ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်တောက်

Dawei Watch

March 15, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာသားတစ်ဦး နေအိမ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြုံးဆန်းအောင် (ခေါ်) ကိုပြုံးပြုံးသည် နေအိမ်ခြံဝင်း အတွင်းရှိ ဒူးရင်းပင်အောက် ဒူးရင်းသီးသွားကောက်စဉ် မိုင်းနင်းမိကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အိမ်ခြံဝန်းထဲမှာပဲဖြစ်တာ။ ဒူးရင်းသီးမှည့်နေတယ်ဆိုတော့ ဒူးရင်းသီးသွားကောက်တယ်တဲ့။ အဲ့ဒီမှာ မိုင်းနင်းမိတာ။ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ အခုထားဝယ်ဆေးရုံကြီးကို ပို့ထားတယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နှစ်ကုန်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းနောက် ဆင်ထိုးကြီးရွာထဲတွင် KNLA […]

မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို အမေရိကန်ဗီဇာ ကန့်သတ်ဖွယ်ရှိ

Dawei Watch

March 15, 2025

မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို အမေရိကန်ဗီဇာ ထုတ်ပေးမှု ကြီးကြီးမားမား ကန့်သတ်သွားဖွယ်ရှိကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ သိရှိသူ သတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော််ပြထားသည်။ ထရမ့်အစိုးရက ဗီဇာကန့်သတ်သွားမည့် အဆိုပါ နိုင်ငံပေါင်း ၄၁ နိုင်ငံကို အုပ်စု ၃ စု ခွဲပြီး ဖော်ပြထားကြောင်း သိရသည်။ ပထမအုပ်စုတွင် အာဖဂန်နစ္စတန် ၊ အီရန် ၊ ဆီးရီးယား ၊ ကျူးဘားနှင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည်။ ပထမအုပ်စုဝင်နိုင်ငံများကို အမေရိကန်ဗီဇာ ထုတ်ပေးမှု လုံးဝရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအုပ်စုတွင် အဲရစ်ထရီးယား ၊ ဟေတီ ၊ လာအို ၊ မြန်မာနှင့် တောင်ဆူဒန် နိုင်ငံတို့ ပါဝင်ပြီး […]

ဘန်ကောက်တွင် ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်း ပြိုကျ၊ မြန်မာအပါအဝင် ၅ ဦးသေဆုံး

Dawei Watch

March 15, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လက်စ ဖလန်စောင်အဝေးပြေးလမ်းမကြီး ယနေနံနက်ပိုင်းတွင် ပြိုကျမှုဖြစ်သဖြင့် မြန်မာအပါအဝင် ဆောက်လုပ်ရေးအလုပ်သမား ၅ ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ နံနက် ၂ နာရီအချိန်ခန့် လုပ်ငန်းခွင်ထဲ အလုပ်သမားအနည်းဆုံး ၃၆ ဦးခန့် ကွန်ကရစ်လောင်းနေသည့် အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမြန်မာနှစ်ဦးမှာ ကိုဇင်ကိုအောင်နှင့် ကိုနိုင်လင်းအောင်များဖြစ်ကြောင်း သိရသည်။ ပြိုကျမှုကြောင့် အလုပ်သမား ၂၉ ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ထားပြီး အပျက်အစီးများအောက် ၂ ဦးပျောက်ဆုံးနေဆဲဖြစ်၍ ရှာဖွေနေကြာင်း သတင်းများအရ သိရသည်။ လက်ရှိတွင် အပျက်အစီးများအောက်က သေဆုံးသူများ၏ အလောင်းအားလုံးကို ပြန်သယ်ထုတ်နိုင်ပြီဖြစ်ကြောင်း၊ အဝေးပြေးလမ်း […]

သက်ငယ်မုဒိမ်းဖြင့် စွပ်စွဲခံရသူ တစ်ဦးကို သရက်ချောင်း ပအဖ ဖမ်းဆီးစစ်ဆေးနေ

Dawei Watch

March 15, 2025

အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုဖြင့် စွပ်စွဲခံရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံမှသိရသည်။ သရက်ချောင်းမြို့နယ် ရငဲကျေးရွာရှိ အသက် ၁၁ နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု တိုင်ကြားထားသဖြင့် ယင်းကဲ့သို့ ဖမ်းဆီးစစ်ဆေးနေခြင်းဟု ၎င်းတို့ကဆို‌သည်။ မိန်းကလေးငယ်မိသားစုနှင့် ဆွေမျိုးနီးစပ်တော်ပြီး နေအိမ်မကြာခဏဝင်ထွက် နေလေ့ ရှိသည့် အဆိုပါအမျိုးသားသည် မတ်လ ၆ ရက် ည ၉ နာရီကျော်အချိန်တွင် အပေါ့သွားရန် အိမ်အောက်သို့ ဆင်းလာသည့် မိန်းကလေးကို ပါးစပ်ပိတ်ပြီး လယ်ကွင်းထဲခေါ်သွားကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် ဒေသခံတစ်ဦးက ပြောသည်။ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက သံသယရှိသဖြင့် သမီးဖြစ်သူကို ချက်ချင်းလိုက်လံရှာဖွေရာ သမီးဖြစ်သူကို လယ်ကွင်းထဲ‌တွင်တွေ့ရှိခဲ့ကြောင်း ဆိုသည်။ “သူ့အမေက ချက်ချင်းသတိရပြီး က‌လေးနာမည်ကိုအော်ခေါ်ပြီးလိုက်ရှာတော့ […]

KNLA ဂိတ်တွင် မိသားစုဝင် ၃ ဦး ပစ်ခတ်ခံရမှု တပ်စုမှူးနှင့် ၇ ဦးကို အရေးယူမည်ဟုဆို

Dawei Watch

March 15, 2025

ပလောက်မြို့ပေါ်ကို အရေးပေါ်ဆေးရုံသွားပြသည့် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရပြီး ရက်သားကလေးနှင့် ဖခင်သေဆုံးမှုတွင် တာဝန်ရှိသည့် တပ်စုမှူး မုတ်ဆိတ်(ဖိုးခွား)အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးကို အရေးယူမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။ သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာမှ ပလောက်မြို့ပေါ်ဆေးရုံကို အရေးပေါ်ပြသရန် ဖေဖော်ဝါရီလ ၂၃ ရက်ည ၇ နာရီကျော်တွင် ဆိုင်ကယ်ဖြင့်လာသည့် (ကရင်တိုင်းရင်းသား) ရက်သားကလေးနှင့် မိဘတို့နှစ်ဦးကို ဆင်ထိုးကြီးရွာ KNLA စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “သူတို့က ပိတောက်ကြီးကနေ ပလောက်ကို အရေးပေါ်ဆေးရုံတက်ပြတယ်၊ ဂိတ်ရောက်တော့ ရပ်မပေးပဲ တခါတည်းမောင်းသွားတော့ ရပ်ရပ်ဆိုပြောတဲ့အချိန်မှာ ဆိုင်ကယ်က အရှိန်နည်းနည်းလွန်သွားတယ်ထင်တယ်။ အဲ့မှာဆိုင်ကယ်ဒေါက်ထောက်တာနဲ့ သူ့လင်ကို ထိုးပစ်တာ ပထမခြေထောက်မှာထိတယ်၊ နောက်တော့ ရင်ဘတ်ကိုပစ်တယ် အဲ့မှာသူ့လင်သေသွားတယ်၊ ကလေးက […]

မြန်မာတွင် လူတစ်သန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မှု WFP ရပ်ဆိုင်း

Dawei Watch

March 14, 2025

မြန်မာနိုင်ငံတွင် လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၄ရက်တွင် ထုတ်ပြန်သည်။ WFP တွင် ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှစတင်ကာ အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာ အကူအညီများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီ လိုအပ်ချက်များ ပိုမိုများပြားလာချိန်တွင် ယခုကဲ့သို့ ရပ်ဆိုင်းမှု ဖြစ်လာရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။ ရန်ပုံငွေအသစ် မရလျှင် ထိခိုက်လွယ်မှု အမြင့်ဆုံးဖြစ်သည့် အသက် ၅နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းများအပါအဝင် လူဦးရေ သုံးသောင်းခွဲခန့်ကိုသာ ထောက်ပံ့နိုင်တော့မည်ဖြစ်ကြောင်းလည်း WFP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ […]

စဉ့်ကူးတွင် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ကလေးများအပါအဝင် ၂၇ဦးသေဆုံးကြောင်း MDY-PDF ပြော

Dawei Watch

March 14, 2025

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ စျေးဆိုင်တန်းများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၂၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယနေ့ မတ်လ ၁၄ ရက် ညနေ မွန်းလွဲ ၃နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးငယ် ခြောက်ဦးအပါအဝင် ၂၇ဦး သေဆုံးကာ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မတ်လ ၄ ရက်တွင်လည်း လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။ စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် သိမ်းယူပြီး ထိန်းချုပ်ထားသည့် မြို့နယ်ဖြစ်သည်။ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

March 14, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြောက်ကိုးရီးယားက ပဲ့ထိန်းဒုံးများ ပစ်ခတ် မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၀ ရက်နေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်တဲ့နေ့မှာပဲ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ မြောက်ကိုရီးယားက ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်တာ ၅ ကြိမ်အထိ ရှိနေပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့အချိန် မြောက်ပိုင်းက မြို့ထဲကို ဗုံးမှားကြဲမိလို့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်နားထားရာကနေ မတ်လ ၁၀ ရက်နေ့မှာ ပြန်စတင်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ရန်စမှုဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ Ref: […]