုမြို့နယ် […]

မြန်မာကျောင်းသားသေဆုံးမှုအပေါ် ထိုင်းတက္ကသိုလ်ဘက်ကတုံ့ပြန်မှု မိသားစုဝင်များ ကျေနပ်မှုမရ

Dawei Watch

March 16, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တက္ကသိုလ်ဝင်းထဲ သေဆုံးခဲ့သော မြန်မာကျောင်းသားအမှုနှင့်ပက်သက်၍ ဝမ်းနည်းကြောင်း Assumption University ဘက်က ယနေ့တွင် ထုတ်ပြန်သည်။ သေဆုံးသူ အသက် ၂၃ နှစ်အရွယ် မြန်မာကျောင်းသား ကိုမင်းဘုန်းစစ်၏ ညီဖြစ်သူကို စာသင်နှစ် ပထမနှစ်ဝက်အတွက် ကျောင်းလခ ကင်းလွတ်ခွင့်ပေးကြောင်းလည်း ဖော်ပြသည်။ သေဆုံးသူ၏ ညီဖြစ်သူကမူ ကိုမင်းဘုန်းစစ် သေဆုံးခဲ့မှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး တက္ကသိုလ်ဘက် တိကျသော ကူညီလုပ်ဆောင်ပေးမှု မရှိသေးသဖြင့် ကျေနပ်မှုမရှိကြောင်း Facebook လူမှုကွန်ရက်တွင် ပြန်လည်တုံ့ပြန် ရေးသားထားသည်။ “အခုချိန်ထိတော့ ကျွန်တော် ကျေနပ်အောင်ထိ action လုပ်ပေးနိုင်တာမျိုးမရှိသေးဘဲ စုံစမ်းစစ်ဆေးမယ် ပြောနေတုန်းပဲ ရှိပါသေးတယ်။ Scholarship ပေးမယ်ဆိုတာကလည်း ကျွန်တော် အဲဒီကျောင်းမှာ ဆက်တက် မတက် မသေချာတာမလို့ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ လားလားမှ မအပ်စပ်ဘဲ […]

ယီမင်ရှိ ဟူသီသူပုန်များကို အမေရိကန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

Dawei Watch

March 16, 2025

အမေရိကန်ပြည်ထောင်စုက ယီမင်နိုင်ငံအခြေစိုက် ဆာနာမြို့နှင့် အခြားမြို့များက ဟူသီသူပုန်များကို မတ်လ ၁၅ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီလက်နက်ကိုင်များက ပင်လယ်နီတစ်ကြော ကူးလာသော ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုများကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနေခဲ့သဖြင့် အမေရိကန်ဘက် တိုက်လေယာဉ်များအပါအဝင် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ ယခုတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ဟူသီသူပုန်များအားလုံး သေမင်းထံ ပို့ဆောင်သွားမည်ဟုလည်း ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။ နောက်ထပ် ဟူသီသူပုန်များကို ကျောထောက်နောက်ခံပေးနေသော အီရန်ကိုလည်း ချက်ချင်းရပ်တန့်ရန် သတိပေးထားသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ယီမင်နိုင်ငံတွင် လူ ၃၁ ဦး သေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း […]

သမ္မတထရမ့်၏ အမိန့်သစ် VOA နှင့် RFA တို့ကို ရိုက်ခတ်၊ လုပ်ငန်းရပ်သွားနိုင်ကြောင်း RFA ပြော

Dawei Watch

March 16, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လုပ်ငန်းလျှော့ချရေးအမိန့်သစ်ကြောင့် VOA နှင့် RFA သတင်းဌာနများကို တိုက်ရိုက်သက်ရောက်စေပြီး RFA သတင်းဌာနကမူ လုပ်ငန်းရပ်တန့်သွားနိုင်ကြောင်း ဆိုသည်။ VOA နှင့် RFA သတင်းဌာနများကို ငွေကြေးထောက်ပံ့နေသည့် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USAGM) အပါအဝင် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဌာန၊ အိုးအိမ်မဲ့များအတွက်ဌာန၊ လူနည်းစုပိုင် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးရေးဌာန၊ ပြတိုက်နှင့် စာကြည့်တိုက်ဌာန၊ ပညာရှင်နှင့် သုတေသနဌာနများအား လုပ်ငန်းကို အဆုံးစွန်အထိ လျှော့ချရန် အမိန့်ထုတ်ခြင်းဖြစ်သည်။ USAGM သည် ကမ္ဘာတစ်ဝန်းတွင် ဘာသာစကားပေါင်း ၆၀ ကျော်ဖြင့် ရုပ်သံထုတ်လွှင့်နေသည့် သတင်းလုပ်ငန်း ခြောက်ခုကို ကြီးကြပ်ရသည့် အေဂျင်စီဖြစ်သည်။ လွတ်လပ်တဲ့အာရှအသံ (RFA) က လက်ခံရရှိသည့် အကြောင်းကြားစာတွင် အမေရိကန်အစိုးရက RFA နှင့် မိတ်ဖက် သတင်းဌာနများအတွက်နှစ်စဉ်ပေးအပ်နေသည့် […]

စစ်ကောင်စီတပ်ပစ်ခတ်၍ ဒဏ်ရာရသွားသည့် မြိတ်ဒေသခံတစ်ဦး သေဆုံး

Dawei Watch

March 16, 2025

တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် အသက် ၄၄ နှစ်အရွယ် မြိတ်ဒေသခံအမျိုးသားတစ်ဦး ၄ ရက်အကြာတွင် သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဆိတ်အရောင်းအဝယ်လုပ်ကိုင်သည့် အဆိုပါအမျိုးသားနှင့် သားဖြစ်သူတို့မှာ မတ်လ ၁၁ ရက်နေ့ နံနက်က ဆိတ်များသွားယူရန် တနင်္သာရီဘက်သို့ ဆိုင်ကယ်ဖြင့်အသွားတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။ စစ်ကောင်စီတပ်များ ဂိတ်ချစစ်ဆေးတတ်သည့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ ဗျုဟာကုန်းအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံများကပြောသည်။ “ဝယ်ထားတဲ့ဆိတ်ယူဖို့သွားတာ။ ရေဖြူလမ်းဆုံမှာ အပစ်ခံလိုက်ရတာ။ သေနတ်ပစ်တာကတော့ အချက်ရေတော်တော်များတယ်။ သားဖြစ်သူက အရှေ့ကဆိုတော့ ဘာမှမဖြစ်ဘူး။ ဖခင်ဖြစ်သူက နှစ်ချက်ထိသွားတယ်” ဟု ဗျူဟာကုန်း အနီးအနားနေ ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်သားများ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 15, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၉ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံက လူတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း မြန်မာနိုင်ငံက လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေကို လာမယ့်ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကုသလမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ WFP မှာ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားနေတာကြောင့် အခုလို ရပ်ဆိုင်းရတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေ မြင့်တက်လာပြီး ကူညီခွင့် ပိတ်ပင်မှုတွေကြောင့် စားနပ်ရိက္ခာ လိုအပ်ချက် ပိုမိုများပြားလာချိန်မှာ အခုလို ရပ်ဆိုင်းဖို့ဖြစ်လာတယ်လို့ ဖော်ပြပါတယ်။ ရန်ပုံငွေ မရရင် ထိခိုက်လွယ်မှုအမြင့်ဆုံးဖြစ်တဲ့ အသက် ၅နှစ်အောက် […]